Disney ထုတ်​လုပ်​​ရေးက ကမ္ဘာ​ကျော်​ 21st Century Fox ရုပ်​ရှင်​အဖွဲ့အစည်းကို ဝယ်​ယူပြီး​နောက်​ လာမယ့်​နှစ်​အတွင်း ထွက်​ရှိမယ့်​ကား​ကောင်း​တွေကို စာရင်းထုတ်​ပြန်​လိုက်​ပါတယ်​။ Disney ပရိသတ်​​တွေရဲ့ အသည်းစွဲဇာတ်​လမ်း​တွေရဲ့ ​နောက်​ဆက်​တွဲ​တွေများစွာပါတဲ့အတွက်​ ရင်​ခုန်​စိတ်​လှုပ်​ရှားစွာ​စောင့်​ကြည့်​နိုင်​​တော့မှာပါ။ဒီကပရိသတ်​​တွေလဲ ကား​ကောင်း​လေး​တွေကို လက်​မလွတ်​ရ​လေ​အောင်​ ထွက်​ရှိမယ့်​​​Dateနဲ့ရုပ်​ရှင်​အမြည်းကိုပါ ပူးတွဲ​တင်ဆက်ပေးလိုက်​ပါတယ်​။

1. The Lion King

Source – Mashable

ထွက်​ရှိမည့်​​နေ့စွဲ-19.7.2019
အဓိကဇာတ်​​ဆောင်​များ- Seth Rogen, Donald Glover, Chiwetel Ejiofor, and Beyoncé.

Cartoonမှာထဲက Animation​တွေနဲ့ ရင်​သပ်​ရှူ​မောဖွယ်​အား​ပေးခဲ့ကြရတဲ့ Lion Kingကို Live Action အဖြစ် အသစ်​တဖန်​ပြန်​လည်​အသက်​သွင်းထားတာဖြစ်​ပါတယ်​။နာမည်​ကြီးသရုပ်​​ဆောင်​များပါမက ကမ္ဘာ​ကျော်​အဆို​တော်​ Beyonce ကပါ အသံသရုပ်​​ဆောင်​အဖြစ်​ပါဝင်​ထားတယ်​ဆို​တော့ ပိုရင်​ခုန်​စရာ​ကောင်း​နေပါပြီ။ကာတွန်းရဲ့ဇာတ်​​ကြောလိုပဲ Simbaလို့​ခေါ်တဲ့ ခြ​င်္သေ့​ပေါက်​​လေးဟာ သူ့အ​ဖေကိုလုပ်​ကြံတဲ့ ကောက်​ကျစ်​တဲ့ဦး​လေးရဲ့ရန်​က အသက်​လု​ပြေး​ရင်း​တောနက်​ထဲ​ရောက်​သွားတယ်​။အဲ့က​နေသူ့ရဲ့​နေရာမှန်​ကို ပြန်သွားနိုင်​​အောင်​ကူညီနိုင်​မယ့်​ သူငယ်​ချင်း​ကောင်း​တွေနဲ့ ​တွေ့ပြီးဘယ်​လိုမျိုးသူ့အ​ဖေရဲ့​တောဘုရင်နေရာကိုပြန်​ယူမလဲဆိုတာ မကြာမှီအချိန်​အတွင်း ခံစားကြည့်​ရှုနိုင်​မှာပါ။

2.Ad astra

Source – Hollywood Reporter

ထွက်​ရှိမည့်​​နေ့စွဲ- 20.9.2019
အဓိကဇာတ်​​ဆောင်​များ- Brad Pitt, Liv Tyler, Tommy Lee Jones, and Donald Sutherland.

တချိန်​ကကမ္ဘာ​ကျော်​မင်းသား​ချော လက်​ရှိချိန်​ထိလဲ အရှိန်​ဟုန်​ကြီးမားဆဲဖြစ်​တဲ့ Brad Pittပါဝင်​ရိုက်​ကူးထားတဲ့ ဇာတ်​ကား​ကောင်းတစ်​ခု ထွက်​ရှိ​တော့မှာဖြစ်​ပါတယ်​။ဒီကားထဲမှာ​တော့ Brad Pittကအာကာသယာဉ်​မှူး Roy McBride အဖြစ်​ပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​။သူဟာ​ပျောက်​ဆုံး​နေတဲ့သူ့အ​ဖေကိုရှာ​ဖွေရင်း ကမ္ဘာ​ပေါ်ကိုကျ​ရောက်​နေတဲ့ ​ဘေးဆိုး​တွေကိုလဲသိရဖို့ solarစနစ်​ရဲ့ပြင်​ပကို ထွက်​ခွာသွားတယ်​။သူ့ရဲ့ခရီးမှာဘလို ရစိတ်​လှုပ်​ရှားစရာ​တွေကြုံ​တွေ့ရမလဲ၊ ဘလိုလျို့ဝှက်​ချက်​​တွေ​ဖော်​ထုတ်​လိုက်​နိုင်​မလဲဆိုတာ ပိတ်​ကားထက်​မှာရှူမြင်​ရ​တော့မှာ ဖြစ်​ပါတယ်​။

3.Maleficent: Mistress of Evil

Source – Hollywood Reporter

ထွက်​ရှိမည့်​​နေ့စွဲ- 18.10.2019
အဓိကဇာတ်​​ဆောင်​များ- Angelina Jolie, Elle Fanning, Michelle Pfeiffer, and Juno Temple

စွယ်​စုံရ Hollywood မင်းသမီးတစ်​လက်​ဖြစ်​တဲ့ Angelina Jolieပါဝင်​သရုပ်​​ဆောင်​ထားတဲ့ Malificentရုပ်​ရှင်​ကားရဲ့ ​နောက်​ဆက်​တွဲဇာတ်​လမ်းတစ်​ခု ထွက်​ရှိ​တော့မှာဖြစ်​ပါတယ်​။ဒီကားထဲမှာ​တော့Malificent ဟာ မင်းသမီး​လေး Aurora ကိုကျိန်​စာတိုက်​ပြီး နှစ်​​ပေါင်းအ​တော်​ကြာရာက​နေ အစပျိုးပါတယ်​။ဒီဒုတိယ​မြောက်​ရုပ်​ရှင်​မှာ​တော့ နတ်​သမီးတပါးနဲ့ ​နောင်​သရဖူ​ဆောင်းမယ့်​ဘုရင်​မတစ်​လက်​တို့ရဲ့ ဆက်​ဆံ​ရေးကို ဘယ်လို Drama ဆန်​ဆန်​ဖော်​ကျူးထားအုန်းမလဲဆိုတာ ​စောင့်​​မျော်​ကြည့်​ရ​တော့မှာဖြစ်​ပါတယ်​။

4. Ford vs Ferrari

Source – CarBuzz

ထွက်​ရှိမည့်​​နေ့စွဲ- 15.11.2019
အဓိကဇာတ်​​ဆောင်​များ – Caitriona Balfe, Christian Bale, Matt Damon, and Jon Bernthal

ကားချစ်​သူ​တွေအတွက်​ အသည်းစွဲဖြစ်​​စေမယ့်​ ကား​ကောင်းတစ်​ကားဖြစ်​မယ်​ထင်​ပါတယ်​။ဒီဇာတ်​လမ်းထဲမှာ Ford Motor Company နဲ့Ferrari တို့ဟာ ၁၉၆၆ခုနှစ်​မှာကျင်းပမယ့်​ ပဲရစ်​ရဲ့နာမည်​​ကျော်​ကားပြိုင်​ပွဲတစ်​ခုမှာထိပ်​တိုက်​​တွေ့ဆုံရမှာဖြစ်​ပါတယ်​။အ​မေရိကန်​ကားဒီဇိုင်းပညာရှင်​ Carroll Shelby နဲ့ ဗြိတန်​ကား​​မောင်းသမား Ken Milesတို့က Fordကုမ္ပဏီအတွက်​ ဘလိုလက်​တွဲညီညီ ပြိုင်​စံရှားတဲ့ပြိုင်​ကားတစ်​စီးကိုတည်​​ဆောက်​​ပေးမလဲ ကမ္ဘာ​ကျော်​Brandနှစ်​ခုရဲ့ အားပြိုင်​မှုက ဘ​လောက်​ထိပြင်းထန်​မလဲဆိုတာ စိတ်​လှုပ်​ရှားစရာ​ကောင်းစွာနဲ့ ​​စောင့်​​မျော်​ကြည့်​ရှူ ရ​တော့မှာဖြစ်​ပါတယ်​။

 

5.Frozen 2

 

Source – KJRH.com

ထွက်​ရှိမည့်​​နေ့စွဲ- 22.11.2019
အဓိကဇာတ်​​ဆောင်​များ-Evan Rachel Wood, Kristen Bell, Sterling K. Brown, and Jonathan Groff.

ကမ္ဘာ​ကျော်​Animation​တွေနဲ့ ပရိသတ်​​တွေကိုယ​နေ့ထက်​ထိ ဖမ်းစားနိုင်​ခဲ့တဲ့ Frozenဟာ ​နံပါတ်​နှစ်​ဆက်​လက်​ထွက်​ရှိလာ​တော့မှာဖြစ်​ပါတယ်​။ဒီဇာတ်​လမ်းမှာဆိုရင်​ နောက်​ဆက်​တွဲအ​နေနဲ့ Elsa,Annaနဲ့ Olafတို့ဟာ Arendelleရဲ့အ​ဝေးကို ​ရောက်​ရှိသွားခဲ့ကြပါတယ်​။သူတို့သုံးဦးအ​နေနဲ့ Elsaရဲ့မူလတန်​ခိုးစွမ်းအင်​​တွေရ​အောင်​ ​ဘလိုရှာပုံ​တော်​ဖွင့်​ကြမယ်​၊ထီးနန်းကိုဘလိုမျိုး ပြန်​လည်​သိမ်းပိုက်​မယ်​ဆိုတာကို ရင်​သပ်​ရှု​မောဖွယ်​ animation​တွေနဲ့အတူ ပရိသတ်​ကြီးစီ​ရောက်​ရှိလာ​တော့မှာဖြစ်​ပါတယ်​။