မော်ရင်ညိုက နည်းပြဘဝသက်တမ်း တစ်လျှောက် ရှုံးပွဲကြောင်း ငိုခဲ့ရတဲ့ အကြောင်းကို ပြောပြလာတာပါ။ အဲ့ဒီပွဲကတော့ သူ ရီးရဲလ်အသင်းကို နည်းပြနေစဉ်ကာလာအတွင်း ၂၀၁၂ ခုနှစ် ဘေယန်မြူးနစ်ကိုရှုံးခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ပါ။

ဘေယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ပွဲချိန်မိနစ် ၉၀ အထိ နှစ်ကျော့ပေါင်း သရေဖြစ်နေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီ ကန်သွင်းရာမှာ ရီးရဲလ်ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ ကာကာ နဲ့ ရာမို့စ်တို့သုံးယောက် စလုံး လွဲချော်ခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ ဘေးယန်ကအနိူင်ရရှိခဲ့ပြီး ဖိုင်နယ်ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ဘေယန်ဟာ ချဲလ်ဆီးကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Source: All Football

“ကံမကောင်းစွာနဲ့ပဲ ဒါက ဘောလုံးပွဲဖြစ်နေတာပဲ။ ရော်နယ်ဒို၊ ကာကာ နဲ့ ရာမို့စ် တို့ဆိုတာက ဘောလုံးလောကမှာ ဆရာကြီးတွေပဲ။ ဒါပေမယ့် သူတို့လည်း လူတွေပဲလေ။ အဲ့ဒီညက ဘောလုံးရှုံးပွဲကြောင့် ကျွန်တော် အိမ်ကိုရောက်တဲ့အချိန်မှာ ကားပေါ်မှာ ငိုခဲ့တယ်။ နည်းပြသက်တမ်းတစ်လျှောက်မှာ ရှုံပွဲကြောင့် ငိုခဲ့တဲ့ ပထမဆုံးအကြိမ်နဲ့ တစ်ကြိမ်တည်းသော ငိုခဲ့ခြင်းပဲ။

ရှုံးပွဲကိုလက်ခံဖို့က အရမ်းခတ်ခဲတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ခြေစွမ်းက အရမ်းကို ကောင်းမွန်နေခဲ့တာလေ။” ဟု လက်ရှိစပါးအသင်းမှာ နည်းပြနေတဲ့ မော်ရင်ညိုက Marca သတင်းထောက်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုသွားခဲ့တာပါ။

Source: Football Espana

၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာ ရီးရဲလ်ဟာ လာလီဂါမှာ ရမှတ် ၁၀၀ အထိ ရရှိအောင်စွမ်းဆောင်နိူင်ခဲ့ကာ အမှတ်ပေးဖလားကို ထိုက်ထိုက်တန်တန် ရယူနိူင်ခဲ့ပါတယ်။ ခါသီးပြိုင်ဘက် ဘာစီလိုနာ အသင်းနဲ့လည်း ၉ မှတ် အထိကွာဟနေအောင်လည်း စွမ်းဆောင်နိူင်ခဲ့ပါတယ်။

Source: Fidar News

မော်ရင်ညိုဟာ ရီးရဲလ်အသင်းးကို ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ၁၇၈ ပွဲမှာ ၁၂၈ ပွဲအထိ အနိူင်ရရှိအောင် စွမ်းဆောင်ပေးနိူင်ခဲ့ပါတယ်။ လက်ရှိမှာတော့ စပါးနည်းပြအဖြစ် ဆောင်ရွတ်နေပြီး အသင်းကတော့ ပရီးမီးယားလိဂ် ဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။