Godzilla: King Of Monsters (2019) ရုပ်ရှင်ဇာတ်ကားကတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေ ၊ ဒဏ္ဍာရီလာ ဧရာမသတ္တဝါကြီးတွေရဲ့ ဖိုက်တင်ခန်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အဆိုပါ King Of Monsters ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ Godzilla ဇာတ်ကားရဲ့ အဆက်လည်း ဖြစ်ပါတယ်။

(၅) နှစ်ကြာမှ ထပ်မံထွက်ရှိခဲ့တဲ့ King Of Monsters (2019) ရုပ်ရှင်ဇာတ်ကားဟာ IMDB: 7.1/10 အထိရရှိထားတဲ့အတွက် ဘာတွေထူးခြားပြောင်းလဲသွားမလဲဆိုတာတော့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပါပဲ။

Source : Godzilla

၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ Godzilla ဇာတ်ကားကတော့ ဇာတ်လမ်းစတင်ပြီး တော်တော်ကြာတဲ့အထိ Godzilla နဲ့ တခြား Monster တွေကို မမြင်တွေ့ရပဲ လူသားတွေအကြောင်းကိုသာ အဓိကထားရိုက်ကူးထားတာကြောင့် ဝေဖန်မှုတွေလည်း များစွာရှိခဲ့ပါတယ်။ ယခု Godzilla: King Of Monsters (2019) ကတော့ ဇာတ်လမ်းစတင်တယ်ဆိုကတည်းက ဧရာမ Monsters ကြီးတွေကို အသားပေးရိုက်ကူးထားပြီး ရေလည်ဖိုက်မယ့် ဇာတ်ဝင်ခန်းတွေကို ပရိသတ်တွေ ကြည့်ရှု့ခံစားရမှာပဲ ဖြစ်ပါတယ်။

King Of Monsters မှာ ရိုက်ကူးထားတဲ့ Visual တွေ ၊ ကွန်ပြူတာအထူးပြုချက်တွေ ၊ Sound Effect တွေက တကယ့်ကို ရင်သပ်ရှုမောဖွယ် လှုပ်ရှားမှုပုံရိပ်တွေအဖြစ်နဲ့ ရုပ်ရှင်ပိတ်ကားအထက်မှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Source : Popzara

ဇာတ်လမ်းအကျဉ်းကတော့ Monarch လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာမြေပေါ်မှာရှိတဲ့ Titans တွေကို သုတေသနပြုလုပ်ဖို့ဖွဲစည်းထားတဲ့ တစ်ဖွဲ့တစ်ဖွြဲု့ဖစ်ပြီး ဒီဧရာမသတ္တဝါကြီးတွေနဲ့ လူသားတွေ အတူယှဉ်တွဲနေထိုင်နိုင်မယ်ဆိုတာ ယုံကြည်နေကြသူတွေဖြစ်ပါတယ်။ အဓိကအားဖြင့် သိပ္ပံပညာရှင် Emma ဆိုသူအမျိုးသမီးဟာ၂၀၁၄ ခုနှစ်က Titans တွေရဲ့ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် သူမရဲ့ သားဖြစ်သူကို လက်လွှတ်ဆုံးရူံးခဲ့ရသူပါ။

ထိုအချက်ကြောင့်ပဲ သူမဟာ Titans တွေကို သုတေသနလုပ်ဖို့ဆုံးဖြတ်ခဲ့ပြီး လူသားတွေအတွက် အကျိုးပြုနိုင်ဖို့ရည်ရွှယ်ချက်နဲ့ Orca လို့ခေါ်တဲ့ ဆက်သွယ်ရေး စက်တစ်လုံးကို တီထွင်လိုက်ပါတယ်။ အစိုးရကတော့ ဧရာမအကောင်ကြီးတွေကို အမြစ်ဖျတ်ချေမှုန်းဖို့ ဆန္ဒရှိနေခဲ့တာကြောင့် Monarch အဖွဲ့နဲ့အစိုးရကြား သဘောထားကွဲလွဲတင်းမာမှုတွေ ရှိလာပါတော့တယ်။

Source : godzilla.fandom.com

အစိုးရနဲ့ သိပ္ပံပညာရှင်တွေကြား သဘောထားကွဲလွဲမှုတွေရှိလာချိန်မှာပဲ ဘာဝပတ်ဝန်းကျင် အစွန်းရောက်အဖွဲ့ တစ်ခုက Orca စက်ကို အရယူခဲ့ပြီး ကမ္ဘာမြေပေါ်က Titans ကြီးတွေကို တစ်ဖန်အသက်သွင်းလိုက်ပါတော့တယ်။ အဆိုးဆုံးက လူသားတွေနဲ့အတူ နေထိုင်နိုင်တဲ့ Titans တွေသာမက လူသားမျိုးနွယ်စုတစ်ခုလုံးကို မျိုးသုန်းသွားအောင် ဖျက်စီးပစ်နိုင်တဲ့ ခေါင်းသုံးလုံး King Ghidora ကြီးပါ နိုးထလာခဲ့တာကြောင့် ကမ္ဘာမြေပေါ်မှာ နောက်ထပ်တစ်ကြိမ် ပိုမိုပြင်းထန်တဲ့ Titan တွေရဲ့ တိုက်ပွဲကြီးက စတင်လာပါတော့တယ်။

နောက်ဆုံးမှာ လူတွေနဲ့ အတူနေနိုင်တဲ့ Titans တွေက အနိုင်ရသွားမှာလား၊ ခေါင်းသုံးလုံး King Ghidora ကြီးနဲ့ တခြားသော Titans တွေအနိုင်ရပြီး လူသားမျိုးနွယ်စုကို မျိုးသုဉ်းသွားအောင် ဖျက်စီးပစ်လိုက်နိုင်မှာလားဆိုတာ ပရိသတ်တွေကပဲ ငွေရောင်ပိတ်ကားထက်မှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦးနော်။

Source: Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Nay Pyi Taw Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Cinemas Gold Class