ယခုတစ်ပတ် Weekend Box Office စာရင်းမှာဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် Sonic the Hedgehog ရုပ်ရှင်ဇာတ်ကားက 57 million ဒေါ်လာဖြင့် ထိပ်ဆုံးနေရာမှာရပ်တည်နေပါတယ်။ Sonic the Hedgehog ရုပ်ရှင်ဇာတ်ကားကတော့ Sega Game Company ရဲ့ နာမည်ကျော်လူကြိုက်များတဲ့ Sonic : the Hedgehog ဗီဒီယို ဂိမ်းကိုအခြေခံပြီး ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ Jeff Fowler မှ ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်း ဇာတ်ညွှန်းကို တော့ Patrick Casey နဲ့ Josh Miller တို့က ရေးသားထားတာဖြစ်ပါတယ်။

Source : IDN Times

အသံသရုပ်ဆောင်တွေ အနေနဲ့ကတော့ Doctor Robotnik လို့ခေါ်တဲ့ ဗီလိန်ဇာတ်ရုပ်နေရာမှာ နာမည်ကျော်ဟာသမင်းသားကြီး Jim Carrey ကသရုပ်ဆောင်ထားပြီး Sonic ဇာတ်ကောင်အတွက်ကိုတော့ Ben Schwartz တို့က ပါဝင်သရုပ်ဆောင်ထားကြကာ James Marsden ,Tika Sumpter နဲ့တခြားအနုပညာရှင်များစွာတို့က အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Sonic The Hedgehog ရုပ်ရှင်ဇာတ်ကားကြီးကိုပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလလောက်ကတည်းက ရုံတင်ပြသနိုင်ဖို့ စီစဉ်ခဲ့ပေမယ့် Sonic The Hedgehog ရဲ့ ပထမဆုံး Trailer ထွက်ရှိ လာတဲ့ အချိန်မှာတော့ Sonic ရဲ့ Animation ရုပ်ပုံနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

Source : Star Movie

ဒါကြောင့် Sonic ရဲ့ ရုပ်ပုံဒီဇိုင်းကို အသစ်ပြန်လည်ရေးဆွဲဖို့ အချိန်ယူခဲ့ပြီး အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ကာ ဂိမ်းထဲက ရုပ်ပုံနဲ့ အနီးစပ်ဆုံးတူတဲ့ ဒီဇိုင်းရရှိလာချိန် ၂၀၂၀ ဖေဖော်ဝါရီလမှသာ ရုံတင်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Sonic ဟာ တခြားဂြိုလ် ကနေ ကမ္ဘာမြေပေါ်ရောက်ရှိလာတဲ့ စွမ်းအားရှင်လေးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကမ္ဘာပေါ်မှာ ကြီးမားတဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ထိုအချိန်မှာ Sonic ရဲ့ထူးခြားတဲ့စွမ်းအားတွေသိတဲ့ Dr. Robotnik တစ်ယောက် Sonic ကိုအသုံချပြီး ကမ္ဘာကြီးကိုထိန်းချုပ်ဖို့ လိုက်လံဖမ်းဆီးပါတော့တယ်။

Source : Variety

Sonic တစ်ယောက် Dr. Robotnik ရဲ့လက်ကနေလွှတ်မြောက်ဖို့ကြိုးစားရင်းမိတ်ဆွေသစ် Tom Wachowski နဲ့ တွေ့ဆုံခဲ့ပါတယ်။ Sonic နဲ့ Tom Wachowski တို့နှစ်ဦးတို့ ပူးပေါင်းပြီး Dr. Robotnik ကိုဘယ်လိုတွေပြန်လည်ခုခံတိုက်ခိုက်သွားကြမလဲ ကမ္ဘာကြီးကိုသိမ်းပိုက်ချင်တဲ့ Dr. Robotnik ရဲ့ အကြံအစည်တွေကရောအောင်မြင်မှာလား Dr. Robotnik လက်ကနေ
Sonic နဲ့ Tom Wachowski တို့ ကမ္ဘာကြီးကိုကယ်တင်နိုင်မှာလားဆိုတာတော့ ငွေရောင်ပိတ်ကားအထက်မှာ ပရိတ်သတ်တွေကပဲ စိတ်ဝင်းစားဖွယ် ဆက်လက်ကြည့်ရှု့ခံစားလိုက်ပါအုန်းနော်။

Source : Paramount Pictures

ပြသပေးသွားမည့် ရုံများ

Junction City,  City Mall (St.John) , Kantharyar , Nay Pyi Taw , Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa,Mingalar Cinemas Red Suite , Mingalar Cinemas Gold Class .