Shazam

အသက် ၁၄ နှစ်အရွယ် Billy Batson ဆိုတဲ့ကောင်လေးက စူပါပါဝါတွေ လက်လွှဲရယူဖို့အတွက် ရွေးချယ်ခံခဲ့ရပါတယ်။ Shazam ဆိုတဲ့ နာမည်ကို အော်ခေါ်လိုက်မှ ထိုစူပါပါဝါတွေ ရရှိမှာပါ။ စူပါပါဝါတွေရလာတော့ သွင်ပြင်လက္ခဏာက လူကြီးအသွင်ပြောင်းသွားပေမယ့် စိတ်ကတော့ ကလေးစိတ်ဖြစ်နေတုန်းပေါ့။ ဆယ်ကျော်သက်လူငယ်တွေရဲ့ သဘာဝအတိုင်း လက်တည့်စမ်းရင်းကနေ သူ့ရဲ့ စွမ်းအင်တွေကို လူသားတွေကောင်းကျိုးအတွက် အသုံးမချနိုင်ဘဲ တလွဲနေရာတွေမှာ အသုံးချနေမိတဲ့ Shazam တစ်ယောက် လူဆိုးကြီး Dr.Thaddeus Sivana လက်ထဲကနေ လူသားတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကို ပိတ်ကားထက်မှာ သွားကြည့်လိုက်ရအောင်။

Source: Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Nay Pyi Taw Cinema, Mingalar Dagon Centre (II), Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Tamwe (Bayint Naung)

Us

Adelaide Wilson ဆိုတဲ့ အမျိုးသမီးက သူ ငယ်ငယ်ကကြီးပြင်းခဲ့တဲ့ ပင်လယ်ကမ်းခြေနားက အိမ်ဆီသို့ သူမရဲ့ အမျိုးသားရယ် ကလေးတွေနဲ့အတူတူ အလည်တစ်ခေါက်ပြန်လာခဲ့တယ်။ အတိတ်က စိတ်ဒဏ်ရာတစ်ခုကြောင့် မကောင်းတဲ့အရာတစ်ခုခု ဖြစ်ပျက်တော့မယ်ဆိုပြီး စိတ်တထင့်ထင့်နဲ့ သူမ စိုးရွံ့နေခဲ့တယ်။ မှောင်မိုက်တဲ့ညတစ်ညမှာ မျက်နှာဖုံးနဲ့ လူစိမ်းလေးယောက်က သူမ အိမ်ရှေ့ရောက်လာတဲ့အခါမှာတော့ သူမရဲ့အကြောက်တရားတွေက အမှန်တကယ်ဖြစ်လာခဲ့တယ်။ အဲ့ဒီလူစိမ်းတွေက သူတို့မိသားစုကို ရန်ရှာသတ်ဖြတ်ဖို့ ကြိုးစားပါတော့တယ်။

သူမ ကလေးဘဝတုန်းက ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာလဲ။ ဒီလူစိမ်းတွေကရော သူမကို ဘာလို့တိုက်ခိုက်နေကြတာလဲ။ အန္တရာယ်ကြားမှသူတို့မိသားစုလေး လွတ်မြောက်ပါ့မလားဆိုတာ သိချင်ရင်တော့ Us ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကို သွားကြည့်လိုက်တော့နော်။

Source: Universal Pictures

ပြသပေးသွားမည့် ရုံများ

Junction City, City Mall (St.John)

Dumbo

ကလေးဘဝတုန်းက ဒစ်စနီကာတွန်းကားတွေနဲ့ ကြီးပြင်းလာရသူတွေအတွက် ဆင်ပျံကလေးဒမ်ဘိုကာတွန်းကို Live Action အဖြစ် ပိတ်ကားထက်ပေါ်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုနိုင်ပြီပဲဖြစ်ပါတယ်။ ဒမ်ဘိုရုပ်ရှင်ကားကြီး သွားကြည့်ရင်း ကလေးဘဝက အမှတ်တရလေးတွေကို ပြန်လည်တူးဖော်ကြည့်လိုက်ရအောင်။

Source: Trailer City

ပြသပေးသွားမည့် ရုံများ

Nay Pyi Taw Cinema, Junction City

ကျွန်မအချစ်ဆုံး ယောကျာ်းသုံးယောက်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ အပိုအလိုမရှိတဲ့သရုပ်ဆောင်ကွက်တွေကို ဒီတစ်ခေါက်မှာလည်း မြင်တွေ့ရဦးမှာပါ။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးပြီး ရန်အောင်၊ ပြေတီဦး၊ မင်းဦးနဲ့အခြားအနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ သူမအချစ်ဆုံး ယောကျာ်းသုံးယောက်က ဘယ်သူလဲ၊ ဘာ့ကြောင့် ချစ်ရတာလဲဆိုတာကို ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်။

https://youtu.be/MXRKCfZ8Njk

Source: Mac Crazy

ပြသပေးသွားမည့် ရုံများ

Junction City

မီ

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုပ်ရှင်ကြည့်ချစ်ပရိတ်သတ်တွေကို အထူးတလည် ပြောပြနေစရာတောင် လိုမယ်မထင်ပါဘူး။ ပိုင်ဖြိုးသုရဲ့ ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေ၊ နေတိုးရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေအပြင် အခြားအနုပညာရှင်ပေါင်းများစွာရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်၊ ဒါရိုက်တာ ဏကြီးရဲ့ ထိမိလှတဲ့ ရိုက်ကူးချက်တွေကို မျက်ဝါးထင်ထင်တွေ့ မြင်ရမှာပါ။ ရုပ်ရှင်ကားကောင်းတစ်ကားကို ငတ်မွတ်နေတဲ့သူတွေအတွက် ကြည့်ရတာ အားရစေမယ့် ရုပ်ရှင်ဒရာမာ ဇာတ်ကားကြီးကို ထပ်မံရုံတင်ပေးလိုက်တာပဲဖြစ်ပါတယ်။

Source: Momolay Tv

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, City Mall, Junction Mawtin, Thwin Cinema, Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Top Royal (Parami – Sein Gay Har), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung)

မုဒြာရဲ့ ခေါ်သံ

ရုပ်ရှင်ချစ်သူတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားတဲ့ ခီမောင်နှံနဲ့ အခြားအနုပညာမောင်နှမများ အင်တိုက်အားတိုက် သရုပ်ဆောင်ထားတာကို တွေ့မြင်ရမယ့်အပြင် မြန်မာ့အလှ၊ မြန်မာ့ရှုခင်းတွေကို တဝကြီး ကြည့်ရှုခံစားရမယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဒီကားကိုလည်း ပရိသတ်တွေရဲ့ တောင်းဆိုချက်အရ ပြန်လည်ရုံတင်လိုက်တာပဲဖြစ်ပါတယ်။

Source: Mudras Calling

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin

မုန်းစွဲ

ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗိုလ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းနဲ့ အခြားအနုပညာရှင်များလည်း အင်တိုက်အားတိုက်နဲ့ ကြိုးစားထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး။ အသံပိုင်းစနစ်ရော ရုပ်ရှင်ဇာတ်အိမ်ရော ခိုင်မာတဲ့အပြင် အနုပညာရှင်တွေရဲ့ ကြိုးစားမှုတွေက ပရိသတ်တို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးစေမှာဖြစ်လို့ သွားကြည့်လိုက်ကြဦးနော်။

https://youtu.be/W9OSSR6atBI

Source: Mac Crazy

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin

မျက်နှာပြင်များ

ဒါရိုက်တာ ဥာဏ်ထင်ရိုက်ကူးထားပြီး ခါရာ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံနဲ့အခြားသော အနုပညာရှင်ပေါင်း များစွာ ပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ အကောင်းဆုံး နောက်ခံတေးဂီတဆုကို ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဆိုလည်း မမှားပါဘူး။

Source: Myanmar LOVE Media

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Junction Mawtin

Show Time @ Junction Cinemas

Sunday _ Thursday: 10 AM, 1PM, 4PM, 7PM

Friday_ Saturday: 10 AM, 1PM, 4PM, 7PM, 9.30PM

Show Time @ Mingalar Cinemas

Every day: 10AM, 12.30PM, 3.30PM, 6.30PM, 9.30 PM

Cinema Telephone Booking Contacts

Junction Maw Tin | 01 225 244

Junction City | 01 9253591, 01 9252592

Junction Square | 01 527 055

City Mall | 09 764802081

Mingalar Sanpya Cineples | 09 260 887 035 __ 36, 01 230 3 165

Mingalar Cinplex (Gamone Pwint) | 09 779 054 671 __ 73

Mingalr Cinema 2 (Dagon Center II) | 09 732 54 091 __ 92