Yesterday ရုပ်ရှင်ဇာတ်ကားကတော့ ကမ္ကာကျော်ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Beatles အဖွဲ့ရဲ့ သီချင်းကောင်းလေးတွေပြန်လည်နားဆင်ခံစားနိုင်မယ့်ထူးထူးခြားခြားဇာတ်အိမ်တည်ထား တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုတော့နာမည်ကြီး ဒါရိုက်တာDanny Boyle နဲ့ Richard Curtis တို့ပူးပေါင်းဖန်တီးတင်ဆက်ထားပြီး Romantic Comedy ဆန်ဆန်ကြည့်ခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ကမ္ကာကျော် Beatles အဖွဲ့ရဲ့ သီချင်းကောင်းလေးတွေကိုလည်း တစ်ဝကြီးပြန်လည်ဝခံစားနားဆင်ရမှာဖြစ်တာ ကြောင့် Beatles အဖွဲ့ရဲ့သီချင်းဟောင်းသီချင်းကောင်းလေးတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက်တော့ လုံးဝလက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

 

Source : Ultimate Classic Rock

ဒီဇာတ်ကားမှာအဓိက သရုပ်ဆောင်တွေအဖြစ် Himesh Patel ၊ Lily James၊  Kate McKinnon တို့အပြင်ပရိသတ်တွေလုံးဝထင်မှတ်မထားတဲ့အဆိုတော် Ed Sheeran ကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။ Danny Boyle ရဲ့ လက်ရာမြောက်တဲ့ရိုက်ကူးမှုတွေနဲ့ ဇာတ်ကားရဲ့နောက်ခံသီချင်းတွေကလုံးဝကိုမိုက်ပြီး အေးအေးဆေးဆေးနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုချင်တဲ့သူတွေအကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကားပါ။လူတစ်ယောက်အောင်မြင်လာတဲ့ တစ်နေ့ ကြုံတွေ့ရမယ့် သုခ ၊ ဒုက္ခတွေကိုအဓိကထားရိုက်ကူးပြသွားတာဖြစ်ပြီး IMDB 7/10 ရရှိထားတဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Jack ဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂီတရူးသွပ်ပြီးအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်သူပါ။

Source : q104.radio.com

ဒါပေမယ့်သူဘယ်လောက်ကြိုးစားကြိုးစားအောင်မြင်မှုနဲ့ အလှမ်းဝေးနေဆဲပါပဲ။ဒါကြောင့်သူဟာဂီတလမ်းကြောင်းကိုဆက်မလျာက်ဖို့ဆုံးဖြတ်လိုက်ချိန်မှာပဲ ကံကြမ္မာအလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့ တစ်ရက်မှာသူဟာအသေးစားမတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပြီး ကမ္ကာကြီးတစ်ခုလုံးခဏတာမီးပျက်အမှောင်ကျသွားပါတယ်။ Jack တစ်ယောက်သတိပြန်ရလာချိန်မှာတော့ တစ်ကမ္ကာလုံးမှာထူးခြားတဲ့အဖြစ်အပျက်တစ်ခုကြုံတွေ့ ရပါတော့တယ်။ကမ္ကာပေါ်က နာမည်ကြီးဆုံးဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Beatles အဖွဲ့ဟာပျောက်ချင်းမလှပျောက်သွားခဲ့ပြီး အဲ့ဒီအဖွဲ့ရဲ့သီချင်းတွေလည်း မရှိတော့ဘူး။အဲ့ဒါအဖွဲ့ကိုသိတဲ့ လူတစ်ယောက်မှလည်းမရှိတော့တာပါပဲ။

Source : Film School Rejects

Jack တစ်ယောက်ပဲ Beatles အဖွဲ့ရဲ့ သီချင်းတွေကိုမှတ်မိနေခဲ့ပြီး သူသတိရသလောက်ပြန်လည်သီဆိုကြည့်ရင်းကနေ မထင်မှတ်ထားလောက်အောင်ကို အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။Jack တစ်ယောက်အောင်မြင်တဲ့အဆိုတော်ဖြစ်လာချိန်မှာကြုံတွေ့ရတဲ့အခက်ခဲတွေ စိတ်ဖိစီးစရာပြဿနာတွေကိုဘယ်လိုရင်ဆိုင်သွားမလဲ။ဘယ်လောက်ကြိုးစားနေပါစေအောင်မြင်မှုမရခဲ့တဲ့ Jack အတွက်တော့ မတော်တဆဖြစ်ခဲ့ခြင်းက ကောင်းကျိုးလားဆိုးကျိုးလား။အဲ့ဒီအောင်မြင်မှုကရောတကယ်ပဲ အောင်မြင်မှုအစစ်အမှန်လား။ မတော်တဆမှုဖြစ်ပြီးခေါင်းထိသွားလို့ထင်ယောင်ထင်မှားတွေဖြစ်နေတာလားဆိုတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းလှည့်ကွက်လေးတွေကိုပရိသတ်တွေကပဲ ရုပ်ရှင်ပိတ်ကားထက်မှာကြည့်ရှု့ခံစားလိုက်ပါအုန်းနော်။

Source : Movieclips Trailers

 

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John)