လူတွေက ပြောကြတယ် ‘ယောက်ျားတွေက မငိုကြဘူး’တဲ့။ မှန်ပါတယ်။ ယောက်ျားတွေနဲ့ယှဉ်ရင် မိန်းမတွေက ပိုပြီး စိတ်ထိခိုက်လွယ်တတ်ကြတယ်။ ဒါပေမယ့် ဒါက မခံစားတတ်ဘူးလို့ပြောတာမဟုတ်ပါဘူး။ အခု ကျွန်တော်တို့ Kwee ကနေ ယောက်ျားလေးတွေကို အရမ်းခံစားပြီး မျက်ရည်ဝဲစေနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြောပြပေးသွားမှာပါ။

Hachi: The Dog’s Tale

Source: The Primitive Dogs

ဂီတဆရာတစ်ယောက်ရဲ့ အိမ်ပြန်လမ်းမှာ လမ်းပျောက်နေတဲ့ ခွေးတစ်ကောင်နဲ့ တွေ့ခဲ့ပြီး သူ့အိမ်ကို  ခေါ်သွားတာကနေစခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်က ဒီလောက်နှစ်တွေတိုင်မယ်လို့ သူတစ်ခါမှ မတွေးခဲ့မိဖူးဘူး။ ခွေးတစ်ကောင်ရဲ့ သခင်အပေါ် ဖြူစင်တဲ့ချစ်ခြင်း၊ သစ္စာရှိမှုတွေကို ရိုက်ပြထားတဲ့ ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှ န်ကိုအခြေခံထားပြီး အသည်းမာတဲ့သူတွေကိုတောင် မျက်ရည်ကျစေနိုင်တဲ့  ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

Knockin’ on Heaven’s Door

Source: Youtube

ဆေးရုံအခန်းတစ်ခန်းထဲမှာ လူနာနှစ်ယောက်… လူ့ဘဝမှာ အချိန်နည်းနည်းပဲ နေရတော့မယ့် ရောဂါသည် နှစ်ယောက်… သူတို့ရဲ့ ကျန်နေတဲ့ လူ့သက်တမ်းကို စိတ်အားငယ်မှုတွေနဲ့ အဆုံးမသတ်နိုင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ဆေးရုံကနေ ထွက်ပြေးတယ်။ ကားတစ်စီး ခိုးပြီး ပင်လယ်ဆီကို ခရီးဆန့်ခဲ့ကြတယ်။ ခရီးတစ်လျှောက်မှာ ပျော်စရာတွေ၊ ဒုက္ခတွေ၊ အန္တရာယ်တွေနဲ့ ကြုံခဲ့ရတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဘဝအကြောင်း၊ လွန်ဆန်မရတဲ့ သေခြင်းတရားအကြောင်း၊ အိပ်မက်တွေနဲ့ ထာဝရဆိုတဲ့ စကားလုံးရဲ့  အဓိပ္ပါယ်ကို သိရှိစေတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

The Green Mile

Source: Before The Cyborgs

မိန်းကလေးနှစ်ယောက်ကို သတ်တဲ့အမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ်ပေးခံရတဲ့ လူမည်းလူသန်ကြီးတစ်ယောက်… သူ့ရဲ့ ထင်ရှားတဲ့ ရုပ်ရည် ခန္ဓာကိုယ်ကြောင့်သာမက ဘုရားက လက်ဆောင်ပေးထားသလားအောက်မေ့ရတဲ့ ရှေးဖြစ်ဟောစွမ်းရည်တို့ကြောင့် ထောင်သားတွေအကြားမှာ တဖြည်းဖြည်း လူသိများလာခဲ့တယ်။ စကားတွေပြောကြည့်ရင်းကနေ ထောင်စောင့်တွေတောင်မှ ဒီလူက တကယ်အပြစ်ကျူးလွန်ခဲ့တာဟုတ်ရဲ့လားလို့ သံသယဝင်လာကြတယ်။ နက်နဲမှုတွေ အတွေးအခေါ်တွေနဲ့ The Green Mile ဟာ Stepen King ဝတ္ထုတွေထဲက အကောင်းဆုံး ဇာတ်ကားတစ်ခုဖြစ်ခဲ့တယ်။

My Name Is Khan

Source: Youtube

အိန္ဒိယရုပ်ရှင်တော်တော်များများက သီချင်းတွေ အကတွေနဲ့ပြည့်နေတာ များပါတယ်။  ဒါပေမယ့် ဒီဇာတ်ကားတော့မပါခဲ့ပါဘူး။ အံ့သြဝမ်းနည်းဖို့ကောင်းတဲ့  ဒီဇာတ်ကားက ရင်ထဲမှာ တစ်ခုခုတော့ကျန်မှာ ကျိန်းသေပါပဲ။

Schindler’s List

Source: Youtube

Oskar Schindler အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ နာဇီပါတီဝင်တစ်ဦးဖြစ်တဲ့ သူ့ကြောင့်  ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုးထောင်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်။ သူ့ရဲ့ နက်နဲမှု၊ သရုပ်ဆောင်သဘာဝကျခြင်းတွေက သင့်ကို စိတ်လှုပ်ရှားစေမှာပါ။