Mukbang ဆိုတာကတော့ ကိုရီးယားလို ခေါ်ဝေါ်ထားခြင်းဖြစ်ပြီး အစားအသောက် ဘလော့ဂါ များသည် အစားအစာအများအပြားကို စားပွဲပေါ် တင်ထားကာ ကင်မရာရှေ့တွင် အားရပါးရစားပြခြင်းပဲဖြစ်ပါတယ်။ အချို့ကလည်း ဗွီဒီယိုရိုက်ပြီး Edit ပြန်လုပ်ထားပြီးမှ YouTube ချန်နယ်များတွင် ပြန်တင်လေ့ရှိသလို အချို့ကလည်း Live လွှင့်ကာ အားရပါးရ စားပြလေ့ရှိပါတယ်။

Mukbang အစားအသောက် ဘလော့ဂါ များသည် အမြဲတမ်းအားရပါးရ စားပြလေ့ရှိတာကြောင့် အစားစားချင်စိတ်မရှိတဲ့အချိန်မှာ သွားရေယိုလာအောင် စွမ်းဆောင်ပေးနိုင်ကြသူတွေပဲဖြစ်ပါတယ်။ ထိုလောကမှာ နာမည်ကြီးတဲ့ဘလော့ဂါတွေ အများအပြားရှိတဲ့အနက် သင့်ကို သွားရေယိုလာအောင် အစားပြနိုင်ဆုံး ဘလော့ဂါများကတော့ …

Banzz

Source: 밴쯔

Banzz ကတော့ အစားအစာအများအပြားကို တစ်ထိုင်တည်း စားပြနိုင်တာကြောင့် နာမည်ကြီးပါတယ်။ ကမ္ဘာတစ်ဝှမ်းက ကြည့်ရှုသူတွေကလည်း သူ့ရဲ့အားရပါးရစားပြခြင်းကို နှစ်သက်လေ့ရှိကြပါတယ်။

Dorothy

Source: [Dorothy]도로시

Dorothy ရဲ့ အစား စားနိုင်စွမ်းကလည်း အံ့မခန်းပဲဆိုတာ သူ့ဗွီဒီယိုတွေ ကြည့်ပြီးသွားရင် ယုံသွားပါလိမ့်မယ်။ သူ့ YouTube ချန်တယ်မှာဆိုရင် ဖောလိုဝါပေါင်း ၄.၁၇ မီလီယံရှိပါတယ်။

Yuka Kinoshita

Source: Yuka Kinoshita木下ゆうか

Yuka Kinoshita ကတော့ ဂျပန်လူမျိုး Mukbang အစားအသောက် ဘလော့ဂါတစ်ယောက်ဖြစ်ပါတယ်။ ဂျပန်မှာကတော့ Oogui လို့ လူသိများပါတယ်။ သူ(မ)သည် အစားအစာ ဘယ်လောက်စားစား သူ(မ)ရဲ့ ခန္ဓာကိုယ် ဝိတ်တက်မလာအောင် ထိန်းထားနိုင်တာကတော့ လျှို့ဝှက်ချက်တစ်ခုလိုပါပဲ။

Keemi

Source: KEEMI

Keemi ကတော့ အစားအစာ ဘလော့ဂါတစ်ယောက်တင်မဟုတ်ပါဘူး။ သူ(မ)ရဲ့ ဟင်းချက်နည်းတွေကိုလည်း မျှဝေပေးတတ်သူတစ်ယောက်ဖြစ်ပါတယ်။

Stephanie Soo

Source: Stephanie Soo

Stephanie Soo ကတော့ အမေရိကန် ကိုရီးယားကပြားတစ်ယောက်ဖြစ်ပြီး သူ(မ)ရဲ့ ဗွီဒီယိုတွေထဲမှာတော့ အင်္ဂလိပ်လို ပြောကာ အစားအစာများ စားပြတာဖြစ်ပါတယ်။ သူ(မ)ရဲ့ ဗွီဒီယိုတွေကတော့ မိနစ် ၃၀၊ ၄၀ လောက်အထိကို ကြာတတ်ပါတယ်။ သူ(မ)ရဲ့ YouTube ဖောလိုဝါတွေကတော့ ၂.၆၃ မီလီယံရှိပါတယ်။

Hamzy

Source: [햄지]Hamzy

သူ(မ)ကတော့ အစားအစာများကို ကိုယ်တိုင်ချက်ပြုတ်ပြပြီး အားရပါးရ စားသောက်ပြတဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ပါတယ်။ သူ(မ)စားတဲ့အချိန်မှာ သူ(မ)ရဲ့ ခွေးကလေးက ထိုင်ကြည့်နေရတဲ့ ပုံကို ပရိသတ်တွေက သဘောကျပြီး တဖြည်းဖြည်းလူသိများလာတာဖြစ်ပါတယ်။ သူ(မ) YouTube ချန်နယ်မှာဆိုရင် ဖောလိုဝါးပေါင်း ၉.၃၇ မီလီယံရှိပါတယ်။

Gongsam Table

Mukbang အစားအသောက် ဘလော့ဂါ

Source: Ythi

သူကတော့ လောလောဆယ်မှာ နာမည်အကြီးဆုံး ဘလော့ဂါတစ်ယောက်ပါ။ သူ့ YouTube ချန်နယ်မှာဆိုရင် ဖောလိုဝါပေါင်း ၈ မီလီယံကျော်ရှိပါတယ်။

ကွီးတို့အကြိုက်ဆုံး Mukbang အစားအသောက် ဘလော့ဂါ တွေကရော ဘယ်သူတွေဖြစ်မလဲ။

Featured Image: Girlstyle