ကွီးတို့အနေနဲ့ ထွက်သမျှ ရုပ်ရှင်တွေ အကုန်ကြည့်ပြီးတာကြောင့် ကြည့်စရာတွေ မရှိဘူးဖြစ်နေပြီလား။ ဒါဆိုရင်တော့ အခု kwee page ကနေလူသိနည်းတဲ့ ဇာတ်ကားကောင်းတွေကို ဖော်ပြပေးသွားမှာပါ။

(၂၀၁၉) ခုနှစ်မှာ ဇာတ်ကားပေါင်း များစွာထုတ်လုပ်ခဲ့ကြပြီး အခုဖော်ပြပေးမယ့်ဇာတ်ကားတွေဟာ ကောင်းမွန်ကြပေမယ့် ကြော်ငြာအားကောင်းတဲ့ ဇာတ်ကားတွေနောက်မှာ မထင်မရှားဖြစ်နေခဲ့ရတာပါ။

အခုဖော်ပြပေးမယ့် ဇာတ်ကားတွေဟာ ဘက်ဂျက်ရော ကြော်ငြာအတွက်ပါ ငွေကြေးအနည်းငယ်သာ သုံးထားပေမယ့် ဇာတ်လမ်းတစ်ခုလုံးပြီးဆုံးတဲ့အထိ ပရိသတ်တွေကို ဆွဲဆောင်ထားနိူင်လောက်အောင် ကောင်းမွန်ကြပါတယ်။

Put Grandma in the Freezer

Source: Reloas Stores

နိူင်ငံ – အီတလီ

အမျိုးအစား – ဟာသ

IMDb score – ၆.၁

Put Grandma in the Freezer ဟာ အချစ်ဟာသ ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး အကျပ်အတည်းကာလအတွင်းမှာ လူတစ်ယောက် ဘယ်လိုအသက်ရှင်နေထိုင်နိူင်လဲဆိုတာကို ရိုက်ပြထားတာပါ။

ဇာတ်လမ်းအကျဉ်းကတော့ Claudia ခေါ်တဲ့အမျိုးသမီးဟာ Rome မြို့ပေါ်က ဆင်းရဲတဲ့ အနုပညာရှင် တဦးဖြစ်ပါတယ်။ သူမရဲ့ အနုပညာပြခန်းဟာ အဖွားဖြစ်သူရဲ့ ပင်စင်လစာကြောင့် ဆက်လတ်ရပ်တည်နေနိူင်တာပါ။

အရာအားလုံးက သူမအတွက်အဆင်ပြေနေခဲ့ပါတယ်။ ဒါပေမယ့် ဘိန်းဖြူရောင်းဝယ်တဲ့သူတွေကိုလိုက်လှမ်ဖမ်းဆီးနေတဲ့ Simone လို့ခေါ်တဲ့ ရဲသားတစ်ယောက်ဟာ သူမအိမ်ရှေ့မှာ ပေါ်လာတဲ့အခါမှာတော့ သူမရဲ့ဘဝ ပြောင်းလဲမူတွေ စတင်ပါတော့တယ်။

Spread Your Wings

Source: Cinema.mu

နိူင်ငံ – ပြင်သစ်၊နော်ဝေး

အမျိုးအစား – စွန့်စားခန်း၊မိသားစု

IMDb score – ၇.၃

Thomas ဟာ ဂိမ်းနှင့်သူ့ရဲ့ကိရိယာတန်ဆာပလာ တွေကလွဲရင် ဘာကိုမှ စိတ်မဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်းလေးပါ။ တနေ့တော့ ငှက်ပညာရှင် သူ့ရဲ့အဖေဖြစ်သူနဲ့အတူ ရွာတရွာကို သွားကြပါတော့တယ်။

အဖေဖြစ်သူက တောငန်းတွေကို လေ့လာနေချိန်မှာ Thomas အနေနဲ့ အရမ်းကိုပျင်းလာခဲ့ပါတော့တယ်။ ဒါပေမယ့် မျိုးတုံးတော့မယ့် ငန်းမျိုးစိတ်ကို ကယ်တင်ဖို့ စိတ်ဖြတ်ချက်ချလိုက်တဲ့အချိန်မှာတော့ Thomas ရဲ့ဘဝဟာ စိတ်ဝင်စားဖွယ်ကောင်းလာပါတော့တယ်။ သူဟာ သူ့ရဲ့ရည်ရွယ်ချက်ကို ဖြည့်ဆည်းနိူင်ဖို့အတွက် မဟာစွန့်စားခန်းကြီးတခု ဖွင့်ပါတော့တယ်။

Togo

Source: IMDb

နိူင်ငံ – USA

အမျိုးအစား – ဒရာမာ၊စွန့်စားခန်း

IMDb score – ၈.၁

Togo ဇာတ်ကားဟာ Great Race of Mercy အဖြစ်အပျက်ကို ရည်ညွန်းပြီး ရိုက်ကူးထားတာပါ။

အလက်စကာ ပြည်နယ် Nome ဆိုတဲ့မြို့လေးမှာ ကြောက်စရာကောင်းတဲ့ ကပ်ရောဂါတခုဖြစ်ပွားလာခဲ့ပါတယ်။ စွတ်ဖာမောင်းသူတဦးဖြစ်တဲ့ Leonhard Seppala ဟာ Togo လို့အမည်ပေးထားတဲ့ ခွေးဦးဆောင်တဲ့ ခွေးတအုပ်နဲ့အတူ မိုင်ရာချီဝေးတဲ့ ခရီးကို နှင်းမုန်တိုင်းကြားကနေ ရောဂါကိုကုသနိူင်တဲ့ သွေးရည်ကြည် သွားရောက်ယူငင် တဲ့အကြောင်း စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ။

The Farewell

Source: The Banner

နိူင်ငံ – USA

အမျိုးအစား – ဒရာမာ၊ဟာသ

IMDb score – ၇.၇

ဒီဇာတ်ကားဟာ American Golden Globe Awards မှာ BAFTA Awards နှင့် Best Foreign Language Film အတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။

အဓိကဇာတ်ကောင်ဟာ ငယ်ရွယ်တဲ့ စာရေးဆရာ တဦးဖြစ်ပြီးတော့ တရုတ်နိူင်ငံကနေ USA ကိုပြောင်းရွှေ့လာတဲ့သူပါ။ သူမဟာ သူမရဲ့ဘဝအပြာင်းအလဲမှာ အရေးပါခဲ့သူ အားပေးခဲ့သူ အဖွားဖြစ်သူကို လွမ်းဆွတ် သတိရနေခဲ့ပါတယ်။

တနေ့မှာတော့ သူမရဲ့အဖွားဖြစ်သူဟာ နေမကောင်းဖြစ်နေကြောင်း အသက်ရှင်ဖို့ အချိန်သိပ်မရှိတော့ကြောင်း သတင်းရရှိခဲ့ပါတယ်။ မိသားစုတစုလုံးဟာ အဖွားဖြစ်သူကို နုတ်ဆက်ပွဲလုပ်ဖို့ ပြန်လည် စုစည်းတဲ့အချိန်မှာတော့ ဇာတ်လမ်းလေးက စိတ်ဝင်စားဖွယ် ကောင်းလာပါတော့တယ်။

The Boy Who Harnessed the Wind

Source: Jumpstart Magazine

နိူင်ငံ – ဗြိတိသျှ၊ မာလာဝီ

အမျိုးအစား – ဒရာမာ

IMDb score – ၇.၆

ဒီဇာတ်ကားဟာ William Kamkwamba ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ William မိသားစုဟာ ဆင်းရဲလွန်းတာကြောင့် သူ့ကို ကျောင်းဆက်မထားနိူင်ခဲ့ပါဘူး။ ဒါပေမယ့် တနေ့မှာတော့ သူဟာ ကျောင်းစာကြည့်တိုက်မှာ စာအုပ်တွေ ဖတ်ရှု့လေ့လာခွင့်ကို ရရှိခဲ့ပါတယ်။ သူဟာ စာကြည့်တိုက်ထဲမှာ လျှပ်စစ်အင်ဂျင်နီယာ ပညာတွေ၊ စွမ်းအင် ထုတ်လုပ်တဲ့ ပညာတွေအကြောင်း ဖတ်ရှု့လေ့လာပါတော့တယ်။

သူတို့နေတဲ့ရွာမှာ မိုးခေါင်ရေရှားဖြစ်တဲ့အချိန်မှာ သူဟာ တရွာလုံးကိုကယ်တင်နိူင်ဖို့ လေအားအသုံးပြု စက်တခု တီထွင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီစက်ကို တီထွင်ဖို့ ရာ သူ့မိသားစုရဲ့ တန်ဖိုးမဖြတ်နိူင်တဲ့ အရာတခုစွန့်လွှတ်ရဖို့ ဖြစ်လာတဲ့အခါမှာ တော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားကို ကြည့်ဖို့ တိုက်တွန်းပါရစေ။