Horror Movie ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် လုံးဝလက်မလွတ်သင့်တဲ့ The Curse Of La Llorona ရုပ်ရှင် ဇာတ်ကားကြီးကတော့ စတင်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရုံတင်ပြီး တစ်ပတ်အတွင်းမှာတင် ဒေါ်လာသန်းတစ်ရာကျော်ရရှိနေပြီး တော်တော်လေးကြောက်ဖို့ကောင်းတာ ကြောင့် လူပြောများနေတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Maiden ဇာတ်ကားရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Michael Chaves ကပဲ တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး Conjuring Universeရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာကြီး James Wan က ထုတ်လုပ်သူအဖြစ် ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Source : Cosmopolitan

The Curse Of La Llorona ရုပ်ရှင်ဇာတ်ကားဟာ မက္ကဆီကို ရိုးရာဒဏ္ဏာရီပုံပြင်တစ်ပုဒ်ကို မှီးငြမ်းရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ La Llorona ဆိုတဲ့ သရဲမရဲ့ ရုတ်တရက်ခုန်ထွက်လာပုံတွေ ငိုညည်းသံတွေနဲ့ ခြောက်လှန့်ပုံတွေဟာလည်း ကြည့်ရှုသူပရိသတ်တွေအတွက်တော့ တကယ့်ကို ရင်တထိတ်ထိတ်နဲ့ သွေးပျက်စရာကောင်းလှပါတယ်။

ရေစက်ကျသံကအစ တကယ့်ကိုကျောချမ်းစရာကောင်းတဲ့ နောက်ခံအသံဖန်တီးမှုတွေအပြင် ဘယ်အချိန်မှာဘယ်လိုပုံစံနဲ့ ပေါ်လာဦးမလဲဆိုတာကို အားလုံးကြောက်ကြောက်လန့်လန့်နဲ့ စောင့်ကြည့်နေကြရပြီး တကယ့်ကိုအနှစ်သာရပြည့်ဝတဲ့ ကြောက်စရာခံစားမှုရသအစုံအလင်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားလို့ ဆိုနိုင်မှာဖြစ်ပါတယ်။

Source : The Wrap

ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၃ ခုနှစ်လောက်က လော့စ် အိန်ဂျလိစ်မြို့မှာ La Llorona ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့ ကလေးနှစ်ယောက်ကို ရေနှစ်သတ်ဖြတ်ပြီးတဲ့နောက် ပူဆွေးနောင်တရမှုတွေနဲ့အတူ ငိုကြွေးနေလေ့ရှိတဲ့ သရဲမဖြစ်လာပါတော့တယ်။

အဲ့ဒီနောက်မှာတော့ သေဆုံးသွားတဲ့သူမရဲ့ ကလေးတွေနေရာမှာ လူစားလဲဖို့အတွက် ကလေးတွေကို ပစ်မှတ်ထားလိုက်ရှာပါတော့တယ်။ တစ်ရက်မှာတော့ အဲ့ဒီမြို့ မှာ နေထိုင်တဲ့ လူမှုဝန်ထမ်းအဖြစ်လုပ်ကိုင်သူ Anna ဆိုတဲ့အမျိုးသမီးနဲ့ သူမရဲ့ ကလေးနှစ်ယောက်ဟာ အဆိုပါ La Llorona သရဲမရဲ့ ပစ်မှတ်တစ်ခုဖြစ်လာပါတော့တယ်။

Source : Vanity Fair

အဲ့ဒီအချိန်ကစပြီး La Llorona သရဲမဟာ Anna ရဲ့ ကလေးတွေကို ရက်ရက်စက်စက် ရေနှစ်သတ်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားပါတယ်။ ဒီလိုကံကြမ္မာဆိုးတဲ့ ကြုံတွေ့နေရတဲ့ Anna နဲ့ ကလေးနှစ်ယောက်ဟာ La Llorona သရဲမရဲ့ နှောင့်ယှက်မှုတွေကို သိပြီးတဲ့နောက်မှာတော့ သရဲမလက်က လွတ်မြောက်ဖို့ ပယောဂဆရာတွေရဲ့ အကူအညီနဲ့ သရဲမကို ခုခံတားဆီးပါတော့တယ်။

နောက်ဆုံးမှာတော့ သရဲမရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုက အထမြောက်သွားမှာလား သရဲမလက်က ခက်ခက်ခဲခဲလွတ်မြောက်လာမှာလားဆိုတာ သိရဖို့ ပရိသတ်တွေအနေနဲ့ ရုပ်ရှင်ပိတ်ကားထက်မှာ ဆက်လက်ကြည့်ဖို့လိုက်ပါဦးနော်။

Source: Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema, Mingalar Dagon Centre (II), Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mngalar North Okkalapa, Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class, Junction City, Junction Square, City Mall (St.John).