COVID – 19 ရောဂါကာကွယ်ရင်း အိမ်မှာပဲ မိသားစုတွေနဲ့ ကြည့်လို့ရမယ့် ဇာတ်လမ်းကောင်းတွေညွှန်းချင်ပါတယ်။

(၁) Coraline (2009)

Source : Movieclips Classic Trailers

ပထမဆုံးတကားကတော့ စာရေးဆရာ Neil Gaiman ရဲ့ Coraline ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးပါ။ ကာတွန်းရုပ်ရှင်ဆိုပေမယ့် ဘယ်အချိန်ပြန်ကြည့်ကြည့်ရိုးမသွားတဲ့ ဇာတ်လမ်းလေးပါ။ မိန်းကလေးငယ်လေးရဲ့ကလေးသ ဘာဝစူးစမ်းမှု၊ သူမရဲ့မိဘတွေကသူမကိုဂရုမစိုက်ဘူးလို့ခံစားရတဲ့အတွက် ပိုကောင်းတဲ့မိဘတွေကိုရှာရင်း အခြားအမှောင်ကမ္ဘာက လှည့်စားမှုတွေကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရလဲဆိုတာကို ကာတွန်းအန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဒါရိုက်တာကပြန်လည်ဆန်းသစ်ထားတာပါ။ ဇာတ်လမ်း ကောင်းလေးဖြစ်လို့ မကြည့်ရသေးရင်ပဲဖြစ်ဖြစ် ကြည့်ဖူးတဲ့သူပဲဖြစ်ဖြစ် နောက်တခေါက်လောက်ပြန်ကြည့်ဖို့ တိုက်တွန်းပါတယ်။

(၂) Hairspray (2007)

Source : Movieclips Classic Trailers

နောက်ထပ်ညွှန်းပေးချင်တာကတော့ Hairspray လို့ခေါ်တဲ့ ဟာသရုပ်ရှင်ကားလေးပါ။ မှတ်မိလွယ်တဲ့ သီချင်း တွေကကွက်တွေကြားက ခိုင်မာတဲ့နိုင်ငံသားအခွင့်အရေးဆိုင်ရာ စကားလုံးတွေကိုပါသိရမယ့် ဇာတ်လမ်း ကောင်းတပုဒ်ပါ။ ဇာတ်လမ်းထဲမှာ လူကြီးတွေအတွက် လေးနက်တဲ့အကြောင်းအရာကိုထည့်သွင်း ပြထားသလို သင့်ကလေးတွေအတွက် ပျော်စရာသီချင်းတွေ ကကွက်တွေလေ့လာသင်ကြားပေးလို့လဲရပါ တယ်။

(၃) The House With a Clock in Its Walls (2018)

Source : Universal Pictures

တကယ်လို့ နည်းနည်းစိတ်လှုပ်ရှားရမယ့် ကြောက်စရာကားမျိုးကိုကြိုက်တယ်ဆိုရင် မိသားစုကြည့်လို့ကောင်းမယ့် The House With a Clock in Its Walls (2018) ကို ညွှန်းပါရစေ။ ၁၉၅၀ ပြည့်လွန်နှစ်တွေဆီကိုပြန်ခေါ်သွားမယ့် ဒီသဘာဝလွန်ပုံပြင်ထဲမှာ မိဘမဲ့ကလေးရဲ့ဇာတ်ကောင်ကနေ သူ့ဦးလေးရဲ့မှော်ဆန်ဆန်အိမ်မှာနေထိုင်ရင်း ဘယ်လိုထိတ်လန့်တုန်လှုပ်စရာတွေကိုကြုံရလဲဆိုတာကြည့်ရမှာပါ။ မကြည့်ရသေးရင် စမ်းကြည့်ုလိုက်ပါဦး။

(၄) How to Train Your Dragon (2010)

Source : Movieclips Classic Trailers

Lord of Ring ကို သင်ကြည့်ခဲ့တယ်ဆိုရင် How to Train Your Dragon လို ရုပ်ရှင်ဇာတ်လမ်းတွေက မိသားတွေထိုင်ကြည့်ရင်းအပြန်အလှန်ပြောဆိုဆွေးနွေးရင်း မိသားစုနွေးထွေးမှုရမယ့် ဇာတ်လမ်းမျိုးပါ။ ဗိုက်ကင်းမိသားစုကဆင်းသက်လာတဲ့ ဆယ်ကျော်သက်ကောင်လေးက ဆယ်ကျော်သက်အရွယ်မှာဖြစ်တတ်တဲ့ပြသနာတွေနဲ့ရင်ဆိုင်နေရချိန် သူရဲ့အရင်းနှီးဆုံးသူငယ်ချင်းလေး Toothless နဲ့ဘယ်လိုခင်မင်သွားကြလာလဲ How to Train Your Dragon ဆိုတဲ့အတိုင်း Toothless လေးကို ဘယ်လိုတွေလေ့ကျင့်ပေးလဲဆိုတာတွေကို ကြည့်ရမှာပါ။ မိတ်ဆွေသူငယ်ချင်းအချင်းချင်း ကူညီဖေးမမှုကိုတွေ့ရမှာဖြစ်တဲ့ အန်နီမေးရှင်းဇာတ်ကားကောင်းလေးကြိုက်သူတွေလက်မလွှတ်ကြတဲ့ ဇာတ်လမ်းလေးပါ။

(၅) Spider-Man: Into the Spider-Verse (2018)

Source : Sony Pictures Entertainment

‘Spider-Man: Into the Spider-Verse’ (2018) ကတော့ စူပါးဟီးရိုးကာရိုက်တာတွေကြိုက်ကြတဲ့ ရုပ်ရှင်ချစ်သူတွေအသဲစွဲပါ။ Spider Man ဇာတ်ကောင် စူပါဟီးရိုးပင့်ကူလူသားရဲ့ကမ္ဘာကြီးကိုကူညီပေးတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက သင့်ကိုခွန်အားတွေရလာစေမှာပါ။ အရင် Spider Man ဇာတ်လမ်းတွေလိုပဲ အသစ်ထွက်လာတိုင်း စောင့်ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားတကားပါပဲ။ မကြည့်ရသေးရင်ကြည့်လိုက်ပါဦး။