လူတော်တော်များများဟာ သူတို့ကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်တွေကို အကြိမ်များစွာ ပြန်ကြည့်တတ် ကြပါတယ်။ တစ်ချို့တစ်လေတွေဆိုရင် (၁၀) ကြိမ်ထက်မက ပြန်ပြန်ပြီးကြည့် တတ်ကြတယ်။ ဒါပေမယ့် သူတို့တွေတောင်မှာ ရုပ်ရှင်ထဲက တစ်ချို့စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေကို သတိမထားမိကြဘူး။ ဒါကြောင့် kwee page က ရုပ်ရှင်ကြည့်ပရိသတ်တွေသတိမထားမိတဲ့ နာမည်ကျော်ရုပ်ရှင်တွေထဲက စိတ်ဝင်စားစရာ အဖြစ်အပျက်လေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

Galadriel ရဲ့ မျက်လုံးများ (The Lord of the Rings, 2001)

Galadriel ဟာ Valinor ရဲ့သစ်ပင်နှစ်ပင်ကို မြင်ဖူးတဲ့ အလယ်ကမ္ဘာရဲ့ တစ်ဦးတည်းကျန်ရစ်သော elf ဖြစ်ပါတယ်။ ဒါကြောင့်သူ့ရဲ့ မျက်လုံးမှာ ကြယ်ရဲ့အလင်း ရောင်ပြန်ဟက်နေခြင်းဖြစ်ပါတယ်။ ရုပ်ရှင်လုပ်သားတွေဟာ မျက်လုံးမှာ ဒီလိုအလင်းရောင်ပြန်ဟက်နေစေဖို့အတွက် အထူးပြုလုပ်ထားတဲ့ အလင်းတွေ အသုံးပြုခဲ့ရပါတယ်။

The perfect kiss (Thor: The Dark World, 2013)

The Dark World ရဲ့နောက်ဆုံးခန်းမှာ Thor ကို Jane ကိုစိတ်ပါလက်ပါနမ်းတဲ့ အခန်းကို မှတ်မိကြအုန်းမယ်ထင်ပါတယ်။ ဒါပေမယ့် Thor နမ်းနေတဲ့သူဟာ ဇာတ်ကားတစ်ကားလုံး သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Natalie Portman မဟုတ်ပါဘူး။ Natalie Portman ဟာ တခြားရုပ်ရှင်တွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ပြန်ရိုက်ရတဲ့အခန်းတွေအတွက် အချိန်မပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် Chris Hemsworth ရဲ့မိန်းမဖြစ်သူ Elsa Pataky ကအစားထိုးဝင်ရောက်ရိုက်ကူးခဲ့တာပါ။ ဒါကြောင့် Chris ကစိတ်ပါလက်ပါ နမ်းနေတာလည်းဖြစ်ပါတယ်။

Tom Cruise (Young Guns, 1988)

Source: Reddit

Young Guns ရုပ်ရှင်မှာ Tom Cruise ဝင်ရောက်သရုပ်ဆောင်ခဲ့ပါတယ်။ သတိထားမိဖို့တော့ခက်ပေမယ့် သေသေချာချာကြည့်ရင်တော့ မြင်နိုင်ပါတယ်။ သူရဲ့ ကာရိုက်တာဟာ အပစ်အခတ်အခန်းမှာ အသတ်ခံခဲ့ရပါတယ်။ Tom Cruise ဟာ Young Guns ရုပ်ရှင်ရိုက်ကွင်းထဲ မထင်မှတ်ပဲ ရောက်ရှိသွားတာကြောင့် အခုလိုဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ပြီးတော့သူဟာ ဒီလို western movie တွေမှာ တခါမှသရုပ်မဆောင်ဘူးတာကြောင့်လည်း ပါဝင်ဖြစ်သွားတာပါ။

The silent scene (The Great Gatsby, 2013)

The Great Gatsby ဇာတ်ကားထဲတွင် Gatsby နဲ့ Daisy Buchanan တွေ့ဆုံတဲ့အချိန်မှာ စက္ကန့် (၃၀) ခန့်တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောဘဲ ငြိမ်သက်နေကြတဲ့ အခန်းကိုမှတ်မိကြမယ်ထင်ပါတယ်။ ဒီအခန်းကို ရုပ်ရှင်အချိန်ကို တမင်တကာ ဖြုန်းတီးနေတယ်လို့ ထင်ရသယောက်ရှိပါတယ်။ ဒါပေမယ့် ဒါရိုက်တာဖြစ်သူက “မိနစ်ဝက်ခန့် ဘာအသံမှမရှိခဲ့ဘူး” ဆိုတဲ့ ဝတ္ထုထဲမှာ ပါတဲ့အတိုင်း ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။

A time of catastrophe (Titanic, 1997)

Titanic ဇာတ်ကားအဆုံးမှာ Rose ဟာ သင်္ဘောပေါ်မှာသူဆုံတွေ့ခဲ့တဲ့ လူတွေအကုန်လုံးကို မှတ်မိနေခဲ့တယ်။ Jack အကြောင်းပြောပြနေတဲ့အချိန်မှာ သူ့နောက်က နာရီဟာ ၂ နာရီနဲ့ ၂၀ မိနစ် ပြနေပါတယ်။ ဒါဟာ Titanic သင်္ဘောနစ်မြုပ်ခဲ့တဲ့ အချိန်ပါပဲ။

Pan-African flag (Black Panther, 2008)

Black Panther ဇာက်ကားထဲက casino အခန်းကို မှတ်မိကြမယ်ထင်ပါတယ်။ သူတို့ သုံးယောက်ဝတ်ထားတဲ့ အဝတ်အစားအရောင်ဟာ အာဖရိက လူမျိုးတွေရဲ့အလံအရောင်အတိုင်း ဖန်တီးထားခြင်းဖြစ်ပါတယ်။

Source: Bright Side