ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်ကားကောင်းတွေကို စောင့်မျှော်နေတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် John Wick Chapter 3 ရုပ်ရှင်ဇာတ်ကားကြီးကတော့ စတင်ရုံတင်ပြသနေပြီပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ John Wick 1 နဲ့ 2 မှာကတည်းက ပရိသတ်အားပေးမှုများစွာနဲ့အတူ ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားအဖြစ် နာမည်ရရှိထားပြီးဖြစ်ပါတယ်။ ယခု၂၀၁၉ မှာထွက်ရှိလာတဲ့ John Wick Chapter 3 ဇာတ်ကားမှာလည်း John Wick ရဲ့ ပင်တိုင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကမ္ဘာကျော်မင်းသားကြီး Keanu Reeves ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေ ထပ်မံမြင်တွေ့ကြရဦးမှာပဲဖြစ်ပါတယ်။

Source: John Wick

ကလဲ့စားချေမှုတစ်ခုအတွက် ညှာတာထောက်ထားမှုမရှိ ရက်ရက်စက်စက်သတ်ဖြတ်တဲ့ ဇာတ်ဝင်ခန်းတွေ၊ အကြမ်းစား Fight Sceneတွေ နဲ့ John Wick 1 နဲ့ 2 မှာကတည်းက ပရိသတ်တွေရဲ့ စိတ်အာရုံကို အတော်လေးဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။ အခု John Wick 3 မှာလည်း 1 နဲ့ 2 ကအရမ်းကိုကြမ်းပါတယ်ဆိုတဲ့ Fight Scene တွေထက်ကို ပိုပြီးအဆပေါင်းများစွာကြမ်းတဲ့ အက်ရှင်ခန်းတွေပါဝင်လာခဲ့ပြီး ကင်မရာရှု့ထောင်မျိုးစုံက ရိုက်ကူးထားတဲ့ အမိုက်စားရိုက်ချက်တွေ၊ ဇာတ်ကားကို ပိုမိုအသက်ဝင်အောင်ပံ့ပိုးပေးတဲ့ နောက်ခံတီးလုံးအသံတွေရယ်က လုံးဝအပြစ်ပြောစရာမရှိလောက်အောင်ကို ပြည့်စုံလွန်းတာတွေ့ရပါတယ်။

Source: Den of Geek

ဇာတ်လမ်းချိတ်ဆက်မှုလည်း 1 နဲ့ 2 ထက်ကကို တော်တော်လေးကိုကောင်းလာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူမသတ်ရစည်းမျဉ်းထုတ်ထားတဲ့ New York က ဟိုတယ်တစ်ခုမှာ John Wick တစ်ယောက်လူသတ်ခဲ့မိတဲ့အတွက် သူ့ကိုပြန်သတ်ဖို့ ကြေးစားလူသတ်သမားတွေကို ဆုကြေးငွေ ဒေါ်လာ ၁၄ သန်းနဲ့ အမိန့်ထုတ်ခြင်းခံခဲ့ရပါတယ်။ နေဝင်ချိန်ကိုရောက်လာတာနဲ့ ဒေါ်လာ ၁၄ သန်းတန်ဆုကြေးအတွက် ကြေးစားလူသတ်သမားတွေဟာ John Wick သတ်ဖို့အတွက် New York တစ်မြို့လုံး မြေလှန်ပြီးရှာဖွေကြပါတော့တယ်။

Source: Dexerto

သဲကြီးမဲကြီးလိုက်လံရှာဖွေနေတဲ့ လူသတ်သမားတွေကြားက John Wick တစ်ယောက် ဘယ်လိုမျိုးရှောင်တိမ်း ထွက်ပြေးမှာလဲ။ အန္တရာယ်များစွာကြားကနေ ဘယ်သူတွေကရော John Wick ကိုကူညီပေးမှာလဲ။ John Wick နဲ့ ကြေးစားလူသတ်သမားတွေ ထိပ်တိုက်ရင်ဆိုင်ပြီး ဘယ်လိုအကြမ်းစားသတ်ကြဖြတ်ကြမှာလဲ။ နောက်ဆုံးမှာ1 နဲ့ 2 တုန်းကိုပဲ အသက်ဘေးက လွတ်မြောက်နိုင်ဦးမှာလဲ။ ဒါမှမဟုတ် ကြေးစားတွေလက်ထဲမှာပဲ အသက်ဆုံးရှုံးပြီး John Wick ဇာတ်ကောင်ကို ပရိသတ်တွေနှုတ်ဆက်ရတော့မှာလား စတဲ့ မေးခွန်းများစွာကို အဖြေထုတ်နိုင်ဖို့အတွက် အမိုက်စားအက်ရှင်ဇာတ်ကား John Wick Chapter 3 ကိုအမြန်ဆုံးသွားရောက်ကြည့်ရှု့ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source: Lionsgate Movies

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class.