ရုပ်ရှင်ဇာတ်ကားတွေတော်တော်များများဟာ ပရိသတ်တွေကို လူကောင်းတွေဆိုရင် အကောင်းတွေချည်းပဲမြင်အောင်၊ လူဆိုးတွေဆိုရင် အဆိုးတွေပဲမြင်အောင် ရိုက်ပြတက်ကြတယ်။ ဒါကလည်း ပရိသတ်တွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေကြားမှာ ရှိတဲ့ကွာခြားချက်ကြောင့်ဖြစ်လိမ့်မယ်ထင်တယ်။ တခါတလေ ရုပ်ရှင်ဖန်တီးသူတွေဟာ တစ်ချို့ဇာတ်ကောင်တွေ ဗီလိန်ဘာကြောင့်ဖြစ်လာရသလဲ၊ ဒီဗီလိန်တွေက တစ်ဖက်ကနေကြည့်ရင် မှန်ကန်တဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ကြတယ်ဆိုတာကို ပရိသတ်တွေဆီ ချပြဖို့အချိန်တွေများကြီး ပေးရပါတယ်။ တစ်ချို့ ဗီလိန်တွေက ဟီးရိုးဇာတ်ကောင်တွေထက်တောင် ကောင်းမွန်တဲ့ လုပ်ရပ်တွေလုပ်ခဲ့ကြတာတွေရှိပါတယ်။
ဒီနေ့ kwee page က ဘယ်လိုဗီလိန်တွေက ဘယ်လိုကောင်းတဲ့လုပ်ရပ်တွေ လုပ်ခဲ့သလဲဆိုတာကို ပြောပြပေးသွားမှာပါ။
ရုပ်ရှင် – X Man series
ဗီလိန် – Magneto
Source: Pinterest
ဗီလိန်ဖြစ်ရတဲ့ အကြောင်းအရင်း – ဇာက်ကားထဲမှာ Magneto ဟာသန္ဓေပြောင်းလူတွေကို ကာကွယ်ပေးချင်တဲ့သူပါ။ သူဟာ လူသားတွေကို လုံးဝမယုံကြည်ပါဘူး။
Magneto ခန့်မှန်းထားတဲ့ အရာတွေအားလုံး အနာဂတ်မှာ တကယ်ဖြစ်လာခဲ့ပါတယ်။ အနာဂတ်မှာ ဟာသန္ဓေပြောင်းလူတွေဟာ သာမာန်လူတွေလို အခွင့်အရေးမရခဲ့ပဲ ကြောက်ကြောက်လန့်လန့် နေခဲ့ရပါတယ်။
ရုပ်ရှင် – Man of Steel
ဗီလိန် – General Zod
Source: Geek Vibes Nation
ဗီလိန်ဖြစ်ရတဲ့ အကြောင်းအရင်း – ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ ကြံစည်ခဲ့ပါတယ်။
မျိုးတုံးတော့မယ် သူတို့ရဲ့ဂြိုလ်သားမျိုးနွယ်ဝင်တွေကို ကာကွယ်ဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်။
ရုပ်ရှင် – The Jungle Book
ဗီလိန် – Shere Khan
Source: Warcraft – Blizzplanet
ဗီလိန်ဖြစ်ရတဲ့ အကြောင်းအရင်း – လူတွေကို သတ်ချင်တာကြောင့် ဗီလိန်ဖြစ်ခဲ့ရပါတယ်။
လူတွေဟာ အန္တာရယ်များတဲ့ သတ္တဝါတွေပါ။ Mowgli ကြောင့် တောနေသတ္တဝါတွေ ကျက်စားနေတဲ့ သစ်တော တဝက်နီးပါး မီးလောင်တဲ့အထိဖြစ်ခဲ့ရပါတယ်။ တစ်ဖက်ကနေကြည့်ရင် တောတောင်ကို ကာကွယ်ဖို့ကြိုးစားတဲ့ Shere Khan လုပ်ရပ်ဟာ မှန်ကန်တယ်လို့ ပြောလို့ရပါတယ်။
ရုပ်ရှင် – Frozen
ဗီလိန် – Hans of the 7 Isles
Source: Medium
ဗီလိန်ဖြစ်ရတဲ့ အကြောင်းအရင်း – Anna ကိုဆွဲဆောင်ပြီး Arendelle တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြံစည်ခဲ့ပါတယ်။
Hans ဟာ Elsa ကို ဗီလိန်ဖြစ်မသွားအောင် တားဆီးနိူင်ခဲ့ပါတယ်။ သူဟာ Elsa ကို “လူတွေကြောက်တဲ့ မကောင်းဆိုးဝါးဖြစ်မသွားပါနဲ့” လို့ပြောခဲ့ပါတယ်။
ရုပ်ရှင် – Lord of the Rings
ဗီလိန် – Gollum
Source: Sky News
ဗီလိန်ဖြစ်ရတဲ့ အကြောင်းအရင်း – ပျောက်သွားတဲ့ လက်စွပ်ကို ပြန်လိုချင်တယ်။ ငါးအစိမ်းတွေကို စားတယ်။
Bilbo ဟာ Gollum ဆီကနေ လက်စွပ်ကို ယူသွားခဲ့ပါတယ်။ မကောင်းဆိုးဝါးစစ်ပွဲဟာ ဒီကနေစတင်ခဲ့တာပါ။ Gollum ဟာ ဒီလိုစစ်ပွဲတွေဖြစ်မလာအောင် နှစ်ပေါင်း (၄၀၀) ခန့် လက်စွပ်ကို Sauron မသိအောင် ထိန်းသိမ်းထားနိူင်ခဲ့ပါတယ်။
ရုပ်ရှင် – The Incredibles
ဗီလိန် – Syndrome
Source: ScreenCrush
ဗီလိန်ဖြစ်ရတဲ့ အကြောင်းအရင်း – စူပါဟီးရိုးတွေ အကုန်လုံးကို သတ်ပစ်ဖို့ကြံစည်ခဲ့ပါတယ်။
သူဟာ သာမာန်လူတွေ ဟီးရိုးတွေအပေါ် အရမ်းကြီးမှီခိုအားထားနေတာကို မလိုလားသူပါ။ သူတီထွင်ထားတဲ့ ပစ္စည်းတွေဟာ လူတိုင်းကို ဟီးရိုးတွေအဖြစ် ပြောင်းလဲပစ်နိူင်ပါတယ်။
ရုပ်ရှင် – Thor: Ragnarok
ဗီလိန် – Hela, Ruler of Hel
Source: Samantha MacLeod
ဗီလိန်ဖြစ်ရတဲ့ အကြောင်းအရင်း – Thor ရဲ့တူကို အစိတ်စိတ်အမွှာအမွှာဖြစ်အောင် ခွဲပစ်လိုက်တယ်။ Thor ကို သတ်ပြီး Asgard ကိုသိမ်းပိုက်ဖို့ကြိုးစားတယ်။
တကယ်တော့ Hela ကိုသူ့အဖေဖြစ်သူ Odin က တစ်ခြားမျိုးနွယ်ဝင်တွေကိုပါ အုပ်ချုပ်နိူင်စွမ်းရှိလာအောင် လေ့ကျင့်သင်ကြားပေးခဲ့တာပါ။ နောက်ပိုင်းမှာ Odin ကစိတ်ပြောင်းသွားပြီး Hela ကိုအကျည်းချခဲ့ပါတယ်။ တကယ့်တော့ Odin ကသာဗီလိန်အစစ်ဖြစ်ပါတယ်။