စာဖတ်ပရိသတ်တွေအတွက် စိတ်ခွန်အားဖြစ်ဖွယ် စကားစုလေးတွေကိုစုစည်းတင်ပြလိုက်ပါတယ်။

၁။ အောင်မြင်မှုတွေကို comfort zone တွေဆီကနေ မရနိုင်ပါဘူး။

၂။ အလုပ်ပင်ပန်းတဲ့အချိန်မှာ မရပ်လိုက်ပါနဲ့။ အလုပ်ပြီးသွားတဲ့ အချိန်မှသာ ရပ်လိုက်ပါ။

၃။ မိမိရောက်နေတဲ့နေရာကနေ စပြီးကြိုးစားပါ။ မိမိမှာရှိတာတွေကို အသုံးချပါ။ မိမိလုပ်နိုင်တာကို အကောင်းဆုံးလုပ်ပါ။

Businessman walking to key door for new opportunity

Source : Freepik

၄။ အောင်မြင်မှုက သင့်ကို မရှာဖွေပါဘူး။ သင်ကသာ အောင်မြင်မှုကို ရှာဖွေရမှာပါ။

၅။ မနေ့ကအရာတွေကနေသင်ယူပါ။ ဒီနေ့အတွက် ရှင်သန်ပါ။ မနတ်ဖန်အတွက် မျှော်လင့်ပါ။ အရေးကြီးဆုံးကတော့ မေးခွန်းတွေမေးတာကို မရပ်လိုက်ပါနဲ့။

၆။ တစ်ခါတစ်လေ အခက်အခဲတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ အခက်အခဲဆိုတာ သင့်ကို ကြံ့ခိုင်လာအောင်လုပ်ပေးတဲ့အရာတွေပါ။

၇။ ငရဲ ကိုဖြတ်ရမယ်ဆိုရင်တောင် ဆက်ပြီးလျှောက်နေပါ။ မရပ်လိုက်ပါနဲ့။

Queen beating king on chessboard Premium

Source : Freepik

၈။ မိမိကြောက်ရွံတဲ့ အရာတစ်ခုကို နေ့တိုင်းတစ်နေ့တစ်ခု လုပ်ကြည့်ပါ။ နောက်ဆိုရင် ကြောက်စိတ်တွေကို အနိုင်ယူသွားနိုင်ပါလိမ့်မယ်။

၉။ နောက်မှ လုပ်မယ်ဆိုပြီးချန်မထားပါနဲ့။ နောက်မှဆိုတာ ဘယ်တော့မှ မဖြစ်လာနိုင်တာလဲ ရှိတတ်ပါတယ်။ လုပ်စရာရှိတာကို တစ်ခါတည်းပြီးအောင်လုပ်ပါ။

၁၀။ ဘဝမှာ အောင်မြင်ဖို့အတွက် ရိုးသားမှုနဲ့ယုံကြည်မှု ရှိဖို့လိုအပ်ပါတယ်။

၁၁။ အကောင်းဆုံးဆိုတဲ့အရာတွေအတွက် ကောင်းတာတွေကို လက်လျှော့လိုက်ဖို့ မကြောက်ပါနဲ့။

၁၂။ အခွင့်အရေးကို မစောင့်ပါနဲ့။ အခွင့်အရေးဆိုတာ ရှာဖွေယူရတဲ့ အရာပါ။

Inspirational quote on woman walk on stair background with vintage filter

Source : Freepik

၁၃။ မိမိကိုယ်ကို တွန်းအားပေးပါ။ ဘာလို့လဲဆိုတော့ ကိုယ်အတွက် ဘယ်သူမှ လာလုပ်ပေးမှာမဟုတ်လို့ပဲ။

၁၄။ အောင်မြင်မှုရဲ့သော့ချက်ဟာ ရည်ရွယ်ချက်အပေါ် အာရုံစိုက်ဖို့ပါပဲ။ အခက်အခဲတွေ ပြဿနာတွေအပေါ် အာရုံစိုက်ဖို့ မဟုတ်ပါဘူး။

၁၅။ ကျရှုံးမှုဆိုတာ အောင်မြင်မှုရဖို့အတွက် ခြေတစ်လှမ်းလှမ်းလိုက်တာပါပဲ။

၁၆။ အောင်မြင်တဲ့သူဖြစ်ဖို့ထက် တန်ဖိုးရှိတဲ့သူဖြစ်အောင် ကြိုးစားပါ။