အက်ရှင်ဇာတ်ကားကောင်းကောင်းကြည့်ချင်တဲ့ ပရိသတ်တွေအတွက် Men In Black International 2019 ရုပ်ရှင်ဇာတ်ကားကတော့ ဇွန်လ (၁၂) ရက်နေ့ကစတင်ကာ ရုံတင်ပြသနေပြီပဲဖြစ်ပါတယ်။

Men In Black International 2019 ဇာတ်ကားမှာတော့ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Men In Black 3 ဇာတ်ကားနဲ့ အောင်မြင်မှုများ စွာရရှိထားတဲ့ မင်းသားကြီး Will Smith တို့တော့ ပြန်ပါဝင်ခြင်းရှိတော့မှာမဟုတ်ဘဲ Thor : Ragnarok ဇာတ်ကားမှာ အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ ပရိသတ်အချစ်တော်မင်းသား Chris Hemsworth နဲ့ မင်းသမီးချောလေး Tessa Thompson တို့က Agent H နဲ့ Agent M အဖြစ်ပါဝင်လာမှာဖြစ်ပြီး မင်းသားကြီး Liam Neeson နဲ့ Emma Thompson တို့ကိုလည်း ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Source : Variety

ယခု Men In Black International 2019 ဇာတ်ကားကတော့ ယခင်ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ MIB Franchise ဇာတ်ကားကို ပြန်လည်ဆန်းသစ်မှုတွေ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး IMDB 5.6/10 ရရှိထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ F. Gary Gray ရဲ့ ဖန်တီးမှုလက်ရာတွေနဲ့အတူ Budget ဒေါ်လာသန်း ၁၁၀ နီးပါးအကုန်ကျခံ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Man In Black ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ကမ္ဘာမြေပေါ်ကိုရောက်ရှိလာတဲ့ အန္တရာယ်ဂြိုလ်သားတွေကို ခေတ်လွန်လက်နက်ကိရိယာတွေနဲ့ တိုက်ခိုက်မယ့် အမိုက်စားအက်ရှင်ခန်းတွေ မြင်တွေ့ရမယ့်အပြင် ဟာသဆန်ဆန် ရယ်စရာဇာတ်ဝင်ခန်းတွေကိုလည်း မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်။

Source : Vanity Fair

ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်မှာ MIB အဖွဲ့ရဲ့ အေ့ဂျင့်တစ်ယောက်ဖြစ်လာမယ့် ကောင်မလေးဟာ သူမငယ်စဉ်ကတည်းက ဂြိုလ်သားတွေကို မြင်တွေ့ခဲ့ဖူးတစ်ယောက်ဖြစ်ပါတယ်။ ဂြိုလ်သားတွေကို မျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့ရပြီးနောက်မှာတော့ ဂြိုလ်သားတွေနဲ့ အရင်းနှီးဆုံးအဖွဲ့တစ်ခုဖြစ်တဲ့ MIB အဖွဲ့ရဲ့ ဇာတ်ကြောင်းကို စတင်လေ့လာခဲ့ပြီး နောက်ဆုံးမှာတော့ MIB အဖွဲ့မှာ Agent M အဖြစ်တာဝန်ထမ်းဆောင်သူတစ်ယောက်ဖြစ်လာပါတော့တယ်။

တစ်ရက်မှာတော့ ကမ္ဘာမြေပေါ်က ရုပ်ပြောင်းရုပ်လွဲကောင်းကောင်းပြုလုပ်နိုင်တဲ့ အန္တရာယ်အရှိဆုံး ဂြိုလ်သားတွေကို သုတ်သင်ရှင်းလင်းဖို့ အဖွဲ့ချုပ်ရဲ့ တာဝန်ပေးခြင်းခံခဲ့ရပါတယ်။

Source : AVForums

Agent M နဲ့အတူ လန်ဒန်က MIB ဌာနခွဲမှာရှိတဲ့ Agent H ကလည်း ဂြိုလ်သားတွေကို တိုက်ခိုက်ရှင်းလင်းမယ့် စစ်ဆင်ရေးအစီအစဉ်တွေမှာ အင်အားဖြည့်တင်းတဲ့အနေနဲ့ ပူးပေါင်းပါဝင်လာပါတော့တယ်။ Agent M နဲ့ Agent H တို့ပူးပေါင်းပြီး ကမ္ဘာမြေပေါ်က အန္တရာယ်အရှိဆုံး ဂြိုလ်သားတွေကို ဘယ်လို ခေတ်လွန်လက်နတ်ဆန်းတွေနဲ့ တိုက်ခိုက်ပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့ ကြိုးပမ်းကြမှာလဲ။

သူတို့နှစ်ဦးကို ဗြိတိန် MIB ဌာနခွဲရဲ့ အဖွဲ့မှူး မင်းသားကြီး Liam Neeson နဲ့ Agent O တို့ ကရော ဘယ်လိုအကူညီတွေပေးမှာလဲ။ MIB ရဲ့အထူး Agent နှစ်ယောက်က ကမ္ဘာမြေပေါ်က ဂြိုလ်သားတွေကိုလိုက်လံရှာဖွေပြီး အမြစ်ပြတ် သုတ်သင်ရှင်းလင်းကာ ကမ္ဘာမြေကြီးကို ကယ်တင်နိုင်မှာလားစတဲ့ စိတ်ဝင်စားစရာဇာတ်ဝင်ခန်းတွေကို ပရိသတ်တွေကပဲ ငွေရောင်ပိတ်ကားထက်မှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦးနော်။

Source: Sony Pictures Entertainment

ပြသပေးသွားမည့် ရုံများ

Junction City, Nay Pyi Taw, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Cinemas Gold Class