London Sweeties

ရယ်ရွှင်စရာတွေနဲ့ ပြည့်နှက်နေတဲ့ထိုင်းဟာသကားလေးပဲဖြစ်ပါတယ်။ ထိုင်းလူငယ်လေးတစ်စုက လန်ဒန်မြို့မှာ သွားရောက်နေထိုင်နေကြပေမယ့် အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ကြပါဘူး။ ဒါပေမဲ့ အချစ်ဆိုတဲ့အရာက ဘာသာစကားနဲ့ နားလည်စရာမလိုဘဲ နှလုံးသားနဲ့နားလည်ရမယ့်အရာဖြစ်ကြောင်း ဖော်ပြနေတဲ့ အချစ်ဟာသကားလေးတစ်ကားပဲဖြစ်ပါတယ်။

London Sweetie Official Trailer

အချစ်မှာ ဘာသာစကားမလိုဘူး ဆိုတာယုံလား ????—–Trailer လေး အရင်ကြည့်ကြည့်လိုက် !!!!မင်မင်တော့ ရုံတင်ရက်ကို အမြန်ဆုံးရောက်ချင်နေပါပြီနော်

Posted by JCGV on Thursday, January 31, 2019

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John)

The Lego Movie 2: The Second Part

Bricksburg မြို့သူမြို့သားတွေ အေးအေးချမ်းချမ်းနေထိုင်လာခဲ့တာ ၅ နှစ်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေတာကို အခြားဂြိုလ်ပေါ်မှာ Lego Duplo က ဝင်ရောက်ကျူးကျော်ပြီး အဆောက်အဦးများ ဖျက်ဆီးကာ Emmet ၊ Lucy နဲ့ Batman အပြင် အခြားသောခေါင်းဆောင်များကိုလည်း ဖမ်းဆီခေါ်ဆောင်သွားခဲ့ပါတယ်။ Bricksburg မြို့လေး အရင်လိုပဲ ငြိမ်းအေးမှုပြန်လည်ရရှိပါ့မလား။ အဖမ်းခံရတဲ့ခေါင်းဆောင်များကိုလည်း ဘယ်သူက ရွံ့ရွံ့ချွံချွံကပ်တင်မလဲဆိုတာကို ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှုရင်း အဖြေရှာကြည့်လိုက်ရအောင်။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)

လိပ်ပြာစံအိမ် The Only Mom

ပုံသေကားချပ်လိုဖြစ်နေတဲ့ သရဲကားတွေထဲကမှ ခွဲထွက်လာတဲ့ သရဲကားတစ်ကားပဲဖြစ်တဲ့အပြင် နောက်ထပ်ထွက်ရှိလာမယ့် သရဲကားတွေ စံနမူနာယူထိုက်တဲ့ သရဲကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ မြှုပ်ကွက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပရိသတ်ကို အဆုံးသတ်မှာဘာဖြစ်မလဲဆိုတဲ့ သိချင်စိတ်တွေတဖွားဖွားပေါ်လာအောင် ဆွဲဆောင်နိုင်တဲ့ကားလေးပါပဲ။ ဇာတ်လမ်းအစမှာတော့ မိသားစုတစ်စုက အိမ်တစ်အိမ်ကို ပြောင်းရွေ့လာတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အိမ်မှာ မကျွတ်မလွတ်တဲ့ဝိညာဉ်ရှိနေခဲ့တယ်။ သီတာဆိုတဲ့ ကလေးဝိဥာဉ်လေးပေါ့။ ထိုအိမ်လေးသို့ ပြောင်းရွှေ့လာတဲ့မိသားစုထဲမှာ သီရိဆိုတဲ့ကလေးမလေးတစ်ယောက်ပါတယ်။ သီရိမှာ သူမကို အရမ်းချစ်တဲ့ အမေတစ်ယောက်ရှိပေမယ့် သီရိက အလိုလိုက်ခံထားရတဲ့ ကလေးဆိုးလေးတစ်ယောက်လိုဖြစ်နေတယ်။ သူမရဲ့ အရမ်းချစ်တတ်တဲ့အမေကို သီတာဆိုတဲ့ ကလေးဝိညာဉ်လေးက ပိုင်ဆိုင်လိုစိတ်ဖြစ်လာတဲ့အခါမှာတော့ သီရိရဲ့အမေက ထိုစံအိမ်ထဲမှာ သရဲအဖြစ်နဲ့နေရမလား၊ သီရိတို့မိသားစုလေး ဘာတွေဆက်ဖြစ်မလဲ သိချင်ရင်တော့ ပိတ်ကားထဲမှာ အဖြေရှာလိုက်ကြရအောင်။

https://youtu.be/xda8WClzkOk

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin

Alita: Battle Angel

Alita ဆိုတဲ့ စက်ရုပ်မလေးကို စက်ရုပ်တီထွင်ပြုလုပ်သူ သိပ္ပံပညာရှင်က စွန့်ပစ်ထားတဲ့ အမှိုက်ပုံထဲက ခေါ်ယူလာပြီး ပြန်လည်အသက်သွင်းပေးခဲ့တယ်။ Alita က အကောင်းပကတိပြန်ဖြစ်ခဲ့ပေမယ့် သူမအတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ မှတ်ဥာဏ်တွေကိုတော့ ဆုံးရှုံးသွားခဲ့တယ်။ စက်ရုပ်မလေးက သူမရဲ့ဘဝသစ်မှာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေထိုင်တဲ့အချိန်မှာ သူမကို ဖျက်ဆီးပစ်ချင်နေတဲ့ ရန်သူတွေရောက်ရှိလာခဲ့တယ်။ ထိုလူတစ်စုက Alita ကို ဖျက်ဆီးပစ်ချင်တဲ့အကြောင်းအရင်းက ဘာများဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒါရိုက်တာ ဂျိမ်းကင်မရွန်းရိုက်ကူးထားတဲ့ Alita: Battle Angel ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုဖို့ သတင်းကောင်းပါးလိုက်ပါတယ်။

ပြသပေးသွားမည့် ရုံများ

Junction City, Nay Pyi Taw Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein)

Hero ဟီးရိုး

အကြမ်းအရမ်း အက်ရှင်ကားတွေလည်း ကြည့်ချင်တယ်၊ ရိုမန့်တစ်ဆန်တဲ့ ရုပ်ရှင်ကားလည်း လက်မလွှတ်ချင်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ဟီးရိုးရုပ်ရှင်ဇာတ်ကားကို အကြိုက်တွေ့ကြမှာပါ။ ဒါရိုက်တာ R.PERAKAS ရိုက်ကူးပြီး မြင့်မြတ်၊ ဝတ်မှုံရွှေရည်၊ ဇင်ဝိုင်း၊ ခင်လှိုင်နဲ့ နေနော်တို့က အဓိကသရုပ်ဆောင်ထားတဲ့အပြင် အခြားအနုပညာရှင်ပေါင်း ပါဝင်အားဖြည့်ထားတဲ့ အချစ်၊ ဒရာမာ၊ အက်ရှင်ဇာတ်ကားကြီး ရုံတင်နေပါပြီ။

https://youtu.be/WzRzoVP1OZk

ပြသပေးသွားမည့် ရုံများ

Thamada Cinema, Thwin Cinemea, Mingalar (Thein Gyi Zay), Mingalar Dagon Centre (II), Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Waziyar, Top Royal Parami Sein Gay Har, Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)

ကြာတော့သည်လည်း မောင့်စကား

နိုင်ငံကျော် စာရေးဆရာမ ဂျူးရဲ့ “ ကြာတော့သည်လည်း မောင့်စကား ” ဝတ္ထုကို ဒါရိုက်တာမီးပွားက ပြန်လည်ပုံဖော်ရိုက်ကူးထားပြီး စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဘယ်တစ်ယောက်က အသည်းကွဲရမလဲဆိုတာကို သိချင်ပါသလား။ ကြာတော့သည်လည်း မောင့်စကား ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုလိုက်ရအောင်။

" ကြာတော့သည်လည်းမောင့်စကား " Official Teaser

မင်းတို့ အမြင်ကပ်လိမ့်မယ် ဒါမှမဟုတ် အားကျချင် ကျနေလိမ့်မယ် .. နန္ဒသူ့ကိုသနားလိမ့်မယ် ဒါမှမဟုတ် အားမလိုအားမရ ဒေါသထွက်ချင်လည်း ထွက်မိမယ် .. ဖြိုးကျော် တစ်ခါတစ်ခါ ရီမောစရာ တစ်ခါတစ်လေကျတော့လည်း ရင်မောစရာ သူမကို နားလည်နိုင်ဖို့ ခက်ခဲလိမ့်မယ် .. တင်တင်ဇော် အဲ့ဒီသုံးယောက်လုံးရဲ့ ကြားမှာ"အချစ်" တစ်ခု ရှိနေတယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဖေဖော်ဝါရီ (၁) ရက်နေ့ JCGV ရုပ်ရှင်ရုံတိုင်းမှာ သူတို့ရဲ့အချစ်အကြောင်း ခံစားရတော့မှာပါ …. " ကြာတော့သည်လည်းမောင့်စကား " Official Teaser

Posted by JCGV on Tuesday, January 15, 2019

ပြသပေးသွားမည့် ရုံများ

Junction Square

The Night Of Shadows: Between Yin And Yang

ဂျက်ကီချန်းပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ သိုင်းကားတစ်ကားပဲဖြစ်ပါတယ်။ ဂျက်ကီချန်းက မိစ္ဆာတွေကို ဖမ်းဆီးပြီး ကောင်းတဲ့မိစ္ဆာတွေကိုတော့ သူ့အနားမှာခေါ်ထားကာ ပြုပြင်ပေးလို့မရဘဲ ဆိုးသွမ်းတဲ့မိစ္ဆာတွေကိုတော့ Yin And Yang ဆိုတဲ့စာအုပ်ထဲမှာ ပိတ်လှောင်ထားတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဂျက်ကီချန်းက အသက်ကြီးလာတော့ ကြေးမုံမိစ္ဆာမတစ်ကောင်ကို သွားတွေ့တယ်။ အဲ့ဒီမိစ္ဆာမမှာ ချစ်ကျွမ်းဝင်နေတဲ့ လူသားတစ်ယောက်ရှိနေပြန်တယ်။ ဂျက်ကီချန်းတစ်ယောက် အဲ့ဒီမိစ္ဆာမကို ခါတိုင်းလိုပဲ ဖမ်းနိုင်ပါ့မလား။ လူသားကရော သူ့ရဲ့ချစ်သူအဖမ်းမခံရဖို့အရေး ဘယ်လိုတွေဝင်ရှုပ်မလဲဆိုတာ သိချင်ရင်တော့ The Night Of Shadows: Between Yin And Yang ကို သွားကြည့်ဖို့ ဖိတ်ခေါ်လိုက်တယ်နော်။

ပြသပေးသွားမည့် ရုံများ

Junction City

ဝက်ဝက်ကွဲအောင်ပွင့်

မြန်မာဟာသကားလေးတွေကို နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိတ်သတ်တွေအတွက် ပရိသတ်အချစ်တော် ရွှေကစ်လေးပါဝင်ပြီး ရန်အောင်၊ ပြေတီဦးတို့အပြင် အခြားအနုပညာရှင်ပေါင်းမြောက်မြားစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးထားတဲ့ ဟာသကားလေးက ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေပျောက်အောင် ကူညီပေးပါလိမ့်မယ်။

https://youtu.be/W45UmDL0qrA

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin

The Prodigy

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် The Prodigy ဇာတ်ကားကို အကြိုက်တွေ့ကြမှာပါ။ Sarah နဲ့ John Blume တို့မှာ Miles လို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ရှိတယ်။ သူတို့ မိသားစုလေးက ပျော်ရွှင်ဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုလေးပဲဖြစ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပျော်ရွှင်မှုတွေက Miles ရဲ့ အသက်ရှစ်နှစ်ပြည့်မွေးနေ့မှာ နိဂုံးချုပ်သွားပါတော့တယ်။ အကြောင်းကတော့ သူတို့ရဲ့သားလေးမှာ ထူးခြားတဲ့ မှတ်ဥာဏ်နဲ့ စွမ်းအင်တွေ ပိုင်ဆိုင်လာလို့ပါပဲ။ ထိုစွမ်းအင်တွေကို အမှောင်ကမ္ဘာထဲမှရရှိပြီး သူတို့ရဲ့သားလေးကို မကောင်းဆိုးဝါးက ထိန်းချုပ်ထားတာကို သိလိုက်ရတဲ့အခါမှာတော့ Sarah တို့လင်မယား ဆောက်တည်ရာမရဖြစ်သွားပါတော့တယ်။ ထိုမကောင်းတဲ့စွမ်းအင်တွေက သူတို့သားလေးဆီကနေ ပျောက်ပျက်သွားပါ့မလား၊ သူတို့ရဲ့ မိသားစုအရင်လိုပဲ ပျော်ရွှင်မှုတွေ ပြန်လည်ရရှိပါ့မလားဆိုတာကို သိချင်ရင်တော့ ပိတ်ကားထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ သွားရောက်ကြည့်ရှုခံစားလိုက်ပါ။

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema

Show Time @ Junction Cinemas

Sunday _ Thursday: 10 AM, 1PM, 4PM, 7PM

Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas

Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM

Cinema Telephone Booking Contacts

Junction Maw Tin | 01 225 244

Junction City | 01 9253591, 01 9252592

Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165

Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73

Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92