ရုပ်ရှင်ချစ်ပရိသတ်တွေစောင့်မျှော်နေကြတဲ့ Annabelle Comes Home ဇာတ်ကားကတော့ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ထိတ်လန့်ခြောက်ခြားဖွယ် Horror Movie တွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ယခု၂၀၁၉ ခုနှစ်မှာ ထပ်မံထွက်ရှိ လာတဲ့ Annabelle Comes Home ဇာတ်ကားကတော့
The Conjuring Universe ရဲ့ (၇) ကားမြောက်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ Annabelle ရုပ်ရှင်အနေနဲ့ဆိုရင်တော့ ၂၀၁၄ မှာပထမဆုံးထွက်ခဲ့တဲ့ Annabelle ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ ခုနှစ်မှာ ဒုတိယမြောက်အနေနဲ့ထွက်ရှိလာတဲ့ Annabelle : Creation ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်မှာထပ်မံထွက်ရှိလာတဲ့ တတိယမြောက်ဇာတ်ကားပဲဖြစ်ပါတယ်။

Source : wehaveahulk.co.uk

ထူးထူးခြားခြားအနေနဲ့ ဒီဇာတ်ကားမှာ Annabelle အပြင်တခြားသော မကောင်းဆိုးဝါး တွေကိုပါမြင်တွေ့ရမှာမို့ ပရိသတ်တွေအတွက်တော့ တပျော်တပါးကြီး အခြောက်ခံရမယ်ဆိုတာသေချာပါတယ်။ယခု Annabelle ဇာတ်ကားကိုတော့ Annabelle ယခင် 1 နဲ့ 2 ဇာတ်ကားတွေရဲ့ဇာတ်ညွှန်းရေးသားသူ Gary Dauberman ကိုယ်တိုင် ဇာတ်ညွှန်းအနေနဲ့ရော ဒါရိုက်တာအနေနဲ့ပါပထမဆုံးတာဝန်ယူရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။Annabelle Comes Home မှာမြင်တွေ့ရမယ့် Jump Scares တွေနဲ့ နောက်ခံအသံဖန်တီးမှုတွေကလည်းတကယ့်ကို သည်းထိတ်ရင်ဖိုအောင်ကြောက်ဖို့ကောင်းပါတယ်။ IMDB လည်း 6.6/10 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Source : The Berkshire Eagle

Horror ဇာတ်ကားတွေရဲ့ အဓိကကြောက်စရာကောင်းစေတဲ့အချက်က အသံပိုင်းဆိုင်ရာဖန်တီးမှုဖြစ်ပြီး The Conjuring ဇာတ်တွေရဲ့ အသံပိုင်ဆိုင်ရာဖန်တီးခဲ့တဲ့ Joseph Bishara ကပဲ ယခုဇာတ်ကားရဲ့ Musicပိုင်းကို ဝန်ယူထားတဲ့အတွက် တော်တော်လေးကို ကြောက်ဖို့ကောင်းတဲ့ ခံစားမှုကိုရရှိစေမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၆၈ ခုနှစ်မှာ Ed Warren နဲ့ Lorraine Warren တို့ဟာ Nurse Debbie နဲ့ Camila တို့စီကနေ Annabelle အရုပ်ကိုသူတို့အိမ်သို့ ယူဆောင်လာခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါ Annabelle အရုပ်ကို မကောင်းဆိုးဝါးတွေစွဲကပ်နေတဲ့ ပစ္စည်းတွေကိုထိန်းသိမ်းထားတဲ့ အခန်းထဲက မှန်အိမ်လေးထဲမှာကောင်းချီးပေးပြီး သိမ်းထားခဲ့ပါတယ်။

Source : Forbes

တစ်ရက်မှာတော့ Warren တို့ဇနီးမောင်နှံနှစ်ဦးဟာ အရေးကြီးကိစ္စတစ်ခုနဲ့ ခရီးသွားရတာကြောင့် သမီးဖြစ်သူ Judy ကို ကလေးထိန်း Mary Ellen နဲ့ထားခဲ့လိုက်ပါတယ်။ Warren တို့ဇနီးမောင်နှံခရီးသွားတဲ့အခါမှာတော့ အိမ်ဖော် Mary Ellen ရဲ့ သူငယ်ချင်းဖြစ်သူ Daniela Rios လို့အမည်ရတဲ့အမျိုးသမီးရောက်လာခဲ့ပြီး စပ်စပ်စုစုလုပ်လွန်းတဲ့သူမက
Annabelle ကိုထိန်းသိမ်းထားတဲ့အခန်းကိုရောက်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့ Annabelle ကိုမှန်အိမ်ထဲက ထုတ်ပြီးတဲ့အခါမှာ ထိတ်လန့်ခြောက်ခြားဖွယ်အဖြစ်အပျက်တွေစတင်လာခဲ့ပါတယ်။Annabelle နဲ့အတူ ဘယ်လို မကောင်းဆိုးဝါးတွေပါအတူလွတ်မြောက်သွားမလဲ ဘယ်လိုတွေခြောက်လှန့်ကြမှာလဲ စတဲ့မေးခွန်းတွေကိုတော့ ပရိသတ်တွေကပဲ ရုပ်ရှင်ပိတ်ကားထက်မှာဆက်လက်ကြည့်ရှု့လိုက်ပါအုန်းနော်။

Source : Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Nay Pyi Taw, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Cinemas Gold Class