၁။ မိမိကိုယ်ကို တွန်းအားပေးပါ။ ဘာလို့လဲဆိုတော့ ကိုယ်အတွက် ဘယ်သူမှ လာလုပ်ပေးမှာမဟုတ်လို့ပဲ။

၂။ နောက်မှ လုပ်မယ်ဆိုပြီးချန်မထားပါနဲ့။ နောက်မှဆိုတာ ဘယ်တော့မှ မဖြစ်လာနိူင်တာလဲ ရှိတတ်ပါတယ်။ လုပ်စရာရှိတာကို တစ်ခါတည်းပြီးအောင်လုပ်ပါ။

၃။ အောင်မြင်မူတွေကို comfort zone တွေဆီကနေ မရနိူင်ပါဘူး။

Source: Unfinished Success

၄။ အောင်မြင်မူကို သင့်ကို မရှာဖွေပါဘူး။ သင်ကသာ အောင်မြင်မူကို ရှာဖွေရမှာပါ။

၅။ အလုပ်ပင်ပန်းတဲ့အချိန်မှာ မရပ်လိုက်ပါနဲ့။ အလုပ်ပြီးသွားတဲ့ အချိန်မှသာ ရပ်လိုက်ပါ။

၆။ တစ်ခါတစ်လေ အခတ်အခဲတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ အခတ်အခဲဆိုတာ သင့်ကို ကြံခိုင်လာအောင်လုပ်ပေးတဲ့အရာတွေပါ။

၇။ အခွင့်အရေးကို မစောင့်ပါနဲ့။ အခွင့်အရေးဆိုတာ ရှာဖွေယူရတဲ့ အရာပါ။

Source: Sports Facilities Advisory

၈။ အောင်မြင်မူရဲ့သော့ချက်ဟာ ရည်ရွယ်ချက်အပေါ် အာရုံစိုက်ဖို့ပါပဲ။ အခတ်အခဲတွေ ပြသာနာတွေအပေါ် အာရုံစိုက်ဖို့ မဟုတ်ပါဘူး။

၉။ မနေ့ကအရာတွေကနေသင်ယူပါ။ ဒီနေ့အတွက် ရှင်သန်ပါ။ မနတ်ဖန်အတွက် မျှော်လင့်ပါ။ အရေးကြီးဆုံးကတော့ မေးခွန်းတွေမေးတာကို မရပ်လိုက်ပါနဲ့။

၁၀။ အောင်မြင်တဲ့သူဖြစ်ဖို့ထက် တန်ဖိုးရှိတဲ့သူဖြစ်အောင် ကြိုးစားပါ။

၁၁။ ကျရှုံးမူဆိုတာ အောင်မြင်မူရဖို့အတွက် ခြေတစ်လှမ်းလှမ်းလိုက်တာပါပဲ။

၁၂။ ငရဲ ကိုဖြတ်ရမယ်ဆိုရင်တောင် ဆက်ပြီးလျှောက်နေပါ။ မရပ်လိုက်ပါနဲ့။

Source: Maxmyprofit

၁၃။ မိမိရောက်နေတဲ့နေရာကနေ စပြီးကြိုးစားပါ။ မိမိမှာရှိတာတွေကို အသုံးချပါ။ မိမိလုပ်နိူင်တာကို အကောင်းဆုံးလုပ်ပါ။

၁၄။ မိမိကြောက်ရွံတဲ့ အရာတစ်ခုကို နေ့တိုင်းတစ်နေ့တစ်ခု လုပ်ကြည့်ပါ။ နောက်ဆိုရင် ကြောက်စိတ်တွေကို အနိူင်ယူသွားနိူင်ပါလိမ့်မယ်။

၁၅။ အကောင်းဆုံးဆိုတဲ့အရာတွေအတွက် ကောင်းတာတွေကို လက်လျှော့လိုက်ဖို့ မကြောက်ပါနဲ့။

၁၆။ ဘဝမှာ အောင်မြင်ဖို့အတွက် ရိုးသားမူနဲ့ယုံကြည်မူ ရှိဖို့လိုအပ်ပါတယ်။