ဒါရိုက်တာ တော်တော်များများကတော့ သူတို့ရဲ့ရုပ်ရှင်ဇာတ်ကားတွေကို အကောင်းဆုံးဖြစ်အောင် ရိုက်ကူးကြတာပါပဲ။ ဒါပေမဲ့ တချို့နေရာလေးတွေမှာ မထင်မှတ်ပဲ အမှားလေးတွေပါသွားတတ်တာ တစ်ခါတစ်လေကျတော့လည်း ပရိသတ်တွေ မသိလောက်ပါဘူးလေဆိုပြီး လျစ်လျူရှု တာတွေလည်းရှိကြပါတယ်။

ဒီနေ့ kwee page ကနေ ရုပ်ရှင်ကြည့်ပရိသတ်တွေ လုံးဝသတိမထားမိတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေထဲက အဖြစ်အပျက်တချို့ကို ဖော်ပြပေးသွားမှာပါ။

Zootopia (2016)

နာမည်ကြီး ကာတွန်းဇာတ်ကားတကားဖြစ်တဲ့ Zootopia မှာ မြေပုံတစ်ခုကို ပရိသတ်တွေသတိထားမိပါလိမ့်မယ်။ အဲ့ဒီမြေပုံပေါ်မှာ ဝမ်းနည်းနေတဲ့ မြေခွေးတစ်ကောင် ပန်းခြံမှာ ထိုင်ရင်း အသားညပ်ပေါင်မုန့် စားနေတဲ့ ဓာတ်ပုံတစ်ပုံ ချိတ်ဆွဲ ထားပါတယ်။ ဒီဓာတ်ပုံက နာမည်ကျော်မင်းသားကြီး Keanu Reeves ကိုပုံတူကူးထားတာပါ။

Jaws (1975) and Deep Blue Sea (1999)

၁၉၇၅ ခုနှစ် Jaws ရုပ်ရှင်ဇာတ်ကားထဲက ကားနံပက်ပြား နဲ့ ၁၉၉၉ ခုနှစ်ရိုက်ကူးခဲ့တဲ့ Deep Blue Sea ကားနံပက်ပြားက တူနေပါတယ်။

The Pursuit of Happiness (2006)

ဒီဇာတ်ကားဟာ Christopher Gardner လို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ရုပ်ရှင်ရဲ့ နောက်ဆုံးခန်းမှာ Christopher ဟာ Will Smith နားကနေ ဖြတ်လျှောက်ခန်းမှာ ပါခဲ့ပါတယ်။

The Matrix (1999)

The Matrix ရုပ်ရှင်ဇာတ်ကားထဲမှာ မထင်မှတ်ပဲ အလွဲလေးတစ်ခုပါဝင်သွားခဲ့ပါတယ်။ ပုံထဲမှာ သေချာကြည့်လိုက်ပါ။ Neo ဖွင့်မဲ့ တံခါးရဲ့ လက်ကိုင်ဘု မှာ ကင်မရာသမားကို တွေ့ရပါလိမ့်မယ်။

Gladiator (2000)

Gladiator ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ ဂျင်းဘောင်းဘီဝတ်ထားတဲ့ လူတစ်ယောက်ကို တွေ့မြင်နိူင်ပါတယ်။ ဒီလူက ရိုက်ကွင်းကနေ ဖြတ်လျှောက်မိသွားတာပါ။ သူသိသိချင်းမှာပဲ နောက်ကိုပြန်ဆုတ်ပေမဲ့ မမီတော့ဘဲ ရုပ်ရှင်ထဲမှာပါသွားပါတယ်။ ဇာတ်ကားတည်ဖြတ်တဲ့သူတွေက ဒီလူကို မမြင်မိလိုက်ကြဘူးထင်ပါတယ်။

Up! (2009)

Up! ကာတွန်းကားထဲမှာ Carl ပိုင်တဲ့ ပစ္စည်းတွေအကုန် စတုဂံဖြစ်ပြီး Ellie ပိုင်တဲ့ပစ္စည်းတွေအကုန် အဝိုင်းပုံစံတွေရှိပါတယ်။

Source: Bright Side