Happy Old Year
အချစ်ဒရမ်မာ ဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် Happy Old Year လို့အမည်ရတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ပရိသတ်အချစ်တော်မင်းသားချော Sunny Suwanmethanon နဲ့ မင်းသမီး Chutimon Chuengcharoensukying တို့ကအဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။ Aim လို့အမည်ရတဲ့ကောင်မလေးဟာ မထင်မှတ်ပဲ ချစ်သူဟောင်းနဲ့အတူရှိခဲ့တဲ့ အမှတ်တရပစ္စည်းတွေကိုပြန်လည်တွေ့ရှိခဲ့ပြီး မမေ့နိုင်စရာအတိတ်ကအဖြစ်အပျက်တွေကိုပြန်သတိရလာခဲ့ပါတယ်။ဒီပစ္စည်းတွေကိုလွင့်ပစ်လိုက်ရမလား ချစ်သူဟောင်းကိုပဲပြန်ပေးလိုက်ရမလား ဝေခွဲမရတဲ့ခံစားချက်တွေနဲ့ ဖီးလ်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်တာကြောင့် သွားရောက်ကြည့်ရှု့လိုက်ပါအုန်းနော်။
Source : GDH
ပြသပေးသွားမည့် ရုံများ
Junction City, Junction Square, City Mall (St.John), Junction Mawtin, Kantharyar.
1917
ပထမကမ္ဘာစစ်အတွင်းကအဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ 1917 ရုပ်ရှင်ဇာတ်ကားကြီးကတော့ အက်ရှင်ဆန်ဆန်အပစ်အခတ်တွေနဲ့ စစ်ကားကြိုက်သူတွေလက်မလွှတ် သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ စစ်ကြီးအတွင်း ဗြိတိသျှစစ်သား ၂ ဦးအား စစ်မြေပြင်ကိုကျော်ဖြတ်ပြီး တစ်ဖက်မှာရှိတဲ့ တပ်သားတွေကိုအချိန်မီသတင်းပေးဖို့ စေလွတ်ခဲ့ပါတယ်။အကယ်၍ အချိန်မီသတင်းစကားမရောက်ပါက စစ်သားထောင်နဲ့ချီ ကျဆုံးရမယ့်အဖြစ်နဲ့ ကြုံတွေ့ရမှာပါ။ ဗြိတိသျှစစ်သားလေး ၂ ဦးဟာ အန္တရာယ်အခက်ခဲတွေများစွာကြားကနေ ရန်သူနယ်မြေတွေကိုကျော်ဖြတ်ပြီး အချိန်မီသတင်းပေးပို့နိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
Source : Universal Pictures
ပြသပေးသွားမည့် ရုံများ
Junction City,Kantharyar.
(၃) Bad Boys For Life
ပရိသတ်တွေစောင့်မျော်နေကြတဲ့ အချစ်တော်မင်းသားကြီး Will Smith နဲ့ Martin Lawrence နှစ်ဦးပူးပေါင်းရိုက်ကူးထားတဲ့ Bad Boys For Life ရုပ်ရှင်ဇာတ်ကားကြီးစတင်ရုံ တင်ပြသလို့နေပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ထွက်ရှိခဲ့တဲ့ Bad Boys 2 ဇာတ်ကားနောက်ပိုင်းမှ ပထမဆုံးပြန်လည်ထွက်ရှိလာတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မိုင်ယာမီရဲတပ်ဖွဲ့ရဲ့ စုံထောက်နှစ်ဦးဖြစ်တဲ့ Mike နဲ့ Marcus တို့နှစ်ဦးဟာ ပင်စင်ယူပြီး ဘဝကိုအေးချမ်းစွာဖြတ်သန်းဖို့ဆုံးဖြတ်ထားပေးမယ့် အမှုဟောင်းတစ်ခုမှာပါဝင်နေတဲ့သူတွေ လုပ်ကြံသတ်ဖြတ်ခံနေရ တာကြောင့် လူသတ်သမားတွေကိုလိုက်လံဖော်ထုတ်ဖို့ စတင်ကြရပါတော့တယ်။ အမိုက်စားအက်ရှင်တွေ ဟာသဇာတ်ခန်းတွေနဲ့ Bad Boys For Life ဇာတ်ကားကြီးကလည်း ပရိသတ်တွေအကြိုက်တွေ့ရအုန်းမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
Source : Sony Pictures Entertainment
ပြသပေးသွားမည့် ရုံများ
Junction City, City Mall (St.John), Kantharyar. Nay Pyi Taw , Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa,Mingalar Cinemas Red Suite , Mingalar Cinemas Gold Class .
(၄) Street Dance
Street Dance ရုပ်ရှင်ဇာတ်ကားကြီးကတော့ အကကိုရူးရူးသွပ်သွပ်ဝါသနာပါသူတွေ သွားရောက်ကြည့်ရှု့ သင့်တဲ့ဇာတ် ကားကောင်းတစ်ကားဖြစ်ပါတယ်။ လမ်းဘေးအကသမားတွေရဲ့ ခက်ခက်ခဲခဲကြိုးစားရုန်းကန်ခဲ့ကြရတဲ့ ဘဝတွေကိုအခြေခံကာပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Street Dancer တွေရဲ့ အမိုက်စားကကွက်တွေ အဖွဲ့လိုက် သရုပ်ဖော်ပြသွားတဲ့ ကကွက်ဆန်းတွေကိုကြည့်ရှု့ခံစားကြရမှာဖြစ်ပါတယ်။လန်ဒန်မှာကျင်းပတဲ့ အကြီးကျယ်ခမ်းနားဆုံးအကပြိုင်ပွဲဝင်ကြီးကို နိုင်ငံအသီးသီးက အကဝါသနာရှင်တွေလာရောက်ယှဉ်ပြိုင်ကြသလို အိန္ဒိယနွယ်ဖွား Sahej နဲ့ ပါကစ္စတန်သူ Inayat ထိပ်တိုက်တွေ့ဆုံကြပြီး ဘယ်လိုအမိုက်စားကကွက်တွေနဲ့ ယှဉ်သွားကြမလဲဆိုတာကိုတော့ ပရိသတ်တွေကပဲ ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှု့လိုက်ပါနော်။
Source : T-Series
ပြသပေးသွားမည့် ရုံများ
Junction City,Kantharyar.
(၅) မွမွ
မြန်မာနိုင်ငံမှာဟော့အဖြစ်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကိုအခြေခံရိုက်ကူးထားတဲ့ မြမြဇာတ်ကားကတော့ လမ်းဇာတ်နှင့်ဒါရိုက်တာ ညိုမင်းလွင်မှပုံဖော်ရိုက်ပြီး သရုပ်ဆောင်သင်ဇာဝင့်ကျော် မင်းတော်ဝင် ဒီဒီး မျိုးလှိုင်ဝင်း လင်းနေ ကိုဆိုင်း ယမှုံ ခင်ထွေးစုလှိုင် မတူး စတဲ့နာမည်ကြီးသရုပ်ဆောင်တွေနဲ့ မျက် နှာသစ်သရုပ်ဆောင်တွေများစွာပါဝင်ရိုက်ကူးထားတဲ့ဇာတ် ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ ပြောများခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ရုပ်ရှင်အနေနဲ့ ပြန်လည်ပုံ ဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သွားရောက် ကြည့်ရှုှု့သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
Source : JCGV
ပြသပေးသွားမည့် ရုံများ
Junction City, Junction Square, City Mall (St.John), Junction Mawtin, Kantharyar.
(၆) ပလယော
ပလေယာဇာတ်ကားကြီးကတော့ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးပြီး မင်းသားချော မြင့်မြတ် ထွန်းထွန်း တိုင်ရွှန် ခင်လှိုင် အေးချမ်းမောင် ခင်လှိုင် အိချောပို စိုးမြတ်သူဇာ ဆောင်းဝတ်ရည်မေ ခေမီကိုစတဲ့နာမည်ကြီး သရုပ်ဆောင်တွေများစွာအပြင် ဝါရင့်ဇာတ်ပို့ဇာတ်ရံတွေနဲ့ မြိုင် မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပလေယာတွေရဲ့ အကောင်းဆုံး လှည့်ကွက်တွေနဲ့ ရယ်မောပျော်ရွှင်ဖွယ် တလွဲ လုပ်ရပ်တွေကြား တဝါးဝါးရယ်နေရမှာဖြစ်တာကြောင့်ဘဝ အမောတွေပြေပျောက်စေဖို့ ပလေယာရုပ်ရှင်ဇာတ်ကားကြီး ကိုသွားရောက်ကြည့်ရှု့ဖို့ တိုက်တွန်းချင်ပါတယ်။
Source : Mingalar Cinemas
ပြသပေးသွားမည့် ရုံများ
Tha Ma Ta Cinema , Thwin Cinema , Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung),Mingalar Cinemas Gold Class .