The Invisible Man

သည်းထိပ်ရင်ဖို Horror ဇာတ်ကားကောင်းတွေကြိုက် နှစ်သက်ပရိသတ်တွေအတွက် The Invisible Man ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ Cecilia ဆိုတဲ့ မိန်းကလေးဟာ အမြဲလိုလိုသူမကိုနှိပ်စက်လေ့ရှိတဲ့ ချစ်သူကောင်လေး Adrian လက်ကနေ လွတ်မြောက်ဖို့ ထွက်ပြေးခဲ့ပြီးတဲ့နောက် Adrian ဟာ သူ့ကိုယ်သူသေကြောင်းကြံစည်သွားခဲ့ပြီး ပိုင်ဆိုင်မှုတွေအားလုံးလွဲပြောင်းပေးခဲ့တယ်ဆိုတဲ့သေတမ်းစာ ကိုသူမစီပို့ပေးခဲ့ပါတယ်။သို့သော်လည်း Adrian ဟာအမှန်တကယ်သေသွားခဲ့တာမဟုတ်ဘဲ သူမအနားမှာ ဆက်ရှိနေခဲ့ပါတယ်။ ဒီအကြောင်းတွေကို Cecilia တစ်ယောက်ပတ်ဝန်းကျင်လူတွေကိုပြောပြခဲ့ပါတယ်။ဒါပေမယ့် သူမကိုဘယ်သူမှမယုံကြည်ကြတာဘာကြောင့်လဲ Adrian ကရောသူမအနားမှာဘယ်လိုပုံစံနဲ့ ရှိနေတာလဲ စတဲ့ထိတ်လန့်ခြောက်ခြားဖွယ်ဇာတ်ဝင်ခန်းတွေကိုပရိသတ်တွေကပဲ ဆက်လက်ကြည့်ရှု့လိုက်ပါနော်။

Source : Movieclips Trailers

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Kantharyar.

 

Lady Danger

ဒါရိုက်တာ ပွင့်သိဂီဇော် ရိုက်ကူးပြီး နှုတ်ခမ်းနီမလေးတွေအသည်းစွဲ မင်းသားချော ခါရာ ခန့်စည်သူ ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင် ပိုင်ဖြိုးသု မုဏ်း ထူးမွန် ဖူးချစ် နှင့် ဝါရင့်ရုပ်ပို့ရုပ်ရံကောင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ Lady Danger ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေပြီဖြစ်ပါတယ်။အချစ်မကင်းတဲ့ လူသား တွေရဲ့ အမျိုးမျိုးသော ရှုပ်ထွေးမှုတွေကို ရိုက်ကူးပုံ ဖော်ထားတဲ့ အချစ်ဟာသ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Source : Mingalar Cinemas

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Kantharyar.

 

Brahms: The Boy II

ပရိသတ်တွေစောင့်မျှော်နေကြတဲ့ ထိတ်လန့်ခြောက်ခြားဖွယ် Horror ဇာတ်ကားကောင်း Brahms: The Boy II ရုပ်ရှင်ဇာတ်ကားကြီးတော့ ရုံတင်ပြသတော့ မှာဖြစ်ပါတယ်။ Jude ဆိုတဲ့ကလေးငယ်ဟာ စိတ်ကျန်း မာရေးအခြေအနေအရ ဆရာဝန်ညွန်ကြားတဲ့အတိုင်း တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့နေရာသစ်တစ်ခုကို မိဘတွေနဲ့အတူပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။သူတို့နေတဲ့ နားမှာ Heelshire လို့အမည်ရတဲ့ စံအိမ်ကြီးရှိပြီး တစ်ရက်မှာတော့ Jude တစ်ယောက်စံအိမ်နားကနေ ထူးဆန်းတဲ့ Brahms ဆိုတဲ့အရုပ်တစ်ရုပ်ကောက်ရလာခဲ့ပါတယ်။စံအိမ်ကြီးနဲ့ Brahms အရုပ်ကဘယ်လိုပတ်သတ်မှုရှိနေလဲ အရုပ်ရပြီးချိန်မှာ Jude တို့မိသားစု ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ စတဲ့မေးခွန်း တွေကိုတော့ ငွေရောင်ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှု့လိုက်ပါနော်။

Source : Movieclips Trailers

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung).

 

ရွှာဇော်ကြီး

ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးပုံဖော်ထားပြီး နေတိုး အိန္ဒြာကျော်ဇင် နေနော် ယွန်းရွှေရည် တို့အဓိကပါ၀င် သရုပ်ဆောင်ထားတဲ့ “ရွာဇော်ကြီး” ရုပ်ရှင်ဇာတ်ကတော့ ဟာသဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်ကွက်တိဖြစ်စေမှာဖြစ်ပါတယ်။ တစ်ရွှာလုံးအော်​​ကြောလန် အလတ်ကောင်နဲ့ မှုံကြီးတို့နှစ်ဦးဘယ်လိုတွေအရွန်းဖောက်ကြမလဲဆိုတာ သွားရောက်ကြည့်ရှု့ရင်း ဘဝအမောတွေပြေပျောက်ကြပါစေ။

Source : Mingalar Cinemas

ပြသပေးသွားမည့် ရုံများ

Tha Ma Ta Cinema , Thwin Cinema ,  Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .

 

The Call Of The Wild

၁၉၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော်စာရေးဆရာ ကြီး Jack Londonရဲ့ The Call Of The Wild ဝတ္ထုတိုကိုအခြေခံပြီးပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ The Call Of The Wild ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြ သနေပြီဖြစ်ပါတယ်။ ဥာဏ်ကောင်းပြီးကြင်နာတက်တဲ့ ခွေးလေး Buck ဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ သူ့ရဲ့ နေအိမ်လေးကနေ အခိုးခံခဲ့ရပြီး Yukon ဆိုတဲ့နေရာသစ်တစ်ခုစီကို ရောင်းစားခံခဲ့ရပါတယ်။ မတူညီတဲ့ နေရာသစ်မှာ ခွေးလေး Buck ဟာခက်ခဲကြမ်းတမ်းတဲ့ ဖြတ်သန်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး တစ်နေ့မှာတော့ သူ့ကိုကြင်နာတဲ့ John Thorntonဆိုသူ အမျိုးသားနဲ့ တွေ့ဆုံခဲ့ပါတယ်။ John နဲ့ Buckတို့နှစ်ဦးရဲ့ စွန့်စွန့်စားစားဖြတ်သန်းရမဲ့ ဘဝနေ့ရက်တွေကို ရင်သက်ရှု့မောဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။

Source : Walt Disney Studios

ပြသပေးသွားမည့် ရုံများ

Junction City, Nay Pyi Taw , Mingalar Gamone Pwint (Hledan-San Yeik Nyein) , Cinemas Red Suite , Mingalar Cinemas Gold Class .

 

Naan Sirithal

ဟာသဇာတ်ကားကြိုက်နှစ်သက်သူ ပရိတ်သတ်တွေအတွက် Naan Sirithal လို့အမည်ရတဲ့ Tamil ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသားအဖြစ် Hiphop Tamizha Adhi ပါဝင်သရုပ်ဆောင်ထားတဲ့ Naan Sirithal ဇာတ်ကားကတော့ ကြည့်ရှု့သူ ပရိတ်သတ်တွေကို တဝါးဝါးရယ်မောရစေပြီး ဘဝအမောတွေ ပြေပျောက်သွားစေမှာဖြစ်ပါတယ်။ လူတစ်ယောက်အတွက် ခက်ခဲလှတဲ့ လူ့ဘဝလောကဓံတွေကို အန်တုပြီးဘယ်လိုတွေ ရယ်မောရမလဲ သိချင်ရင်တော့ Naan Sirithal ရုပ်ရှင်ဇာတ်ကားကြီးကို ငွေရောင်ပိတ်ကားထက်မှာ ပရိသတ်တွေသွားရောက်ကြည့်ရှု့လိုက်ပါအုန်းနော်။

Source : Think Music India

ပြသပေးသွားမည့် ရုံများ

Junction City, Kantharyar.

 

The Closet

သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ကိုရီယားနာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Ha Jung-Wooနဲ့ Kim Nam-Gil တို့ပါဝင်ရိုက်ကူးထားတဲ့ The Closet ရုပ်ရှင်ဇာတ်ကားကြီးကတော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။မိန်းမဖြစ်သူရုတ်တရက် သေဆုံးသွားပြီး နောက်ပိုင်းမှာ Sang- Wonနဲ့ သမီးဖြစ်သူ Yeon Ina တို့ဆက်ဆံရေးဟာ အေးစက်စက်ဖြစ်လာပါတယ်။ သမီးဖြစ်သူနဲ့ ဆက်ဆဆံရေးပြေလည်ဖို့ အိမ်သစ်တစ်အိမ်ကိုပြောင်းရွေ့ခဲ့ပေမယ့် ထင်သလောက်မ​ပြောင်းလဲခဲ့ပါဘူး။တရက်မှာတော့ သမီးဖြစ်သူအခန်းဗီဒိုထဲမှ ထူးခြားတဲ့အသံတွေကြားလာရပြီး တစ်ရက်မှာတော့ ရုတ်တရက်ဆိုသလိုYeon Ina ပျောက်ဆုံးသွားခဲ့ပါတယ်။Sang- Won တစ်မြို့လုံးအနှံ့ရှာခဲ့ပေမယ့်မတွေ့ခဲ့ပါဘူး။ တစ်ရက်မှာ ထူးဆန်းတဲ့လူတစ်ယောက်ရောက်လာခဲ့ပြီး သမီးဖြစ်သူရှိတဲ့နေရာကိုသိတယ် Yeon Ina အပါအဝင် ကလေး ၃၂ ယောက်ပျောက်နေတယ်လို့ဆိုပါတယ်။ ဒီကလေးတွေနဲ့ ထူးခြားတဲ့ ဗီဒိုကြီးကဆက်စပ်မှုရှိနေမလား။ Yeon Ina ကိုရောပြန်ရှာတွေ့ပါ့မလား စသည်ဖြင့် ထိိတ်လန့်ခြောက်ခြားဖွယ်ကြည့်ရှု့ရမယ့် ဇာတ်ကားကောင်းဖြစ်ပါတယ်။

Source : EonTalk

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw , Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)

Birds of Prey

Harley Quinn ပရိတ်သတ်တွေအားလုံးပဲ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်မျှော်နေတဲ့ Birds of Prey ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသလို့နေပြီဖြစ်ပါတယ် ။Jokerနဲ့ လမ်းခွဲပြီးအသည်းကွဲနေတဲ့ Harley Quinn တစ်ယောက် Gotham မြို့ကြီးရဲ့ ဒုစရိုက်ဂိုဏ်းခေါင်း ဆောင် Black Mask သတ်မိန့်ထုတ်ထားတဲ့ Cassandra Cain ဆိုသူမိန်းကလေးကို ကယ်တင်ဖို့ Black Canary, Huntress, Renee Montoya တို့နဲ့ ပူးပေါင်းရပါတော့တယ်။အမိုက်စားအက်ရှင်တွေနဲ့ ရင်သက်ရှု့မောဖွယ်ဇာတ်ဝင်ခန်းတွေကိုကြည့်ရှု့ရမှာဖြစ်တဲ့အတွက် Harley Quinn ပရိတ်သတ်တွေအတွက်တော့လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Source : Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Kantharyar.

 

နှင်းဆီရဲတိုက်

နှင်းဆီရဲတိုက် ရုပ်ရှင်ဇာတ်ကားကြီးတော့ ဒါရိုက်တာ နေပိုင် ရိုက်ကူးပုံဖော်ထားပြီး နာမည်ကြီးသရုပ်ဆောင် တွေဖြစ်တဲ့ အောင်ရဲလင်း ရဲအောင် ကောင်းပြည့် ရွှေမှုန်ရတီ မို့မိုမြင့်အောင် ရတီ နေနော်တို့အပြင် တခြား ဝါရင့်ဇာတ်ပို့ဇာတ်ရံများစွာနဲ့ အားဖြည့်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ နှင်းဆီရဲတိုက် ရုပ်ရှင်ဇာတ်ကားကြီးကတော့ အချစ် အလွမ်းတွေနဲ့ သုံးပွင့်ဆိုင် ရိုမန်တစ် ဒရမ်မာဇာတ်ကား ကောင်းတစ်ကားဖြစ်တာကြောင့် ပရိသတ်တွေသွားရောက်ကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Mingalar Cinemas

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Kantharyar, Shae Saung , Thwin , Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa,