Annabelle Come Home

Annabelle ဖန်တွေအတွက် ဒီတစ်ခါမှာတော့ ” Annabelle Come Home ” ဇာတ်ကာကြီးရုံတင်လိုက်ပြီလို့ လက်တို့ပေးလိုက်ချင်ပါတယ်။ဒီတစ်ခါမှာရော ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်လှုပ်ရှားစရာကောင်းအောင် ကြည့်ရမလဲဆိုတာကို သိချင်ရင်တော့ Annabelle Come Home ကိုငွေရောင်ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှု့ခံစားလိုက်ရအောင်။

Source : Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Nay Pyi Taw Cinema, Mingalar Sanpya Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class

 

Toy Story 4

Toy Story ကာတွန်းကားတွေနဲ့ ကြီးပြင်းခဲ့ရတဲ့သူတွေအဖို့ Woody တို့ Buzz Lightyear နဲ့ သူတို့ရဲ့အပေါင်းအဖော်တွေကို သတိရနေကြမှာအမှန်ပါပဲ။ဒီတစ်ခေါက်ရုံတင်မယ့် Toy Story 4 ထဲမှာတော့ Forky လို့ခေါ်တဲ့ ဇာတ်လိုက်အရုပ်တစ်ရုပ် ပါဝင်လာမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးက Woody တို့ကိုဘယ်လိုပတ်မွေမလဲ Woody နဲ့ Buzz တို့ဒီတစ်ခါမှာရော ဘယ်လိုစွန့်စားခန်းတွေဝင်ကြမလဲဆိုတာကို သိချင်ရင်တော့ ပိတ်ကားထက်မှာသွားရောက်ကြည့်ရှု့ရင်း အဖြေရှာကြည့်လိုက်ကြနော်။

Source : Pixar

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Nay Pyi Taw Cinema

 

Spider Man : Far From Home

Marvel ဖန်တွေစောင့်မျှော်နေကြတဲ့ Spider Man : Far From Home ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေပြီပဲဖြစ်ပါတယ်။ဒီဇတ်ကားဟာ Endgame နောက်ပိုင်းမှာ ဆက်လက်ထွက်ရှိလာတဲ့ MCU ရဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Spider-Man , Nick Fury နဲ့ Mysterio တို့ကို အဓိကဇာတ်ကောင်များအဖြစ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ဒီတစ်ခေါက်ဇာတ်ကားမှာရော Spidy တစ်ယောက်ကမ္ဘာပေါ်ကအမျိုးမျိုးသောခြိမ်းခြောက်မှုတွေပြဿနာတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ရုပ်ရှင်ပိတ်ကားထက်မှာကြည့်ရှု့ခံ စားလိုက်ပါအုန်းနော်။

Source : Sony Pictures Entertainment

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin, Nay Pyi Taw Cinema, Mingalar Dagon Center (2), Mingalar Sanpya Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung), Mingalar Cinemas Gold Class

 

Sindhubaadh

ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် နာမည်ကြီးဒါရိုက်တာ S U Arun Kumar ရိုက်ကူးတင်ဆက်ထားတဲ့ Sindhubaadh ဇာတ်ကားကြီးရုံတင်နေပြီပြောပြပေးလိုက်ပါတယ်။Thiru လို့အမည်ရတဲ့လူတစ်ယောက်ဟာ အေးချမ်းစွာနေထိုင်ရတဲ့ဘဝကနေ ပိုက်ဆံရှာဖွေဖို့အတွက် စွန့်စားရတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်လာချိန်မှာရင်ဆိုင်ကြုံတွေ့ရတဲ့ကြောက်မက်ဖွယ်ရာပြဿနာတွေ အက်ရှင်ခန်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။သည်းထိတ်ရင်အက်ရှင်ခန်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတော့ ပရိသတ်တွေအတွက်တော့ လုံးဝမလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Source : Muzik247

ပြသပေးသွားမည့် ရုံများ

Junction City

 

အနန္တ

အနန္တ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးထားပြီး ဖြိုးငွေစိုး ၊ သားညီ ၊ နန်းဆုဦး ၊ စိုင်းလွမ်း ၊ စိုးရန်အောင် ၊ နေဝင်း ၊ ဧကရီမှူးပိုင် ၊ ကျော်ကိုကိုဝေ ၊ ဇင်မိုး ၊ ဂျွန်နသန်ချီ ၊ ချမ်းမေမြတ်နိုး ၊ နန်းထိုက်အောင် ၊ သက်ထားဝေဇင် စတဲ့အနုပညာရှင်များစွာက ပါဝင်အားဖြည့်ရိုက်ကူးထားကြတာပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ CGIနည်းပညာဖြင့်ပြုလုပ်ဖန်တီးထားတဲ့ မြန်မာ့ပထမဆုံး သိပ္ပံရုပ်ရှင်ဇာတ်ကား ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ သွားရောက်ကြည့်ရှု့သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Source : Myanmar Movie Trailer

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Thwin Cinema, Shae Saung Cinema, Mingalar Sanpya Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)

 

Lady Boy (လေဒီဘွိုင်း)

ထိုင်း မြန်မာ နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အပြင် အက်ရှင်ချခန်းတွေကိုလည်း ဟာသလေးနဲ့ နှောပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တစ်ပတ်တာလုံးပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ပေးမယ့် ဇာတ်ကားကောင်းတစ်ကားကို ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှုနိုင်ပါပြီ။

Source : Myanmar Movie Trailer

ပြသပေးသွားမည့် ရုံများ

Shae Saung Cinema

 

သတိအန္တရာယ်ရှိသည်

ဇာတ်လမ်းဒါရိုက်တာ ယုန်လေးရိုက်ကူးပြီး မြင့်မြတ် ၊ အောင်လေး ၊ တိုင်ရွှန် ၊ ခင်ဝင့်ဝါတို့အပြင် တခြားသောနာမည်ကြီး အနုပညာများစွားနဲ့ ရိုက်ကူးထားတဲ့ သတိအန္တရာယ်ရှိသည် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေပြီပဲ ဖြစ်ပါတယ်။ ရန်ကုန်ကြည့်မြင်တိုင်စံပြငါးဈေးကြီးထဲမှာ ခက်ခက်ခဲခဲရိုက်ကူးခဲ့ကြပြီး ဇိုးလောကရက်စက်ကြမ်းတမ်းတဲ့ ဘဝဖြတ်သန်းမှုတွေကို မြင်တွေ့ခံစားရမှာပဲ ဖြစ်ပါတယ်။ အမိုက်စားအက်ရှင်ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေအနေနဲ့ အမြန်ဆုံးသွားရောက်ကြည့်ရှု့ခံစားကြဖို့ တိုက်တွန်းချင်ပါတယ်။

Source : Myanmar Movie Trailer

ပြသပေးသွားမည့် ရုံများ

Shae Saung Cinema, Mingalar Sanpya Cinema, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)