အရသာရှိတာလေးတွေ စားရရင်ချစ်တဲ့သူကို သတိရတတ်သလို ရုပ်ရှင်ကားကောင်းတစ်ကားရဲ့အနှစ်သာရကို တူတူမျှဝေတတ်တာကလည်း ချစ်တတ်တဲ့ပုရိသတွေရဲ့ ပြယုဂ်တစ်ခုပဲ မဟုတ်လား။ အခုလိုရာသီဥတုအေးတဲ့ အချိန်မှာ ကိုယ့်ချစ်သူနဲ့အတူ ကော်ဖီပူပူလေးတစ်ခွက်နဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကြည့်ပြီး အချိန်ကုန် ဆုံးရတာလောက် ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်မျိုးရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ကိုယ့်ချစ်သူကောင်မလေးနဲ့ အတူတူကြည့်သင့်တဲ့ အချစ်အကြောင်းပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးတွေကို တင်ဆက်ပေးချင်ပါတယ်။

(၁) The Vow (2012)

The Vow

Photo Source : Roger Ebert

The Vow ရုပ်ရှင်ဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ အချစ်ဒရမ်မာ ဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်။ ယာဉ်မတော်တဆမှုတစ်ခုကြောင့် အတိတ်မေ့သွားတဲ့ ချစ်သူကောင်မလေးရဲ့ အချစ်တွေကိုပြန်ရဖို့ ကြိုးစားနိုင်မလားဆိုတာ ရင်ခုန်ဖွယ်ကြည့်ရမှာပါ။ IMDb Rating 6.8 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဆိုတော့ ချစ်သူစုံတွဲတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

(၂) The Best of Me (2014)

The Best of Me

Photo Source : Ten Stars or Less

အချစ်ဝတ္ထုတွေမှာ သိပ်ကိုနာမည်ကြီးတဲ့ အမေရိကန်စာရေးဆရာ Nicholas Sparks ရဲ့ လက်ရာကို ရုပ်ရှင်ပြန် ဖွဲ့ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ IMDb Rating 6.7 ရပြီး စိတ်ကူးယဉ်ဖို့ကောင်းလွန်းတဲ့ အချစ်ဇာတ်လမ်း လေး ဖြစ်ပါတယ်။ “ငယ်ကအချစ် နှစ်တစ်ရာမမေ့သာ” ဆိုသလို ကံကြမ္မာကြောင့် ငယ်ငယ်ထဲက ကွဲကွာခဲ့ရတဲ့ ချစ်သူနှစ်ဦး နှစ်ပေါင်း ၂၀ကြာမှ ပြန်လည်တွေ့ဆုံခဲ့ချိန် ကြုံတွေ့ခဲ့ရတဲ့အရာတွေကို ရိုက်ကူးထားတဲ့ အချစ်ဒရမ် မာဇာတ်ကားလေး ဖြစ်ပါတယ်။

(၃) The Notebook (2004)

The Notebook

Photo Source : IndieWire

လူငယ်တွေကြားမှာ အရမ်းပေါက်ခဲ့ပြီး ဘယ်နှစ်ကြိမ်ပဲကြည့်ကြည့် မရိုးနိုင်တဲ့ ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရမှာပါ။ ၁၉၄၀ ခုနှစ်ရဲ့ နွေရာသီတစ်ခုမှာ စတင်ခဲ့တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ခေတ်နောက်ပြန် ပုံဖော် ထားပါတယ်။ မိသားစုနောက်ခံ အသိုင်းဝိုင်းချင်း မညီမျှမှုတွေကြောင့် ချစ်သူနှစ်ဦးရဲ့ အချစ်တွေက နွေဦးအိပ်မက် တစ်ခု အဖြစ်နဲ့ပဲပြီးဆုံးသွားမလား မျော်လင့်ချက်တွေတကယ်ပဲ ပြည့်သွားမလားဆိုတာ ဝိရောဓိဆန်ဆန် အချစ်ရဲ့ နက်နဲသိမ်မွေ့မှုနဲ့အတူ ခံစားကြည့်ရှု့ရမယ့် Rating 7.8 ရရှိထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။

(၄) The Lucky One (2012)

The Lucky One

Photo Source : NZ Herald

ဒီဇာတ်ကားဟာလည်း အချစ်ဝတ္ထုရေးဆရာကြီး Nicholas Sparks ရဲ့ လက်ရာတွေထဲက တစ်ခုပါပဲ။ ဓာတ်ပုံ လေးတစ်ပုံနဲ့ အစပြုခဲ့တဲ့ ရိုမန်တစ်ဆန်ဆန် အချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး IMDb Rating 6.5 ရရှိထား ပါတယ်။ စစ်မှုထမ်းနေစဉ်ကရခဲ့တဲ့ ဓာတ်ပုံထဲက ကောင်မလေးကို လိုက်ရှာမယ့် အမေရိကန်တပ်ကြပ်တစ်ဦးရဲ့ အချစ်တွေကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ သူတကယ်ပဲ ဓာတ်ပုံပါကောင်မလေးကိုရှာတွေ့ သွားမလားဆိုတာ တော့ The Lucky One လို့အမည်ရတဲ့ Romance ဇာတ်ကားလေးထဲမှာ ကြည့်လိုက်ပါနော်။

Featured Image Source : Depositphotos