လူတိုင်းနီးပါး ဘဝမှာ အလွန်ခက်ခဲတဲ့ အချိန်တွေရှိခဲ့ဖူးကြမှာပါ။ နာမကျန်းဖြစ်တာ၊ အသည်းကွဲတာ (သို့) ကုန်းကောက်စရာမရှိအောင် ဖြစ်သွားတာ အစရှိသဖြင့် ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုအခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အချိန်မှာ ရင်ဆိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရှေ့ဆက်လျှောက်လှမ်းဖို့တော့ လိုအပ်ပါတယ်။
ဒီနေ့ kwee page က ဘဝအခက်အခဲတွေ ကြုံတွေ့ရချိန်မှာ ကြည့်သင့်သော ဇာတ်ကားကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
Unconditional

Source: New On Netflix USA
IMDb rating — 7.3
Samantha Crawford ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့ယောက်ျားနဲ့အတူတကွ ပျော်ရွှင်စွာဖြတ်သန်းနေခဲ့ကြတယ်။ ဒါပေမယ့် သူမရဲ့ယောက်ျားဟာ အဓိပ္ပာယ်မဲ့စွာ အသတ်ခံလိုက်ရတဲ့ အချိန်မှာတော့ သူမဘဝဟာ ပြောင်းလဲသွားပါတော့တယ်။ သူမဟာ ယုံကြည်မှုတွေ ကုန်ခမ်းသွားပြီး ဆက်ပြီးအသက်ရှင်မနေချင်တော့လောက်အောင် စိတ်ဓာတ်တွေကျနေခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ သူငယ်ချင်းဟောင်း Joe နဲ့ပြန်တွေ့ချိန်မှာတော့ သူမရဲ့ဘဝဟာ အသစ်တဖန်ပြန်ရှင်သန်လာပါတော့တယ်။
The Fault in Our Stars

Source: Youth Incorporated Magazine
IMDb rating — 7.8
Hazel ဆိုတဲ့ကောင်မလေးဟာ ကင်ဆာဝေဒနာ ခံစားနေရပြီး စိတ်ဓာတ်တွေကျနေခဲ့တယ်။ သူမဟာ ကင်ဆာ ကုထုံးတွေခံယူနေတဲ့ သူတွေနဲ့သွားရောက်တွေ့ဆုံတဲ့အချိန်မှာ Augustus လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ချစ်ကျွမ်းဝင်သွားခဲ့ကြတယ်။ သူတို့နှစ်ယောက်ဟာ နယ်သာလန်နိုင်ငံမှာနေထိုင်တဲ့ စာရေးဆရာတစ်ယောက်ကို သွားတွေ့ကြဖို့ အတူတူခရီးထွက်ဖို့ ပြင်ဆင်ကြပါတော့တယ်။
My Life Without Me

Source: Royal Canadian Movie Podcast
IMDb rating — 7.6
Ann ဆိုတဲ့အမျိုးသမီးဟာ အသက် (၂၃) နှစ်သာရှိသေးပေမယ့် သမီးလေးနှစ်ယောက်တောင်မွေးထားပါတယ်။ သူမမှာ လူတကာရဲ့ချဉ်ဖက် အလုပ်မရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ ထောင်ထဲကနေ မကြာသေးခင်ကမှ ထွက်လာတဲ့ ဖခင်တစ်ယောက်ရယ်ရှိတယ်။ သူမဟာ တက္ကသိုလ်တစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်လျက်ရှိတယ်။ သူမမှာ ကုလို့မရတော့တဲ့ နောက်ဆုံးအဆင့်ကင်ဆာ ရှိနေပြီး (၃) လပဲအသက်ရှင်နေရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာတော့ သူမရဲ့ ငြီးငွေ့ဖွယ်ကောင်းတဲ့ ဘဝကြီးဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။
Lion

Source: Marshalife
IMDb rating — 8.1
Saroo ကို အိန္ဒိယနိုင်ငံမှ ဆင်းရဲတဲ့ မိဘနှစ်ပါးကနေ မွေးဖွားခဲ့ပါတယ်။ သူအသက် (၅) နှစ်အရွယ်ရောက်တဲ့အချိန်မှာ မိဘတွေနဲ့ ကွဲသွားခဲ့တယ်။ သူဟာ သြစတြေးလျ စုံတွဲတစ်တွဲရဲ့ မွေးစားခြင်းမခံရခင်အထိ ကာလ်ကတ္တားမှာ အခက်အခဲတွေများစွာရင်ဆိုင်ခဲ့ရတယ်။ သူ အသက် (၂၅) နှစ်အရွယ်ရောက်လာတဲ့အချိန်မှာတော့ သူရဲ့မိဘအရင်းတွေကို ပြန်ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီရုပ်ရှင်ကားဟာ အဖြစ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
