အောင်မြင်ချင်သော လူသားများအတွက် အတားအဆီးမျိုးစုံကို တစ်ခုပြီးတစ်ခု ကျော်လွှားနေရပါတယ်။ ဒီလိုကျော်လွှားနိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အား ပြင်းထန်ဖို့လိုပါတယ်။ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနိုင်မယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။

ရိုးရိုးရှင်းရှင်းဖြင့် စတင်ပါ

successful lifestyle for men

သင့်ရည်မှန်းချက်က မည်မျှပင်ကြီးမားစေကာမူ သင့်ရဲ့ပထမဦးဆုံးခြေလှမ်းကိုတော့ ရိုးရှင်းမှုနဲ့သာ အစပြုလိုက်ပါ။ တဆင့်ချင်းစီ ဖြည်းဖြည်းချင်းလုပ်ဆောင်လိုက်ပါက သင့်ရဲ့စိတ်လည်း သက်သောင့်သက်သာရှိပြီး မိမိလုပ်ရတဲ့အလုပ်အပေါ် ပျော်ရွှင်လာပါလိမ့်မယ်။

Plan ချပါ

successful lifestyle for men

သင့်အိမ်ကို ပြန်လည်ပြင်ဆင်ဆောက်လုပ်ပါက Plan အရင်ချပြီးမှ လုပ်စရာရှိတာများကို ဆက်လုပ်ရတာဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ သင့် ရည်မှန်းချက်များပြည့်ဝပြီး စိတ်ဓာတ်ခွန်အားမြှင့်တက်နေဖို့အတွက်ဆိုရင်လည်း မိမိရဲ့Plan နဲ့ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ Plan မရှိပါက သင့်အစီအစဉ်များက အောင်မြင်မှာမဟုတ်ပါဘူး။

ကျရှုံးမှုကို ခေါင်းထဲထည့်ပြီး စိတ်ညစ်မနေပါနဲ့

successful lifestyle for men

အောင်မြင်မှုပန်းတိုင်ဆီ လျှောက်လှမ်းနေချိန်မှာ ကျရှုံးမှုနဲ့လည်း ရင်းနှီးကျွမ်းဝင်ဖို့ လိုအပ်ပါတယ်။ ၁၉ ကြိမ်မြောက် ကျရှုံးခဲ့ရင်လည်း အကြိမ် ၂၀ မြောက်မှာ ပြန်လည်ကြိုးစားလိုက်ပါ။ ကျရှုံးခြင်းက သင့်အတွက်အကောင်းဆုံးအတွေ့အကြုံပဲဖြစ်ပါတယ်။ ထိုအတွေ့အကြုံကနေ သင်ယူလိုက်ပါ။

မိမိကိုယ်ကို အရမ်းကြီး မတင်းကြပ်လိုက်ပါနဲ့

successful lifestyle for men

ပြောင်းလဲခြင်းက ခက်ခဲလှပါတယ်။ အသစ်တစ်ကြိမ် ထပ်မံကြိုးစားတဲ့အခါ ကိုယ့်ကိုယ်ကို အရမ်းဖိအားမပေးမိပါစေနဲ့။ ညသန်းခေါင်အထိ အလုပ်မလုပ်နိုင်တော့ဘဲ အိပ်ချင်နေပြီလား။ စိတ်ချလက်ချအိပ်လိုက်ပါ။ မနက်စောစောထပြီး စိတ်ရွှင်လန်းတက်ကြွစွာနဲ့ နေ့ရက်အသစ်တစ်ရက်ကို ပြန်လည်အစပြုလိုက်ပါ။

အစိတ်အပိုင်းများ ခွဲထားပါ

successful lifestyle for men

သင့်ရည်မှန်းချက် (သို့) သင် ရင်ဆိုင်ရမယ့်အရာက ကြီးမားလေ သင့်ရဲ့စိတ်ကလည်း ပိုပင်ပန်းလေပါပဲ။ ရက်အတန်ကြာတဲ့အခါ စိတ်ပင်ပန်းပြီး နွမ်းလျလာပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ကိုယ်လုပ်ရမယ့်အရာကို မပျော်ရွှင်တော့ဘဲ အချိန်ဆွဲတတ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကြီးမားသော ရည်မှန်းချက် (သို့) ကိုယ် တာဝန်ယူထားသော ပရောဂျက်ကို အစိတ်အပိုင်းသေးသေးလေးများ ပိုင်းခြားထားလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့စိတ်လည်း ပိုမိုတက်ကြွလာပြီး သင့်ရည်မှန်းချက်များ ပြည့်ဝလာပါလိမ့်မယ်။

Source: Eatthis.com