Pet Sematary
Dr. Louis Creed က သူ့မိန်းမရယ် ကလေးနှစ်ယောက်နဲ့အတူ ဘော်စတွန်ကနေ Maine လို့ခေါ်တဲ့ ကျေးလက်ဒေသလေးကို ပြောင်းရွှေ့လာခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ သူတို့လင်မယားက သူတို့အိမ်နားက သစ်တောရဲ့ မြေကြီးအောက်မှာ ထူးဆန်းကြောက်မက်ဖွယ်ရာတွေ မြှုပ်နှံထားတယ်ဆိုတာကို သိရှိသွားခဲ့ကြတယ်။ သိသိချင်းပဲ Louis က သူ့ရဲ့အိမ်နီးချင်း Jud Crandall ဆီ ဘာတွေလုပ်ရမလဲဆိုပြီး အကူအညီ အကြံဥာဏ်သွားတောင်းတော့တာပေါ့။ Louis တို့ မိသားစု ဘယ်လိုထူးဆန်းကြောက်မက်ဖွယ်ရာတွေနဲ့ ကြုံတွေ့ရတာလဲ၊ သူတို့ မိသားစု ဘေးအန္တရာယ် ကင်းလွတ်နိုင်ပါ့မလားဆိုတာကို “Pet Sematary” ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားထဲမှာ ရင်တထိတ်ထိတ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Source: Paramount Pictures
ပြသပေးသွားမည့် ရုံများ
Junction City, Junction Square, City Mall (St.John), Nay Pyi Taw Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Yein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)
Shazam
အသက် ၁၄ နှစ်အရွယ် Billy Batson ဆိုတဲ့ကောင်လေးက စူပါပါဝါတွေ လက်လွှဲရယူဖို့အတွက် ရွေးချယ်ခံခဲ့ရပါတယ်။ Shazam ဆိုတဲ့ နာမည်ကို အော်ခေါ်လိုက်မှ ထိုစူပါပါဝါတွေ ရရှိမှာပါ။ စူပါပါဝါတွေရလာတော့ သွင်ပြင်လက္ခဏာက လူကြီးအသွင်ပြောင်းသွားပေမယ့် စိတ်ကတော့ ကလေးစိတ်ဖြစ်နေတုန်းပေါ့။ ဆယ်ကျော်သက်လူငယ်တွေရဲ့ သဘာဝအတိုင်း လက်တည့်စမ်းရင်းကနေ သူ့ရဲ့ စွမ်းအင်တွေကို လူသားတွေကောင်းကျိုးအတွက် အသုံးမချနိုင်ဘဲ တလွဲနေရာတွေမှာ အသုံးချနေမိတဲ့ Shazam တစ်ယောက် လူဆိုးကြီး Dr.Thaddeus Sivana လက်ထဲကနေ လူသားတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကို ပိတ်ကားထက်မှာ သွားကြည့်လိုက်ရအောင်။
Source: Warner Bros. Pictures
ပြသပေးသွားမည့် ရုံများ
Junction City, Junction Square, City Mall (St.John)
သစ္စာနန်းတော်
လွန်းထားထားရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူးပုံဖော်ထားပြီး မြင့်မြတ်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီနဲ့ အခြားသော အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားတဲ့ “သစ္စာနန်းတော်” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်နေပါပြီနော်။
Source: Myanmar LOVE Media
ပြသပေးသွားမည့် ရုံများ
Junction City, Junction Square, City Mall (St.John), Junction Mawtin
မုဒြာရဲ့ ခေါ်သံ
ရုပ်ရှင်ချစ်သူတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားတဲ့ ခီမောင်နှံနဲ့ အခြားအနုပညာမောင်နှမများ အင်တိုက်အားတိုက် သရုပ်ဆောင်ထားတာကို တွေ့မြင်ရမယ့်အပြင် မြန်မာ့အလှ၊ မြန်မာ့ရှုခင်းတွေကို တဝကြီး ကြည့်ရှုခံစားရမယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဒီကားကိုလည်း ပရိသတ်တွေရဲ့ တောင်းဆိုချက်အရ ပြန်လည်ရုံတင်လိုက်တာပဲဖြစ်ပါတယ်။
Source: Myanmar Cele Crazy
ပြသပေးသွားမည့် ရုံများ
Junction City, Junction Mawtin
မီ
ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုပ်ရှင်ကြည့်ချစ်ပရိတ်သတ်တွေကို အထူးတလည် ပြောပြနေစရာတောင် လိုမယ်မထင်ပါဘူး။ ပိုင်ဖြိုးသုရဲ့ ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေ၊ နေတိုးရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်ွေကအပြင် အခြားအနုပညာရှင်ပေါင်းများစွာရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်၊ ဒါရိုက်တာ ဏကြီးရဲ့ ထိမိလှတဲ့ ရိုက်ကူးချက်တွေကို မျက်ဝါးထင်ထင်တွေ့ မြင်ရမှာပါ။ ရုပ်ရှင်ကားကောင်းတစ်ကားကို ငတ်မွတ်နေတဲ့သူတွေအတွက် ကြည့်ရတာ အားရစေမယ့် ရုပ်ရှင်ဒရာမာ ဇာတ်ကားကြီးကို ထပ်မံရုံတင်ပေးလိုက်တာပဲဖြစ်ပါတယ်။
Source: Momolay Tv
ပြသပေးသွားမည့်ရုံများ
Junction City, Junction Mawtin
Amavas
သည်းထိတ်ရင်ဖို သရဲကားတွေကို ရင်တလှပ်လှပ်နဲ့ ကြည့်ချင်သူများအတွက် Amavas ဆိုတဲ့ အိန္ဒိယသရဲကား ရုံတင်နေပါပြီ။ ကြင်စဦးဇနီးမောင်နှံနှစ်ယောက်က အိမ်ကြီးတစ်အိမ်မှာ ပြောင်းရွှေ့နေထိုင်တဲ့ပုံစံကနေ ဇာတ်အိမ်တည်ထားတာပါ။ ကံဆိုးချင်တော့ ထိုအိမ်ထဲမှာ မကျွတ်မလွတ်တဲ့ ဝိညာဉ်ကြီး ရှိနေပါတယ်။ ထိုဇနီးမောင်နှံကို သရဲတွေက ဘာ့ကြောင့် ဒုက္ခပေးခြောက်လှန့်နေကြတာလဲ၊ သူတို့ဇနီးမောင်နှံ ဘေးအန္တရာယ်ကင်းပါ့မလားဆိုတာကို သိချင်ရင်တော့ Amavas ကို ရုပ်ရှင်ရုံမှာ သွားကြည့်လိုက်ကြနော်။
Source: Viiking Official
ပြသပေးသွားမည့် ရုံများ
Junction City
မျက်နှာပြင်များ
ဒါရိုက်တာ ဥာဏ်ထင်ရိုက်ကူးထားပြီး ခါရာ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံနဲ့အခြားသော အနုပညာရှင်ပေါင်း များစွာ ပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ အကောင်းဆုံး နောက်ခံတေးဂီတဆုကို ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဆိုလည်း မမှားပါဘူး။
Source: Shutter Production
ပြသပေးသွားမည့် ရုံများ
Junction City
မုန်းစွဲ
ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗိုလ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းနဲ့ အခြားအနုပညာရှင်များလည်း အင်တိုက်အားတိုက်နဲ့ ကြိုးစားထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး။ အသံပိုင်းစနစ်ရော ရုပ်ရှင်ဇာတ်အိမ်ရော ခိုင်မာတဲ့အပြင် အနုပညာရှင်တွေရဲ့ ကြိုးစားမှုတွေက ပရိသတ်တို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးစေမှာဖြစ်လို့ သွားကြည့်လိုက်ကြဦးနော်။
https://youtu.be/xFjui41nZcA
Source: Kyawya Aung
ပြသပေးသွားမည့် ရုံများ
Junction City, Junction Mawtin
Us
Adelaide Wilson ဆိုတဲ့ အမျိုးသမီးက သူ ငယ်ငယ်ကကြီးပြင်းခဲ့တဲ့ ပင်လယ်ကမ်းခြေနားက အိမ်ဆီသို့ သူမရဲ့ အမျိုးသားရယ် ကလေးတွေနဲ့အတူတူ အလည်တစ်ခေါက်ပြန်လာခဲ့တယ်။ အတိတ်က စိတ်ဒဏ်ရာတစ်ခုကြောင့် မကောင်းတဲ့အရာတစ်ခုခု ဖြစ်ပျက်တော့မယ်ဆိုပြီး စိတ်တထင့်ထင့်နဲ့ သူမ စိုးရွံ့နေခဲ့တယ်။ မှောင်မိုက်တဲ့ညတစ်ညမှာ မျက်နှာဖုံးနဲ့ လူစိမ်းလေးယောက်က သူမ အိမ်ရှေ့ရောက်လာတဲ့အခါမှာတော့ သူမရဲ့အကြောက်တရားတွေက အမှန်တကယ်ဖြစ်လာခဲ့တယ်။ အဲ့ဒီလူစိမ်းတွေက သူတို့မိသားစုကို ရန်ရှာသတ်ဖြတ်ဖို့ ကြိုးစားပါတော့တယ်။
သူမ ကလေးဘဝတုန်းက ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာလဲ။ ဒီလူစိမ်းတွေကရော သူမကို ဘာလို့တိုက်ခိုက်နေကြတာလဲ။ အန္တရာယ်ကြားမှသူတို့မိသားစုလေး လွတ်မြောက်ပါ့မလားဆိုတာ သိချင်ရင်တော့ Us ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကို သွားကြည့်လိုက်တော့နော်။
Source: Universal Pictures
ပြသပေးသွားမည့် ရုံများ
Junction City
Show Time @ Junction Cinemas
Sunday _ Thursday: 10 AM, 1PM, 4PM, 7PM
Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM
Show Time @ Mingalar Cinemas
Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM
Cinema Telephone Booking Contacts
Junction Maw Tin | 01 225 244
Junction City | 01 9253591, 01 9252592
Junction Square | 01 527 055
City Mall | 09 764802081
Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165
Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73
Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92