ကာတွန်းကားကြိုက်နှစ်သက်သူ ပရိသတ်တွေအတွက်တော့ The Secret Life Of Pets 2 ရုပ်ရှင် ဇာတ်ကားလေးက စတင်ရုံပြ သနေပြီပဲဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Secret Life Of Pets ရုပ်ရှင်ဇာတ်ကားလေးမှာကတည်းက ပရိသတ်အားပေးမှုအမြောက်အများရရှိခဲ့ပြီး ရုံဝင်ငွေ အများဆုံးဇာတ်ကားတစ်ကားအဖြစ်ရပ်တည်ခဲ့သလို ယခု ၂၀၁၉ မှာ ဒုတိယမြောက်ဇာတ်ကားအဖြစ်ထွက်ရှိလာတဲ့ The Secret Life Of Pets 2 ရုပ်ရှင်ဇာတ်ကားလေးဟာလည်း IMDB 6.6 /10 ရရှိထားပြီး တစ်ပတ်အတွင်း ရုံဝင်ငွေ ဒေါ်လာသန်း ၁၀၀ ကျော် ရရှိထားကာ Box Office ရဲ့ထိပ်ဆုံး နေရာမှာ ရပ်တည်နေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

Source : www.thesecretlifeofpets.com

The Secret Life Of Pets 2 ရုပ်ရှင်ဇာတ်ကားကတော့ ကမာ့္ဘ Minions လေးတွေကို ဖန်တီးခဲ့တဲ့ Illumination ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ခြေလှမ်းသစ်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Chris Renaud နဲ့ Jonathan Del Val တို့က တာဝန်ယူရိုက်ကူးထားတဲ့ Animation Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ်။

ယခု The Secret Life Of Pets 2 (2019) ဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် ဇာတ်ကောင်လေးတွေဖြစ်တဲ့ Max ၊ Duke ၊ Snow Ball ၊ Gitget တို့အပြင် Chole ၊ Rooster ၊ Daisy ၊ Mel ၊ Buddy စတဲ့ချစ်စရာအကောင်လေးတွေကိုပါ စုံစုံလင်လင်မြင်တွေ့ရမှာဖြစ်ပါတယ်။

Source : Peckhamplex

The Secret Of Pets 1 ဇာတ်ကားမှာတော့ ဇာတ်လိုက်ကျော် ခွေးလေး Max ရဲ့ ဇာတ်ကောင်နေရာမှာ Louis C.K က နောက်ခံအသံသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး ယခု ဒုတိယမြောက်ဇာတ်ကားမှာတော့ Louis C.K နေရာမှာ Patton Oswalt က အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

ဒါ့အပြင် Eric Stone street ၊ Kevin Hart ၊ Jenny Slate၊  Ellie Kemper ၊ Tiffany Haddish ၊ Lake Bell စတဲ့ကမ္ဘာကျော် သရုပ်ဆောင်တွေက အသည်းယားစရာဇာတ်ကောင်လေးတွေရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ပြီးပြည့်စုံအောင် သရုပ်ဖော်ပေးကြတဲ့ အသံ သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Max လို့ အမည်ရတဲ့ ဇာတ်လိုက်ကျော် တယ်ရီယာခွေးလေးနဲ့ Duke တို့ဟာ New York မှာ ချစ်ရတဲ့ သခင်နဲ့အတူနေထိုင်ပါတယ်။

Source : irishtimes.com

ပထမဇာတ်ကားမှာတော့ သခင်ဖြစ်သူက ခွေးစုတ်ဖွားလေး Duke ကို အိမ်ခေါ်လာခဲ့တာကြောင့် Max နဲ့ Duke တို့က မတည့်အတူနေဘဝနဲ့ နေထိုင်ခဲ့ပါတယ်။ တစ်ရက်မှာ Max နဲ့ Duke ရဲ့ သခင်ဖြစ်သူ Katie တစ်ယောက် အိမ်ထောင်ကျသွားခဲ့ပြီး Liam လို့ အမည်ရတဲ့ ကလေးလေးတစ်ယောက် မွေးဖွားလာခဲ့တဲ့နောက်မှာတော့ သခင်ဖြစ်သူ Katie နဲ့ Max တို့ ကြားအပြောင်းလဲလေးတွေ ဖြစ်လာခဲ့ပါတယ်။

သခင်ကို သိပ်ချစ်တဲ့ Max တစ်ယောက် သခင်ရဲ့ ဂရုစိုက်မှုတွေ လျော့လာတဲ့ ပြောင်းလဲမှုဒဏ်ကိုခံနိုင်ပါ့မလား။ Kaite ကရော သားဖြစ်သူနဲ့ အိမ်မွေးခွေးလေးတွေကြား ဘယ်လို Balance ညီညီနေထိုင်သွားမှာလဲ။ Max နဲ့ Duke တို့ကလည်း အိမ်နီးချင်းဘော်ဒါငရှုပ်လေးတွေနဲ့ ဘယ်လိုအရှုပ်တော်ပုံတွေ လုပ်သွားဦးမလဲစတဲ့ မေးခွန်းလေးတွေကို ပရိသတ်တွေကပဲ ရုပ်ရှင်ပိတ်ကားထက်မှာ ကြည့်ရှု့ခံစားလိုက်ပါဦးနော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin