Avenger : End Game အပြီး MCU ရဲ့နောက်ထပ်ခြေလှမ်းအသစ်တစ်ခုအဖြစ်နဲ့ ထွက်ရှိလာတဲ့ Spider Man : Far From Home ဇာတ်ကားကတော့ Super Heros Fan တွေအကြိုက်တွေ့ စေအုန်းမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။Movie Tariler ထွက်လာခဲ့စဉ်ကတည်းကပရိသတ်စိတ်ဝင်စားမှုအမြောက်အများရရှိခဲ့တဲ့ Spider Man ဇာတ်ကားဟာလက်ရှိမှာတော့ ရုံတင်ပြသနေပြီပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Marvel Studio နဲ့ Sony တို့ပူးပေါင်းဖန်တီးထားပြီးဒါရိုက်တာ Jon Watts တာဝန်ယူရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

Source : Wired

Spider Man Far From Home ဇာတ်ကားကိုကြည့်တဲ့ပရိသတ်တိုင်း သေချာတာတစ်ခုကတော့ Tony ကိုသတိရနေမိကြမှာပါ။Spider Man : Far From Home ဇာတ်ကားမှာ Tony မပါဝင်တော့ပေမယ့် ပရိသတ်အချစ်တော် Peter Parker (Spider-Man) ၊Mysterio ၊ Nick Fury ၊ MJ ၊Ned Leeds စတဲ့အဓိကဇာတ်ကောင်တွေကိုမြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစပိုင်းမှာနည်းနည်းလေးအေးတယ်ထင်ရပေမယ့် တဖြည်းဖြည်းတက်လာတဲ့ဇာတ်ရှိန်ရယ် ရင်ခုန်စိတ်လှုပ်ရှားစရာဇာတ်လမ်းအချိတ်အဆက်တွေ Fight Scene တွေရယ်က နောက်ဆုံးဇာတ်သိမ်းအထိကိုတော်တော်လေးကိုရသမြောက်အောင်ရိုက်ကူးတင်ဆက်သွားတာတွေ့ရပါတယ်။

Source : Polygon

တစ်ကားလုံးနီးပါး ရယ်စရာကောင်းတဲ့ဒိုင်ယာလော့တွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့ခံစားရမှာဖြစ်ပြီး လူငယ်ဆန်ဆန် Peter နဲ့ MJ တို့ရဲ့ အချစ်ဇာတ်လမ်းလေးကလည်းတကယ့်ကိုကြည်နူးစရာကောင်းအောင်မြင်တွေ့ကြရမှာဖြစ်ပါတယ်။၂၀၁၇ ခုနှစ်ကထွက်ခဲ့တဲ့ Spider Man : Home Coming ထက်ဇာတ်လမ်းချိတ်ဆက်မှုတွေ သရုပ်ဆောင်တွေရဲ့ ပီပြလှတဲ့ဇာတ်ရုပ်တွေကို မြင်တွေ့ရမှာဖြစ်ပြီး MIDB 8.1/ 10 ရထားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းခရီးစဉ်တစ်ခုနဲ့ Peter တို့သူငယ်ချင်းတစ်သိုက် Europe Vacation အဖြစ် Europe တစ်ခွင်ကမြို့တွေကို အားလပ်ရက်ခရီးစဉ်ထွက်လာခဲ့ကြပါတယ်။

Source : Digital Spy

တစ်ရက်မှာတော့ မထင်မှတ်ပဲထူးဆန်းတဲ့ သတ္တဝါကြီး ပေါ်ပေါက်လာခဲ့တာကြောင့် ကမ္ကာကြီးကိုကယ်တင်ဖို့ စတင်ရပါတော့တယ်။ Peter နဲ့အတူ Mysterio လည်းပါဝင်ကူညီလာခဲ့ပြီးထူးဆန်းတဲ့သတ္တဝါကြီးကိုတိုက်ခိုက်ကြပါတော့တယ်။ Peter နဲ့ Mysterio တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုအောင်မြင်ခဲ့ပေမယ့် အဆုံးသတ်တော့မဟုတ်ပါဘူး။သတ္တဝါကြီးဖြစ်ပေါ်လာတဲ့ နောက်ကွယ်က အကြောင်းအရင်းတွေထင်မှတ်မထားတဲ့လှည့်ကွက်တွေက ရှိနေပြန်ပါတယ်။ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ လှည့်ကွက်တွေဖြစ်မလဲ။ Peter ရဲ့ တွဲဖက် Happy ကရောဘယ်လိုကူညီသွားမှာလဲ။Peter တစ်ယောက်အမှန်တရားကိုဖော်ထုတ်ပြီး သတ္တဝါကြီးကိုအနိုင်တိုက်ထုတ်ကာ ကမ္ဘာကြီးကိုကယ်တင်သွားမှာလား စတဲ့မေးခွန်းတွေကိုပရိသတ်တွေကပဲ ရုံရှင်ပိတ်ကားထက်မှာ ဆက်လက်ကြည့်ရှု့ခံစားလိုက်ကြပါအုန်းနော်။

Source : Sony Pictures Entertainment

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Nay Pyi Taw Cinema, Mingalar Dagon Center (2), Mingalar Sanpya Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class