Crawl

သည်းထိရင်ဖို့ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် Crawl ရုပ်ရှင်ဇာတ်ကားကြီးလာပါပြီ။ Category 5 အဆင့်ရှိတဲ့ Hurricane မုန်းတိုင်းရဲ့ကြား ဖခင်ဖြစ်သူလိုက်ရှာရင်းကြောက်စရာကောင်းတဲ့မိကျောင်းတွေရဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ အသက်ဘေးကလွတ်မြောက်ဖို့ အသည်းအသန်ကြိုးစားရပါတော့တယ်။လေပြင်းမုန်တိုင်းကြောင့် ရေမြုပ်တော့မယ့် အိမ်အောက်ထဲမှာ မိကျောင်းတွေရဲ့တိုက်ခိုက်မှုကြား သားဖနှစ်ယောက် အသက်ရှင်လျက်လွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ခံစားကြရမှာဖြစ်ပါတယ်။

Source : Paramount Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Nay Pyi Taw Cinema, Mingalar Sanpya Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class

 

Yesterday

ဂီတကိုရူးသွပ်လှတဲ့ Jack ဆိုသူအမျိုးသားဟာ အဆိုတော်တစ်ယောက်ဖြစ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။တစ်ရက်မှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပြီး လူတွေအားလုံးက Beatles အဖွဲ့ရဲ့သီချင်းတွေကိုလုံးဝမသိကြတော့ပါဘူး။အဲ့အချိန်မှာ Jack ဟာ Beatles သီချင်းတွေဆိုရင်း နာမည်အရမ်းကြီးတဲ့အဆိုတော်တစ်ယောက် ဖြစ်လာတယ်။ဒါဟာစိတ်ကူးယဉ်သက်သက်ပဲလား ဘယ်လိုစိတ်ဝင်စားစရာအကြောင်းတွေရှိနေတာလဲဆိုတာကိုတော့ ရုပ်ရှင်ပိတ်ကားထက်မှာ Beatles သီချင်းတွေနားထောင်ရင်းနဲ့ ကြည့်ရှု့ခံစားရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Source : Movieclips Trailers

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John)

Spider Man : Far From Home

Marvel ဖန်တွေစောင့်မျှော်နေကြတဲ့ Spider Man : Far From Home ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေပြီပဲဖြစ်ပါတယ်။ဒီဇတ်ကားဟာ Endgame နောက်ပိုင်းမှာ ဆက်လက်ထွက်ရှိလာတဲ့ MCU ရဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Spider-Man , Nick Fury နဲ့ Mysterio တို့ကို အဓိကဇာတ်ကောင်များအဖြစ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ဒီတစ်ခေါက်ဇာတ်ကားမှာရော Spidy တစ်ယောက်ကမ္ဘာပေါ်ကအမျိုးမျိုးသောခြိမ်းခြောက်မှုတွေပြဿနာတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ရုပ်ရှင်ပိတ်ကားထက်မှာကြည့်ရှု့ခံ စားလိုက်ပါအုန်းနော်။

 

Source : Sony Pictures Entertainment

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Nay Pyi Taw Cinema, Mingalar Dagon Center (2), Mingalar Sanpya Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class

Annabelle Come Home

Annabelle ဖန်တွေအတွက် ဒီတစ်ခါမှာတော့ ” Annabelle Come Home ” ဇာတ်ကာကြီးရုံတင်လိုက်ပြီလို့ လက်တို့ပေးလိုက်ချင်ပါတယ်။ဒီတစ်ခါမှာရော ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်လှုပ်ရှားစရာကောင်းအောင် ကြည့်ရမလဲဆိုတာကို သိချင်ရင်တော့ Annabelle Come Home ကိုငွေရောင်ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှု့ခံစားလိုက်ရအောင်။

 

Source : Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Nay Pyi Taw Cinema, Mingalar Sanpya Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class

ဒဏ္ဍာရီမိုး

ဒဏ္ဏာရီမိုးဇာတ်ကားကတော့ ဒါရိုက်တာဝင်းလွင်ထက်ရဲ့ ရိုက်ကူးဖန်တီးမှုတွေနဲ့ ပရိသတ်အချစ်တော်ညို့အားပြင်းမင်းသားချော ရဲတိုက်ပထမဆုံးပြန်လည်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ရဲတိုက်နဲ့အတူ ဒေါင်း ၊ ရွှေထူး ၊ မင်းသမီးချော ဝတ်မှုန်ရွှေရည်စတဲ့နာမည်ကြီးအနုပညာရှင်တွေ ပါဝင်ရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။မိုးရာသီရဲ့လွမ်းမောအငွေ့အသက်တွေနဲ့ မိုးရာသီရောက်တိုင်းလွမ်းဆွတ်တတ်သူတွေအကြိုက်တွေ့စေမယ့်ဇာတ်ကားတစ်ကားဖြစ်တာကြောင့် အမြန်ဆုံးသွားကြည့်လိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

https://youtu.be/bO6exwWAH84

 

Source : Mac Crazy

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin

အနန္တ

အနန္တ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးထားပြီး ဖြိုးငွေစိုး ၊ သားညီ ၊ နန်းဆုဦး ၊ စိုင်းလွမ်း ၊ စိုးရန်အောင် ၊ နေဝင်း ၊ ဧကရီမှူးပိုင် ၊ ကျော်ကိုကိုဝေ ၊ ဇင်မိုး ၊ ဂျွန်နသန်ချီ ၊ ချမ်းမေမြတ်နိုး ၊ နန်းထိုက်အောင် ၊ သက်ထားဝေဇင် စတဲ့အနုပညာရှင်များစွာက ပါဝင်အားဖြည့်ရိုက်ကူးထားကြတာပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ CGIနည်းပညာဖြင့်ပြုလုပ်ဖန်တီးထားတဲ့ မြန်မာ့ပထမဆုံး သိပ္ပံရုပ်ရှင်ဇာတ်ကား ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ သွားရောက်ကြည့်ရှု့သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Source : Myanmar Movie Trailer

ပြသပေးသွားမည့် ရုံများ

Thwin Cinema, Shae Saung Cinema, Mingalar Sanpya Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)

စိန်ဂေါ်လီမယောင်္ကျား

စိန်ဂေါ်လီမယောင်္ကျား ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာကိုဇော် (အာရုဏ်ဦး) ရိုက်ကူးတင်ဆက်ထားပြီး ကျော်ရဲအောင် ၊ ပြေတီဦး ၊ စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည်တို့လို နိုင်ငံကျော်သရုပ်ဆောင်တွေအပြင် ခင်လှိုင် ၊ တက္ကသိုလ်ဂွမ်းပုံစတဲ့ ဝါရင့်ဟာသသရုပ်ဆောင်တွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ ဟာသဇာတ်ကားကြီးဖြစ်ပါတယ်။ တောမှာ မွှေတာမဝလို့ မြို့တက်ပြီး အမွှေစိန်လုပ်ကြအုန်းမယ့် ခိုင်သင်းကြည်နဲ့ ဂွမ်းပုံတို့ရဲ့ အရှုပ်တော်ပုံတွေကြည့်ရှု့ခံစားရင်း ဘဝအမောတွေပြေပျောက်စေဖို့ အခုပဲသွားရောက်ကြည့်ရှု့ခံစားလိုက်ကြပါအုန်းနော်။

https://youtu.be/JgysXNQSPm0

Source : Mac Crazy

ပြသပေးသွားမည့် ရုံများ

Thwin Cinema, Shae Saung Cinema, Mingalar Sanpya Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)