ဘဝက တိုတောင်းလွန်းလှပါတယ်။ လူတွေက အသက်ရှင်နေထိုင်နိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတာကြောင့် လူတွေနဲ့ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ အရာတွေကို အမြဲတမ်း သတိပြုနေဖို့ရာ မစွမ်းနိုင်ကြဘူး။ တစ်ခါတစ်လေ အချိန်ပေးပြီး အမှန်တကယ်ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေကို ဂရုစိုက်ပေးခြင်းက အရေးကြီးပါတယ်။ ဒီနေ့ kwee page က ဘဝရဲ့တန်ဖိုးကို သိမြင်လာစေမယ့် ရုပ်ရှင်ဇာတ်ကားတွေကို ညွန်ပြပေးလိုက်ပါတယ်။
Southpaw
Source: Esquire
Billy Hope ဆိုတဲ့ လက်ဝှေ့သမားတစ်ယောက်အကြောင်း ရိုက်ကူးထားတာပါ။ ခမ်းနားတဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ ချစ်စဖွယ် မိန်းမနဲ့သမီးလေးတစ်ယောက် ပိုင်ဆိုင်တဲ့ သူ့ရဲ့ဘဝဟာ အရမ်းကိုပြီးပြည့်စုံခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ဝမ်းနည်းစရာအဖြစ်အပျက်နဲ့ ကြုံတွေ့ရပါတော့တယ်။ Billy Hope ဟာအရာအားလုံးကို ဆုံးရှုံးခဲ့ရတယ်။ သူ့ရဲ့မိန်းမနဲ့သမီးတွေအပြင် သူ့ရဲ့အလုပ်ကိုလည်း ဆုံးရှုံးခဲ့ရတယ်။ အခုတော့ သူဟာ တန်ဖိုးရှိတဲ့ဘဝကို ပြန်လည်ရရှိဖို့အတွက် ကြိုးစားပါတော့တယ်။ဒီဇာတ်ကားဟာ ပရိသတ်တွေကို အဓိကဇာတ်ကောင်နေရာကနေ ဝင်ရောက်ခံစားစေပြီး ဇာတ်ကားပြီးသည့်အထိ ခေါ်ဆောင်သွားမှာပါ။
Everest
Source: www.everest-movie.co.uk
တောင်တက်အဖွဲ့တစ်ဖွဲ့ဟာ အတွေ့အကြုံရင့် တောင်တက်လမ်းပြတစ်ယောက်နဲ့အတူ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက် တောင်ထိပ်ကို တက်ဖို့ကြိုးစားနေကြတယ်။ ဒါပေမယ့် သူတို့ဟာ အင်အားကြီးပြီး ခန့်မှန်းရခက်လောက်အောင် သဘာဝဘေးနဲ့ကြုံရပါတော့တယ်။ တောင်စောင်းမှာ အေးခဲနေတဲ့အချိန်မှာ တောင်တက်သမားတွေဟာ သူတို့ရဲ့အိမ်နဲ့မိသားစုကို သတိရတမ်းတမိကြတယ်။တောင်တက်သမားတွေနဲ့ သူတို့မိသားစုဝင်တွေရဲ့ နောက်ဆုံးပြောကြားခဲ့တဲ့ စကားတွေကို ကြားရတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်ဟာ ရင်ထဲဆို့နစ်သွားစေပါတယ်။ ဒီဇာတ်ကားကြည့်ပြီး သင်ပထမဆုံးလုပ်ချင်မယ့်အရာကတော့ သင်ချစ်တဲ့လူတွေကို ပွေ့ဖက်ပြီး သူတို့ကို ဘယ်လောက်ထိချစ်ကြောင်း တန်ဖိုးထားကြောင်း ပြောဖြစ်လိမ့်မယ်ထင်ပါတယ်။
Unbroken
Source: Pathway
ဒုတိယကမ္ဘာစစ်ကြောင့် လူသန်းပေါင်းများစွာရဲ့ ဘဝတွေကို ပျက်စီးခဲ့ရတယ်။ ဒီထဲမှာ ဘာလင်နွေရာသီ အိုလံပစ် အားကစားသမား Louis Zamperini လည်းတစ်ယောက် အပါအဝင်ပါ။ ဒါပေမယ့် လေယာဉ်ပျက်ကျတာ၊ ပစိဖိတ်သမုဒ္ဒရာထဲမှာ ရက်ပေါင်းများစွာမျှောနေခဲ့ရတာ၊ ရက်စက်တဲ့ ဂျပန်တွေရဲ့ စခန်းမှာနေခဲ့ရတာတွေက Zamperini ရဲ့ စိတ်ဓာတ်နဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီဇာတ်ကားရဲ့အနှစ်သာရကတော့ ဘဝဟာလှပတယ်။ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံရပါစေ ရင်ဆိုင်တိုက်ခိုက်ဖို့ ထိုက်တန်တယ် အရှုံးမပေးနဲ့ ဆိုတာပါပဲ။
Youth
Source: AARP
အဖိုးကြီးနှစ်ယောက်ဖြစ်တဲ့ Fred Ballinger နဲ့ Mick Boyle တို့ဟာ Alps တောင်တန်းမှာရှိတဲ့ ဇိမ်ခံဟိုတယ်မှာ အပန်းဖြေဖို့ သွားပါတယ်။ သူတို့နှစ်ယောက်ဟာ အရင်ကငယ်ဘဝကို ပြန်သတိရပြီးတော့ လူငယ်တွေကိုကြည့်ပြီး အားမလိုအားမရတွေ ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လူငယ်တွေရဲ့ ဘဝကို အဓိပ္ပာယ်ရှိသွားအောင် ကူညီပေးချင်တဲ့ စိတ်ဆန္ဒရှိကြတယ်။ လူငယ်တွေ ငယ်ရွယ်စဉ်မှာ လုပ်သင့်တာမလုပ်ခဲ့ရတာကြောင့် အသက်ကြီးလာတဲ့အခါမှာ နောင်တမရ အောင်လမ်းပြပေးချင်ကြတယ်။ ဒီဇာတ်ကားဟာ အတွေးအခေါ်ပိုင်း နည်းနည်းဆန်ပါတယ်။ အတိတ်အနာဂတ်၊ ဘဝနဲ့သေခြင်းတရားတွေအကြောင်းကို ရိုက်ပြထားတာပါ။