ငယ်ငယ်က ကြည့်ခဲ့ရတဲ့ အာလာဒင်နဲ့ မီးခွက်စောင့်ဘီလူး ကာတွန်းဇာတ်ကားလေးကို အရူးအမူး ကြိုက်နှစ်သက်ခဲ့တဲ့ ပရိသတ်တွေအတွက်တော့ ယခုတဖန်ပြန်လည်ပြီး Live Action အဖြစ်အသက်သွင်းထားတဲ့ Aladdin (2019) ဇာတ်ကားဟာ လုံးဝလက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်ဝန်းကျင်က ကာတွန်းဇာတ်ကားအဖြစ်ထွက်ရှိခဲ့ပြီး ကာတွန်းစာအုပ်ပေါင်းများစွာအဖြစ်လည်း ထုတ်ဝေခဲ့ဖူးကာ ကမ္ဘာတစ်ဝှမ်း အောင်မြင်မှုများစွာရရှိထားတဲ့ အိပ်ယာဝင်ပုံပြင်လေးတစ်ပုဒ်လည်းဖြစ်ပါတယ်။

Aladdin (2019) ဇာတ်လမ်းကျောရိုးဟာလည်း ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ကာတွန်းကားရဲ့ ဇာတ်လမ်းလေးအတိုင်း ဘာမှကြီးကြီးမားမားပြောင်းလဲထားတာမျိုးမရှိဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှု့နိုင်မယ့် ပျော်ရွှင်စရာဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

Source : spicypulp.com

Disney ရဲ့ ဇာတ်ကားတစ်ကားဆိုတဲ့အတိုင်း ဇာတ်ကားတစ်ခုလုံးရဲ့ ကုန်ကျစရိုက်ကို ဒေါ်လာသန်း ၂၀၀ နီးပါးအထိ အကုန်ကျခံရိုက်ကူးထားပြီး Agrabah မြို့တော်ကြီးရဲ့ အရောင်အသွေးစုံလင်လှတဲ့ ဘသာဝကျကျမြင်ကွင်းတွေ ၊ ခမ်းနားလှတဲ့နန်းတော်ကြီးရဲ့ အပြင်အဆင်တွေနဲ့ ဇာတ်ကားနောက်ခံ Setting က တော်တော်လေးကို မိုက်တယ်လို့ ဆိုရပါတယ်။

အသံပိုင်းဆိုင်ရာဖန်တီးမှုတွေ၊ ဇာတ်ဝင်တေးသီချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကခုန်ကြတဲ့ ဇာတ်ဝင်ခန်းလေးတွေဟာဆိုရင်လည်း ရုပ်ရှင်ကြည့်ရှု့နေသူပရိသတ်တွေပါ ထကချင်မိလောက်တဲ့အထိ စွဲဆောင်ထားနိုင်တာဖြစ်ပါတယ်။ Aladdin (2019) ဇာတ်ကားထဲမှာတော့ ပရိသတ်အချစ်တော် ဟောလိဝုဒ်မင်းသားချော Will Smith ကိုလည်း Genie အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး ကလေးဘဝက ကြည့်ခဲ့ဖူးတဲ့ အာလာဒင်ကာတွန်းကားပုံရိပ်လေးတွေကို ပြန်လည်မြင်ယောင်မိစေမှာသေချာပါတယ်။

Source : Metro

ဇာတ်လမ်းအကျဉ်းကတော့ Aladdin လို့အမည်ရတဲ့ သူခိုးလေးတစ်ယောက်ဟာ Agrabah မြို့တော်ကြီးမှာ Abu လို့ခေါ်တဲ့ မျောက်ကလေးတစ်ကောင်နဲ့ အတူတူနေထိုင်ပါတယ်။ တစ်ရက်မှာတော့ ရဲမက်တွေ လိုက်လံဖမ်းဆီးတာကြောင့် တစ်လမ်းဝင်တစ်လမ်းထွက်ပြေးလွှားရင်း မထင်မှတ်ပဲ Agrabah မြို့တော်ရဲ့ လမ်းမအထက်ကို ရုပ်ဖျက်ပြီး ရောက်ရှိနေတဲ့ ချစ်စရာမင်းသမီးချောလေး Jasmine နဲ့ တွေ့ဆုံခဲ့ပါတယ်။

နတ်သမီးလေးတစ်ပါးအလား ထင်မှတ်ရတဲ့ မင်းသမီးလေးနဲ့ Jasmine နဲ့ တွေ့ဆုံချိန်ခဏလေးအတွင်းမှာတင် မြင်မြင်ချင်းရင်ခုန်သွားခဲ့ရပေမယ့် မင်းသမီးလေးနဲ့ သူခိုးတစ်ယောက်တို့ရဲ့ အခြေအနေတွေက မိုးနဲ့မြေလို ကွာခြားနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Sultan ရဲ့ အကြံပေး လူယုံတော် Jafar ဟာ ဘုရင့်အာဏာနဲ့ မင်းစည်းစိမ်ကို လိုချင်တပ်မက်နေတာကြောင့် Aladdin ကို တစ်ဖက်လှည့်နဲ့ မှော်စွမ်းအားတွေများစွာရှိနေတဲ့ မီးခွက်လေးကို ခိုးယူခိုင်းခဲ့ပါတယ်။

Source : hobbydb.com

မှော်မီးခွက်လေးကို ရပြီးချိန်မှာတော့ Aladdinရဲ့ဘဝဟာ အပြောင်းအလဲကြီးပြောင်းလဲသွားပြီး မီးခွက်လေးရဲ့ အရှင်သခင်ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ မီးခွက်ကို စောင့်ရှောက်တဲ့ မီးခွက်စောင့်ဘီလူးရဲ့ မှော်စွမ်းအားအကူညီတွေရယူကာ မင်းသမီးလေး Jasmine နဲ့ နီးစပ်ဖို့ကြိုးစားပါတော့တယ်။

နောက်ဆုံးမှာတော့ ကောက်ကျစ်တဲ့ မိစ္ဆာ Jafar တစ်ယောက် Aladdin လက်ထဲက မီးခွက်ကို လုယူပြီး သူရဲ့ အာဏာသိမ်းမယ့် စီမံချက်တွေအတိုင်းအကောင်အထည်ဖော်သွားနိုင်မှာလား ၊ Aladdin နဲ့ မင်းသမီးလေးကရော ကြည်နူးစရာအချစ်ဇာတ်လမ်းလေးအဖြစ်နဲ့ ပျော်ပျော်ရွှင်ရွှင်ရွှေလက်တွဲသွားနိုင်မှာလားဆိုတဲ့ မေးခွန်းများစွာကို ပရိသတ်တွေကပဲ ရုပ်ရှင်ပိတ်ကားအထက်မှာ ဆက်လက်ကြည့်ရှု့ခံစားလိုက်ပါဦးနော်။

Source: Walt Disney Studios

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Nay Pyi Taw Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class