လိပ်ပြာစံအိမ် The Only Mom

ပုံသေကားချပ်လိုဖြစ်နေတဲ့ သရဲကားတွေထဲကမှ ခွဲထွက်လာတဲ့ သရဲကားတစ်ကားပဲဖြစ်တဲ့အပြင် နောက်ထပ်ထွက်ရှိလာမယ့် သရဲကားတွေ စံနမူနာယူထိုက်တဲ့ သရဲကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ မြှုပ်ကွက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပရိသတ်ကို အဆုံးသတ်မှာဘာဖြစ်မလဲဆိုတဲ့ သိချင်စိတ်တွေတဖွားဖွားပေါ်လာအောင် ဆွဲဆောင်နိုင်တဲ့ကားလေးပါပဲ။ ဇာတ်လမ်းအစမှာတော့ မိသားစုတစ်စုက အိမ်တစ်အိမ်ကို ပြောင်းရွေ့လာတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အိမ်မှာ မကျွတ်မလွတ်တဲ့ဝိဥာဉ်ရှိနေခဲ့တယ်။ သီတာဆိုတဲ့ ကလေးဝိဥာဉ်လေးပေါ့။ ထိုအိမ်လေးသို့ ပြောင်းရွှေ့လာတဲ့မိသားစုထဲမှာ သီရိဆိုတဲ့ကလေးမလေးတစ်ယောက်ပါတယ်။ သီရိမှာ သူမကို အရမ်းချစ်တဲ့ အမေတစ်ယောက်ရှိပေမယ့် သီရိက အလိုလိုက်ခံထားရတဲ့ ကလေးဆိုးလေးတစ်ယောက်လိုဖြစ်နေတယ်။ သူမရဲ့ အရမ်းချစ်တတ်တဲ့အမေကို သီတာဆိုတဲ့ ကလေးဝိဥာဉ်လေးက ပိုင်ဆိုင်လိုစိတ်ဖြစ်လာတဲ့အခါမှာတော့ သီရိရဲ့အမေက ထိုစံအိမ်ထဲမှာ သရဲအဖြစ်နဲ့နေရမလား၊ သီရိတို့မိသားစုလေး ဘာတွေဆက်ဖြစ်မလဲ သိချင်ရင်တော့ ပိတ်ကားထဲမှာ အဖြေရှာလိုက်ကြရအောင်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin

Alita: Battle Angel

Alita ဆိုတဲ့ စက်ရုပ်မလေးကို စက်ရုပ်တီထွင်ပြုလုပ်သူ သိပ္ပံပညာရှင်က စွန့်ပစ်ထားတဲ့ အမှိုက်ပုံထဲက ခေါ်ယူလာပြီး ပြန်လည်အသက်သွင်းပေးခဲ့တယ်။ Alita က အကောင်းပကတိပြန်ဖြစ်ခဲ့ပေမယ့် သူမအတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ မှတ်ဥာဏ်တွေကိုတော့ ဆုံးရှုံးသွားခဲ့တယ်။ စက်ရုပ်မလေးက သူမရဲ့ဘဝသစ်မှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေထိုင်တဲ့အချိန်မှာ သူမကို ဖျက်ဆီးပစ်ချင်နေတဲ့ ရန်သူတွေရောက်ရှိလာခဲ့တယ်။ ထိုလူတစ်စုက Alita ကို ဖျက်ဆီးပစ်ချင်တဲ့အကြောင်းအရင်းက ဘာများဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒါရိုက်တာ ဂျိမ်းကင်မရွန်းရိုက်ကူးထားတဲ့ Alita: Battle Angel ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုဖို့ သတင်းကောင်းပါးလိုက်ပါတယ်။

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St. John), Nay Pyi Taw Cinema, Mingalar Dagon Centre (II), Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein)

ကြာတော့သည်လည်း မောင့်စကား

နိုင်ငံကျော် စာရေးဆရာမ ဂျူးရဲ့ “ ကြာတော့သည်လည်း မောင့်စကား ” ဝတ္ထုကို ဒါရိုက်တာမီးပွားက ပြန်လည်ပုံဖော်ရိုက်ကူးထားပြီး စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဘယ်တစ်ယောက်က အသည်းကွဲရမလဲဆိုတာကို သိချင်ပါသလား။ ကြာတော့သည်လည်း မောင့်စကား ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုလိုက်ရအောင်။

ပြသပေးသွားမည့် ရုံများ

Junction Square

The Night Of Shadows: Between Yin And Yang

ဂျက်ကီချန်းပရိသတ်တွေအတွက် လက်မလွတ်သင့်တဲ့ သိုင်းကားတစ်ကားပဲဖြစ်ပါတယ်။ ဂျက်ကီချန်းက မိစ္ဆာတွေကို ဖမ်းဆီးပြီး ကောင်းတဲ့မိစ္ဆာတွေကိုတော့ သူ့အနားမှာခေါ်ထားကာ ပြုပြင်ပေးလို့မရဘဲ ဆိုးသွမ်းတဲ့မိစ္ဆာတွေကိုတော့ Yin And Yang ဆိုတဲ့စာအုပ်ထဲမှာ ပိတ်လှောင်ထားတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဂျက်ကီချန်းက အသက်ကြီးလာတော့ ကြေးမုံမိစ္ဆာမတစ်ကောင်ကို သွားတွေ့တယ်။ အဲ့ဒီမိစ္ဆာမမှာ ချစ်ကျွမ်းဝင်နေတဲ့ လူသားတစ်ယောက်ရှိနေပြန်တယ်။ ဂျက်ကီချန်းတစ်ယောက် အဲ့ဒီမိစ္ဆာမကို ခါတိုင်းလိုပဲ ဖမ်းနိုင်ပါ့မလား။ လူသားက ဘယ်လိုဝင်ရှုပ်မလဲဆိုတာ သိချင်ရင်တော့ The Night Of Shadows: Between Yin And Yang ကို သွားကြည့်ဖို့ ဖိတ်ခေါ်လိုက်တယ်နော်။

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall

ချစ်ခြင်းကို မခွဲပါနဲ့

ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ရွှေပြည်ကတုံးက ရိုက်ကူးပြီး ရန်အောင်၊ အားသစ်၊ ထွန်းအိန္ဒြာဗို၊ အိချောပို၊ နေဆန်း၊ နဒီဝင့်နိုင်နဲ့ အခြားအနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ချစ်ခြင်းကို မခွဲပါနဲ့ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်နေပြီနော်။

https://youtu.be/o5V64Tdj1jc

ပြသပေးသွားမည့် ရုံများ

City Mall (St.John), Shae Saung, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein)

မနောမြေမှ ကျောက်စိမ်းကမ္ဘာ

၂၀၁၆ ခုနှစ်မှာ မြန်မာ့ရုပ်ရှင်အထူးဆုကို ဆွတ်ခူးရရှိခဲ့တဲ့ မနောမြေမှ ကျောက်စိမ်းကမ္ဘာ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်နေပါပြီ။ ကချင်ပြည်နယ်ရဲ့ သဘာဝရှုခင်းတွေကို ပိတ်ကားထက်မှာ တဝကြီးရှုမြင်ခံစားရမယ့်အပြင် ကျောက်တူးသမားတွေရဲ့ ဘဝတွေကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ပြသပေးသွားမည့် ရုံများ

Junction City, City Mall, Junction Mawtin, Shae Saung, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein)

The Prodigy

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် The Prodigy ဇာတ်ကားကို အကြိုက်တွေ့ကြမှာပါ။ Sarah နဲ့ John Blume တို့မှာ Miles လို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ရှိတယ်။ သူတို့ မိသားစုလေးက ပျော်ရွှင်ဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုလေးပဲဖြစ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပျော်ရွှင်မှုတွေက Miles ရဲ့ အသက်ရှစ်နှစ်ပြည့်မွေးနေ့မှာ နိဂုံးချုပ်သွားပါတော့တယ်။ အကြောင်းကတော့ သူတို့ရဲ့သားလေးမှာ ထူးခြားတဲ့ မှတ်ဥာဏ်နဲ့ စွမ်းအင်တွေ ပိုင်ဆိုင်လာလို့ပါပဲ။ ထိုစွမ်းအင်တွေကို အမှောင်ကမ္ဘာထဲမှရရှိပြီး သူတို့ရဲ့သားလေးကို မကောင်းဆိုးဝါးက ထိန်းချုပ်ထားတာကို သိလိုက်ရတဲ့အခါမှာတော့ Sarah တို့လင်မယား ဆောက်တည်ရာမရဖြစ်သွားပါတော့တယ်။ ထိုမကောင်းတဲ့စွမ်းအင်တွေက သူတို့သားလေးဆီကနေ ပျောက်ပျက်သွားပါ့မလား၊ သူတို့ရဲ့ မိသားစုအရင်လိုပဲ ပျော်ရွှင်မှုတွေ ပြန်လည်ရရှိပါ့မလားဆိုတာကို သိချင်ရင်တော့ ပိတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ သွားရောက်ကြည့်ရှုခံစားလိုက်ပါ။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema

ဝမ်းဝမ်းလေး

မိဘတွေ သဘောတူပေးစားလို့သာ ယူခဲ့ရပြီး မတည့်အတူနေဖူးစာကို အခြေတည်ကာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားသူများကတော့ ရန်အောင်၊ ရဲအောင်၊ အားသစ်၊ မို့မို့မြင့်အောင်၊ အိချောပိုနဲ့ အခြားအနုပညာရှင်ပေါင်းများစွာတို့ဖြစ်ပါတယ်။ အချစ်ဟာသကားလေးမို့ တစ်ပတ်တာလုံး ဘဝအမောတွေကို ပြေပျောက်စေမှာပဲဖြစ်ပါတယ်။

https://youtu.be/wLfC9FMNJdE

ပြသပေးသွားမည့် ရုံများ

Junction City, Junction Mawtin, Shae Saung, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein)

Show Time @ Junction Cinemas

Sunday _ Thursday: 10 AM, 1PM, 4PM, 7PM

Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas

Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM

Cinema Telephone Booking Contacts

Junction Maw Tin | 01 225 244

Junction City | 01 9253591, 01 9252592

Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165

Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73

Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92