မန်ယူနည်းပြဟောင်း ဖာဂူဆန်ဟာ မော်ရင်ဟို မန်ယူအသင်းကို နည်းပြစဉ်ကာလအတွင်းမှာ ကစားသမားတစ်ဦးကို ခေါ်ယူဖို့ အကြံပေးခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်တွင် ရှိနေခဲ့စဉ် (၂) နှစ်ကျော်ကာလအတွင်းမှာ ဖာဂူဆန် ပေးခဲ့တဲ့တစ်ခုတည်းသော အကြံဉာဏ်ကို မော်ရင်ဟိုက ထုတ်ဖော်ပြောပြလာခဲ့ပါတယ်။

Source: Goal.com

ချဲလ်ဆီးအသင်းကို နည်းပြဖူးတဲ့ မော်ရင်ဟိုဟာ မန်ယူအသင်းကို (၂၀၁၆) ခုနှစ်တွင် စတင်ကိုင်တွယ်နည်းပြခဲ့ပြီး (၂၀၁၈) ခုနှစ် ဒီဇင်ဘာလတွင် အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ သူနည်းပြနေစဉ်မှာ မန်ယူအသင်းအတွက် ဆုဖလား (၃) လုံးရယူပေးနိူင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မော်ရင်ဟိုဟာ စပါးအသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။

“ကျွန်တော် မန်ယူအသင်းမှာ ရှိနေခဲ့တဲ့ (၂) နှစ်ကျော်ဆိုတဲ့ ကာလအတွင်းမှာ မော်ရင်ဟိုက အကြံဉာဏ်တစ်ခုသာပေးခဲ့ဖူးတယ်။ အဲ့ဒါက စပါးကွင်းလယ်လူ အဲလ်လီ ကိုခေါ်ယူဖို့ပါပဲ။” ဟု ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Source: AS English – Diario AS

ဒါပေမယ့် မော်ရင်ဟိုအနေနဲ့ အဲလ်လီ ကိုခေါ်ယူခဲ့ခြင်းမရှိခဲ့ပါဘူး။ မော်ရင်ဟိုဟာ မန်ယူအသင်းကို နည်းပြစဉ်ကာလအတွင်းမှာ ပေါ့ဘာ၊ ဆန်းချက်၊ လူကာကူ အပါအဝင် ကစားသမားခေါ်ယူမှုပေါင်း (၁၁) ခုအထိ ပြုလုပ်ခဲ့ပါတယ်။

ဆန်းချက်ကတော့ အင်တာမီလန်အသင်းကို အငှားဖြင့်သွားရောက်ကစားခဲ့ပြီး နောက်ပိုင်းမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အပြီးတိုင် ပြောင်းရွှေ့သွားခဲ့တာကြောင့် ဆုံးရှုံးနစ်နာမှု များခဲ့ပါတယ်။

Source: Opera News

မော်ရင်ဟိုဟာ စပါးအသင်းမှာနည်းပြနေပြီး ဖာဂူဆန်က ခေါ်ယူဖို့ အကြံပေးခဲ့ဖူးတဲ့ အဲလ်လီကို ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာအောင် ကူညီပေးနေပါတယ်။ အသက် (၂၄) နှစ်အရွယ် အဲလ်လီဟာ လည်း မော်ရင်ဟိုရောက်ရှိလာပြီးနောက်ပိုင်း ကွင်းလယ်တိုက်စစ်ပိုင်းကို ပိုပြီးကစားခွင့်ရတာကြောင့် ပျော်ရွှင်နေတယ်လို့ သိရပါတယ်။

အဲလ်လီဟာ (၂၀၁၉-၂၀၂၀) ပရီးမီးယားလိဂ်ရာသီတွင် စပါးအသင်းအတွက် (၂၅) ပွဲပါဝင်စားပေးထားကာ (၈) ဂိုးသွင်းယူပေးခဲ့ပြီး (၄) ကြိမ်ဂိုးရရှိအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။