ဟာသရုပ်ရှင်တွေတော်တော်များများဟာ ရိုးရှင်းပြီး ကြည့်ရနားလည်ရ လွယ်ကူကြပါတယ်။ ဒါပေမဲ့ တစ်ချို့ ဟာသဇာတ်ကားတွေဟာ ပရိသတ်တွေရဲ့ စိတ်ထဲမှာ တွေးစရာတွေအများကြီး ထည့်ပေးနိုင်ကြတယ်။ အခု kwee ကပြောပြမဲ့ ရုပ်ရှင်ဇာတ်ကားတွေကစိတ်ညစ်စရာတွေ မေ့ပျောက်သွားအောင် ကူညီပေးနိုင်တဲ့ ဇာတ်ကားတွေပါ။

Alibi.com, 2017

Source: Bright side

သရုပ်ဆောင်များ – Philippe Lachea, Élodie Fontan, Julien Arruti

IMDb rating: 6.5

အလီဘိုင် (အခင်းဖြစ်ပွားရာနေရာမှာ မရှိကြောင်း ထုချေခြင်း) ဆို့တဲ့ အေဂျင်စီ ဟာအလွန်ကို အလုပ်ရှုပ်တဲ့ company တစ်ခုပါ။ Greg ဆိုတဲ့ လူကဦးစီးပြီး လုပ်ကိုင်နေတာပါ။ သူ့လုပ်ငန်းဟာ အရမ်းကို အောင်မြင်နေပြီး Greg ဟာအရမ်းကိုပျော်ရွှင်နေခဲ့ပါတယ်။ လိမ်လည်လှည့်ဖျားတာကို မကြိုက်တဲ့ မိန်းကလေးတစ်ယောက်နဲ့ မတွေ့ခင်အထိပေါ့။

Greg နဲ့ သူ့အိပ်မက်ထဲက အလိမ်အညာတွေကို မုန်းတဲ့ မိန်းကလေးတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ ဒီဇာတ်ကားထဲမှာ မြင်တွေ့ရမှာပါ။

It’s Kind of a Funny Story, 2010

Source: Trailer Addict

သရုပ်ဆောင်များ – Emma Roberts, Zach Galifianakis, Zoe Kravitz

IMDb rating: 7.10

အဓိက ကလေးသရုပ်ဆောင် Craig ဟာတစ်ညမှာ မိမိကိုယ်ကိုသက်သေတယ်ဆိုတဲ့ အိပ်မက်တစ်ခု မြင်မက်ခဲ့တယ်။ အိပ်မက်မက်ပြီး နိုးလာတော့ သူအရမ်းပဲ ကြောက်နေခဲ့တယ်။ နောက်ဆုံးသူဟာ စိတ်ရောဂါကု ဆေးရုံကိုသွားဖို့ စိတ်ဖြတ်လိုက်ပါတော့တယ်။

ဒါပေမဲ့ မမျှော်လင့်ဘဲ စိတ်ရောဂါတွေရနေတဲ့ လူကြီးတွေနဲ့ ဆေးရုံမှာ ပိတ်မိသွားတဲ့အချိန်မှာတော့ စိတ်ဝင်စားစရာတွေ ဖြစ်လာပါတော့တယ်။ ဒီကားဟာ IMDb rating: 7.10 အထိရရှိထားတဲ့ ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Dai si hing, 2018

Source: IMDb

သရုပ်ဆောင်များ – Starring: Donnie Yen, Joe Chen, Yu Kang

IMDb rating: 6.3

စစ်ပြန်ကြီး တစ်ယောက်က ဟောင်ကောင် ကျောင်းတစ်ကျောင်းမှာ အလုပ်ဝင်လုပ်ပါတယ်။ ဒါပေမဲ့ကံမကောင်းချင်တော့ သူအလုပ်လုပ်နေတဲ့ကျောင်းက ကျောင်းသားတွေဟာ စာမေးပွဲ မအောင်ကြတဲ့ အတွက်ကြောင့် ကျောင်းကြီးက ပိတ်ရတော့မဲ့အခြေအနေ ရောက်လာပါတော့တယ်။

စစ်ပြန်ကြီးက ကျောင်းကြီးကိုဘယ်ပုံဘယ်နည်း ကယ်တင်မလဲဆိုတာ ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ။ နာမည်ကြီး IP Man မင်းသားကြီး Donnie Yen ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသ၊အက်ရှင်၊ဒရာမာတွေ ရောစပ်ထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။

Like Father, 2018

Source: IMDb

သရုပ်ဆောင်များ – Starring: Kristen Bell, Danielle Davenport

IMDb rating: 6.1

ဒီဇာတ်ကားထဲမှာကတော့ အဓိကသရုပ်ဆောင်ဟာ သူလက်ထပ်မဲ့ အမျိုးသားနဲ့ ပျက်စဲ လိုက်ပါတယ်။ ဒါပေမဲ့ သူတို့တွေ လက်ထပ်ပြီးရင် သွားမဲ့ ဟန်းနီးမွန်း ခရီးစဉ်တွေအတွက် ပိုက်ဆံက ချေပြီးသားဖြစ်နေပါတယ်။ ဒါကြောင့် သူမဟာ ခရီးစဉ်ကို နှစ် (၂၀) ကြာ ကွဲနေခဲ့တဲ့ အဖေဖြစ်သူနဲ့ သွားဖို့ဖြစ်လာပါတော့တယ်။

The A-Team, 2010

Source: Letterboxd

သရုပ်ဆောင်များ – Liam Neeson, Bradley Cooper, Jessica Biel, Patrick Wilson

IMDb rating: 6.8

အီရက်မှာ စစ်မှုထမ်းပြီး ပြန်လာတဲ့ အဖွဲ့တစ်ဖွဲ့ဟာ သူတို့ မကျူးလွန်တဲ့ အမှုတစ်ခုအတွက် စွပ်စွဲ ခံခဲ့ပါတယ်။ သူတို့တွေဟာ သူတို့ မကျူးလွန်ခဲ့တဲ့ အမှုအတွက် လွတ်လမ်းကို ရှာဖွေကြဖို့အတွက် အမှုကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားကို ကိုယ်တိုင် ဖမ်းဖို့ ဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားမှာတော့ နာမည်ကြီး သရုပ်ဆောင် Bradley Cooper ပါဝင်သရုပ်ဆောင်ထားပါတယ်။