Birds of Prey

Harley Quinn ပရိတ်သတ်တွေအားလုံးပဲ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်မျှော်နေတဲ့ Birds of Prey ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသလို့နေပြီဖြစ်ပါတယ် ။Jokerနဲ့ လမ်းခွဲပြီးအသည်းကွဲနေတဲ့ Harley Quinn တစ်ယောက် Gotham မြို့ကြီးရဲ့ ဒုစရိုက်ဂိုဏ်းခေါင်း ဆောင် Black Mask သတ်မိန့်ထုတ်ထားတဲ့ Cassandra Cain ဆိုသူမိန်းကလေးကို ကယ်တင်ဖို့ Black Canary, Huntress, Renee Montoya တို့နဲ့ ပူးပေါင်းရပါတော့တယ်။အမိုက်စားအက်ရှင်တွေနဲ့ ရင်သက်ရှု့မောဖွယ်ဇာတ်ဝင်ခန်းတွေကိုကြည့်ရှု့ရမှာဖြစ်တဲ့အတွက် Harley Quinn ပရိတ်သတ်တွေအတွက်တော့လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Source : Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Kantharyar.

Sonic The Hedgehog

ချစ်စရာကောင်းတဲ့ အပြာရောင်ကောင်လေး Sonic ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မြင်တွေ့ရမယ့် Sonic The Hedgehog ရုပ်ရှင်ဇာတ်ကားကတော့ ဗီဒီယိုဂိမ်းကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားတဲ့ အမိုက်စားရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ Sonic ဟာ တခြားဂြိုလ် ကနေ ကမ္ဘာမြေပေါ်ရောက်ရှိလာတဲ့ စွမ်းအားရှင်လေးဖြစ်ပြီး Sonic ရဲ့ထူးခြားတဲ့စွမ်းအားတွေသိတဲ့ Dr. Robotnik တစ်ယောက် Sonic ကိုအသုံချပြီး ကမ္ဘာကြီးကိုထိန်းချုပ်ဖို့ လိုက်လံဖမ်းဆီးပါတော့တယ်။Sonic တစ်ယောက် Dr. Robotnik ရဲ့လက်ကနေလွှတ်မြောက်ဖို့ကြိုးစားရင်း မိတ်ဆွေသစ် Tom Wachowski နဲ့ တွေ့ဆုံကာ Dr. Robotnik ကိုပြန်လည်ခုခံတိုက်ခိုက်ကြပုံတွေကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။

Source : Paramount Pictures

ပြသပေးသွားမည့် ရုံများ

Junction City,  City Mall (St.John) , Kantharyar , Nay Pyi Taw , Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa,Mingalar Cinemas Red Suite , Mingalar Cinemas Gold Class .

Love Aaj Kal

ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ Love Aaj Kal ရုပ်ရှင်ဇာတ်ကားကြီးက မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။Veer ဆိုတဲ့ကောင်လေးနဲ့ Zoe ဆိုတဲ့ကောင်မလေးတို့နှစ်ယောက်ဟာ မထင်မှတ်ပဲ ကလပ်တစ်ခုမှတွေ့ဆုံခဲ့ကြပေမယ့် Veer ကတော့ Zoe ကိုတကယ်ချစ်သွားခဲ့ပါတယ်။ Zoe ကသူမရဲ့အလုပ်ကိုပဲ ဦးစားပေးသူတစ်ယောက်ပါ။တစ်ရက်မှာတော့ Zoe ရဲ့စိတ်တွေပြောင်းလဲလာပြီး နှလုံးသားနောက်လိုက်ခွင့်ပြုခဲ့ပါတယ်။သူမအနေနဲ့ အချစ်ကိုခံစားလာတဲ့အချိန်မှာသူမအလေးနက်ထားခဲ့တဲ့အလုပ်နဲ့ဘဝမှာလစ်ဟာမှုတွေရှိလာပါတော့တယ်။သူမအနေနဲ့ အချစ်ကိုပဲဆက်ရွေးမလား အလုပ်နဲ့ဘဝကိုပဲဆက်ရွေးမလားဆိုတာ ပရိတ်သတ်တွေကပဲ ငွေရောင်ပိတ်ကားအထက်မှာကြည့်လိုက်ပါအုန်းနော်။

Source : Maddock Films

ပြသပေးသွားမည့် ရုံများ

Junction City, Kantharyar.

အချစ်ဖြင့်လွမ်းစေ

အချစ်ဖြင့်လွမ်းစေ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရန်ကုန်တက္ကသိုလ် နှစ် ၁ဝဝပြည့်ကို ဂုဏ်ပြုပြီး ရိုက်ကူးထားဇာတ်ကားတစ်ကားဖြစ်ပြီး စာရေးဆရာမနုနုရည် အင်းဝရဲ့ ဇာတ်လမ်းကို ဇာတ်လမ်းနဲ့ ဒါရိုက်တာအဖြစ် နေသန်မောင်မှ ပြန်လည်ခံစားရိုက်ကူးထားတာဖြစ်ပတယ်။ ဒီဇာတ်ကားမှာတော့ ဒေါင်း အောင်လွင် မင်းဦး
ပိုင်ဖြိုးသု အိန်ဂျယ်လမုန် မျိုးသန္တာထွန်းတို့အပြင် မျက်နှာသစ်သရုပ်ဆောင်များစွာပါဝင်အားဖြည့်ရိုက်ကူးထားပါတယ်။ပျော်ရွှင်ကြည်နူးစရာ အလွမ်းခံစားချက်အစုံကိုကြည့်ရှု့ခံစားရမယ့် အချစ်ဖြင့်လွမ်စေရုပ်ရှင်ဇာတ်ကားကြီးကိုပရိသတ်တွေ သွားရောက်ခံစားကြည့်ရှု့လိုက်ပါအုန်းနော်။

OFFICIAL TRAILER: LONGING with LOVE

OFFICIAL TRAILER: LONGING with LOVE“မင်းလတ်ကိုချစ်တဲ့အချစ်မျိုးနဲ့ ငါဘယ်သူ့ကိုမှ မချစ်နိုင်ဘူး။ မင်းလတ်လိုအပ်တဲ့အချိန်တိုင်းမှာ ငါသူ့အနားမှာရှိနေပေးမှာ။ မင်းလတ်အနားမှာ ဘယ်သူ့မှမရှိတော့ဘူးဆိုရင်တောင် ငါအမြဲတမ်းသူ့ဘေးနားမှာရှိနေပေးမှာဟ”✨✨‌‌‌‌ဖေဖော်ဝါရီ ၁၃ (ဗိုလ်ချုပ်မွေး‌နေ့) တွင် ရုံတင်ပြီ✨✨

Posted by အချစ်ဖြင့်လွမ်းစေ-Longing with Love on Thursday, January 16, 2020

Source : Longing with Love

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Kantharyar.

Happy Old Year

အချစ်ဒရမ်မာ ဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် Happy Old Year လို့အမည်ရတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ပရိသတ်အချစ်တော်မင်းသားချော Sunny Suwanmethanon နဲ့ မင်းသမီး Chutimon Chuengcharoensukying တို့ကအဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။ Aim လို့အမည်ရတဲ့ကောင်မလေးဟာ မထင်မှတ်ပဲ ချစ်သူဟောင်းနဲ့အတူရှိခဲ့တဲ့ အမှတ်တရပစ္စည်းတွေကိုပြန်လည်တွေ့ရှိခဲ့ပြီး မမေ့နိုင်စရာအတိတ်ကအဖြစ်အပျက်တွေကိုပြန်သတိရလာခဲ့ပါတယ်။ဒီပစ္စည်းတွေကိုလွင့်ပစ်လိုက်ရမလား ချစ်သူဟောင်းကိုပဲပြန်ပေးလိုက်ရမလား ဝေခွဲမရတဲ့ခံစားချက်တွေနဲ့ ဖီးလ်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်တာကြောင့် သွားရောက်ကြည့်ရှု့လိုက်ပါအုန်းနော်။

Source : GDH

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Kantharyar.

မြမြ

မြန်မာနိုင်ငံမှာဟော့အဖြစ်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကိုအခြေခံရိုက်ကူးထားတဲ့ မြမြဇာတ်ကားကတော့ လမ်းဇာတ်နှင့်ဒါရိုက်တာ ညိုမင်းလွင်မှပုံဖော်ရိုက်ပြီး သရုပ်ဆောင်သင်ဇာဝင့်ကျော် မင်းတော်ဝင် ဒီဒီး မျိုးလှိုင်ဝင်း လင်းနေ ကိုဆိုင်း ယမှုံ ခင်ထွေးစုလှိုင် မတူး စတဲ့နာမည်ကြီးသရုပ်ဆောင်တွေနဲ့ မျက် နှာသစ်သရုပ်ဆောင်တွေများစွာပါဝင်ရိုက်ကူးထားတဲ့ဇာတ် ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ ပြောများခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ရုပ်ရှင်အနေနဲ့ ပြန်လည်ပုံ ဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သွားရောက် ကြည့်ရှုှု့သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Source : JCGV

ပြသပေးသွားမည့် ရုံများ

Junction City, Junction Mawtin, Kantharyar.

Bad Boys For Life

ပရိသတ်တွေစောင့်မျော်နေကြတဲ့ အချစ်တော်မင်းသားကြီး Will Smith နဲ့ Martin Lawrence နှစ်ဦးပူးပေါင်းရိုက်ကူးထားတဲ့ Bad Boys For Life ရုပ်ရှင်ဇာတ်ကားကြီးစတင်ရုံ တင်ပြသလို့နေပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ထွက်ရှိခဲ့တဲ့ Bad Boys 2 ဇာတ်ကားနောက်ပိုင်းမှ ပထမဆုံးပြန်လည်ထွက်ရှိလာတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မိုင်ယာမီရဲတပ်ဖွဲ့ရဲ့ စုံထောက်နှစ်ဦးဖြစ်တဲ့ Mike နဲ့ Marcus တို့နှစ်ဦးဟာ ပင်စင်ယူပြီး ဘဝကိုအေးချမ်းစွာဖြတ်သန်းဖို့ဆုံးဖြတ်ထားပေးမယ့် အမှုဟောင်းတစ်ခုမှာပါဝင်နေတဲ့သူတွေ လုပ်ကြံသတ်ဖြတ်ခံနေရ တာကြောင့် လူသတ်သမားတွေကိုလိုက်လံဖော်ထုတ်ဖို့ စတင်ကြရပါတော့တယ်။ အမိုက်စားအက်ရှင်တွေ ဟာသဇာတ်ခန်းတွေနဲ့ Bad Boys For Life ဇာတ်ကားကြီးကလည်း ပရိသတ်တွေအကြိုက်တွေ့ရအုန်းမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

Source : Sony Pictures Entertainment

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John), Kantharyar.  Nay Pyi Taw , Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa,Mingalar Cinemas Red Suite , Mingalar Cinemas Gold Class .

ပလေယာ

ပလေယာဇာတ်ကားကြီးကတော့ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးပြီး မင်းသားချော မြင့်မြတ် ထွန်းထွန်း တိုင်ရွှန် ခင်လှိုင် အေးချမ်းမောင် ခင်လှိုင် အိချောပို စိုးမြတ်သူဇာ ဆောင်းဝတ်ရည်မေ ခေမီကိုစတဲ့နာမည်ကြီး သရုပ်ဆောင်တွေများစွာအပြင် ဝါရင့်ဇာတ်ပို့ဇာတ်ရံတွေနဲ့ မြိုင် မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပလေယာတွေရဲ့ အကောင်းဆုံး လှည့်ကွက်တွေနဲ့ ရယ်မောပျော်ရွှင်ဖွယ် တလွဲ လုပ်ရပ်တွေကြား တဝါးဝါးရယ်နေရမှာဖြစ်တာကြောင့်ဘဝ အမောတွေပြေပျောက်စေဖို့ ပလေယာရုပ်ရှင်ဇာတ်ကားကြီး ကိုသွားရောက်ကြည့်ရှု့ဖို့ တိုက်တွန်းချင်ပါတယ်။

Source : Mingalar Cinemas

ပြသပေးသွားမည့် ရုံများ

Tha Ma Ta Cinema , Thwin Cinema ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .