Motorola ကနေ ပြီးခဲ့တဲ့ ဧပြီလထဲက Edge 40 Pro ဖုန်းကို မိတ်ဆက်ခဲ့ပြီး တစ်လအကြာမှာ Edge 40 စမတ်ဖုန်းကို ဆက်လက် မိတ်ဆက်ခဲ့ပါတယ်။ ယခုထပ်မံပြီး Edge 40 စီးရီးရဲ့နောက်ဆက်တွဲ မျိုးဆက်သစ် Motorola Edge 40 Neo စမတ်ဖုန်းအသစ်ကို ကုမ္ပဏီဘက်က မိတ်ဆက်လိုက်ပြန်ပါပြီ။

Motorola Edge 40 Neo

Photo : GSMArena.com

Motorola Edge 40 Neo ဖုန်းကို Dimensity 7030 SoC မောင်းနှင်ထားပြီး 12GB LPDDR4X RAM ထည့်သွင်းပေးထားပါတယ်။ Storage အနေနဲ့တော့ 256GB ပါဝင်ပြီး Moto Connect နဲ့ Ready For တို့ကို ထောက်ပံ့ပေးထားတဲ့ Android 13 ကို အသုံးပြုထားပါတယ်။

အဆိုပါ စမတ်ဖုန်းကို ၆.၅၅ လက်မ FullHD+ 10-bit pOLED မှန်ခုံးမျက်နှာပြင် တပ်ဆင်ပေးထားပြီး 144Hz refresh rate နဲ့ 360Hz touch sampling rate တို့ ထောက်ပံ့ပေးထားပါတယ်။ ၎င်းမှာ DCI-P3 Coverage နဲ့ 1,300 Nits Peak Brightness ပါရှိပါတယ်။ မျက်နှာပြင်မှာ HDR10+ ထောက်ခံချက်ရရှိထားပြီး In-Display လက်ဗွေဖတ်စက်နဲ့ 32MP ဆယ်လ်ဖီကင်မရာအတွက် မျက်နှာပြင် အလယ်ဗဟိုတည့်တည့်မှာ Punch Hole တစ်ခုပါရှိပါတယ်။

Motorola Edge 40 Neo

Photo : GSMArena.com

ကျောဘက်မှာတော့ Flash မီး ၁ လုံးနဲ့ ကင်မရာ ၂ လုံးပါတဲ့ Camera Island တစ်ခုပါရှိပြီး OIS ပါတဲ့ 50MP Main ကင်မရာနဲ့ 120° FOV ပါတဲ့ 13MP ultrawide ကင်မရာ ၂ လုံးတွဲဖက်တပ်ဆင်ထားပါတယ်။ Macro Shots တွေရိုက်ကူးဖို့အတွက် Autofocus စနစ်လည်းပါပါတယ်။ Motorola Edge 40 Neo ဖုန်းကို PANTONE Black Beauty ၊ PANTONE Soothing Sea နဲ့ PANTONE Caneel Bay ဆိုပြီး အရောင် ၃ မျိုးနဲ့ ထုတ်ထားပြီး Black ဗားရှင်းမှာ ကျောဘက်ဘောင်ကို Acrylic သား အသုံးပြုထားပါတယ်။ ကျန်မော်ဒယ် ၂ ခုရဲ့ ကျောဘက်ကိုတော့ Vegan သားရေသားနဲ့ ပြုလုပ်ထားတဲ့အတွက် Black ဗားရှင်းထက် အနည်းငယ် ပိုဝိတ်စီးတာကို ခံစားရမှာပါ။

Motorola Edge 40 Neo ရဲ့နောက်ထပ် ကျန်ရှိနေသေးတဲ့ Features တွေအနေနဲ့ IP68 rating ၊ 5G ချိတ်ဆက်မှုနဲ့ NFC တို့ပါဝင်ပါတယ်။ ဒါ့အပြင် Stereo Speakers တွေနဲ့ Dolby Atmos တို့ ပါဝင်ပြီး 68W Charging စနစ်နဲ့ အားသွင်းနိုင်မယ့် 5,000 mAh ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။

Motorola ကုမ္ပဏီရဲ့ ပြောစကားအရတော့ 5,000 mAh ဘက်ထရီကို 68W Power Adapter နဲ့ အားသွင်းမယ်ဆိုရင် အား 50 ရာခိုင်နှုန်းရဖို့ ၁၅ မိနစ်သာ ကြာမယ်လို့ ဆိုပါတယ်။ Motorola အနေနဲ့ ” made to last and love ” ဆောင်ပုဒ်နဲ့အညီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ဖို့အတွက် စမတ်ဖုန်းကို ၁၀၀ ရာခိုင်နှုန်း ပလတ်စတစ်မပါတဲ့ ထုတ်ပိုးမှုပုံစံနဲ့ ရောင်းချမှာဖြစ်ပြီး ပဲပိစပ်နဲ့ ၆၀ ရာခိုင်နှုန်း ပြန်လည်အသုံးပြုနိုင်တဲ့ Recycled Materials တွေကို အသုံးပြုထားတယ်လို့ ပြောပါတယ်။

Motorola Edge 40 Neo

Photo : GSMArena.com

Lenovo အောက်က ကုမ္ပဏီခွဲဖြစ်တဲ့ Motorola ဟာ Edge 40 Neo ဖုန်းရဲ့ ကာဗာအတွက် agood ကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ထားပြီး ဖုန်းရဲ့အရောင်နဲ့ လိုက်ဖက်မှုရှိတဲ့ case တွေကို ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။

Motorola Edge 40 Neo စမတ်ဖုန်းရဲ့ ဈေးနှုန်းကတော့ ယူရို ၃၉၉ ဝန်းကျင် ကျသင့်မှာဖြစ်ပြီး ဒီနေ့မှစတင်ကာ ဥရောပ ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com