ဒီဘက်ခေတ် လူငယ်တွေကြား အတွေ့များလာတဲ့ ဆံပင်စတိုင်တွေထဲက တစ်ခုကတော့ Mullet Hairstyle ပါ။ Mullet ဆံပင်စတိုင်က တော်တော်လေး လူငယ်ဆန်ပြီး ဖက်ရှင်ကျတဲ့ Vibe မျိုးကို ပေးတယ်ဆိုတာ ငြင်းလို့မရတာ အမှန်ပါပဲ။ Mullet ဆံပင်စတိုင် အကြောင်းနောက်ကြောင်း ပြန်ဆွဲရမယ်ဆိုရင် ၁၉၈၀ ခုနှစ်ကာလတွေအတွင်း ဟောလိဝုဒ် သရုပ်ဆောင်တွေနဲ့ ရော့ခ်စတား အဆိုတော်တွေကြားမှာ ရေပန်းစားလာခြင်းမပြုမီကတည်းက ညှပ်ခဲ့ကြတဲ့ ဆံပင်စတိုင်တစ်ခုလို့ ပြောကြပါတယ်။ အချို့ သမိုင်းပညာရှင်တွေရဲ့ အဆိုအရလည်း Mullet ဆံပင်ပုံစံဟာ ရှေးဂရိခေတ်ကတည်းက အစပြုလာခဲ့တာလို့ ပြောကြပါတယ်။ ဖက်ရှင်ခေတ်ရေစီးကြောင်းတွေ ပြောင်းလဲလာတာနဲ့အမျှ Mullet ဆံပင်စတိုင်ရဲ့ မူလပုံစံကနေ တဖြည်းဖြည်း ဆန်းသစ်ပြောင်းလဲလာခဲ့ပြီး လက်ရှိခေတ် အနေအထားမှာတော့ Mullet ကိုမှ မတူကွဲပြားတဲ့ ခေတ်သစ်ပုံစံတွေနဲ့ ပေါင်းစပ်ဖန်တီး လာကြတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် လူငယ်ဆန်ပြီး အထာကျစေမယ့် Mullet Hairstyles တွေထဲက အချို့ကို ညွှန်းပေးသွားချင်ပါတယ်။
(၁) Modern Mullet

Photo : Man Of Many
Modern Mullet ကတော့ ဒီဘက်ခေတ် လူငယ်တွေကြားမှာ အညှပ်များတဲ့ ဆံပင်စတိုင် တစ်ခုပါ။ Classic Mullet နဲ့ မဆိုသလောက်လေး ကွာဟမှုရှိပြီး အဓိကအားဖြင့် နားရွက်အပေါ် ထိပ်ဖျားလေးကိုပဲ ရှိတ်ထိုးထားတဲ့ ပုံစံပါ။ ရိုးရှင်းတယ် ၊ လူငယ်ဆန်တယ် ၊ ပေါ့ပေါ့ပါးပါးနဲ့ အထာကျတဲ့ Vibe မျိုးပေးပါတယ်။ Oval နဲ့ Round Shapes မျက်နှာကျရှိတဲ့ ကွီးတို့ ညှပ်လို့ အဆင်ပြေပါတယ်။
(၂) Undercut Mullet

Photo : Man Of Many
Undercut Mullet ဆံပင်စတိုင် ကိုလည်း လူငယ်ပိုင်းတွေကြားမှာ မကြာခဏမြင်တွေ့ဖူးကြပါလိမ့်မယ်။ ဆယ်ကျော်သက်နဲ့ အသက်၂၀ ဝန်းကျင် ခပ်ဂေါ်ဂေါ် ၊ ခပ်မိုက်မိုက် နေတက်သူတွေ ရွေးချယ်ညှပ်ကြတာ များပါတယ်။ Mullet ကိုမှ Undercut ပုံစံပေါင်းစပ်ညှပ်ထားတာ ဖြစ်ပြီး ဘေးဘက်ခြမ်းကို ခပ်ပြောင်ပြောင် အနေအထား ရှိတ်ထိုးထားတာ ဖြစ်ပါတယ်။ Oval ၊ Triangular နဲ့ Round Shapes မျက်နှာကျရှိတဲ့ ကွီးတို့နဲ့ လိုက်ဖက်မှု ရှိပါတယ်။
(၃) Guppy Mullet

Photo : Man Of Many
Guppy Mullet ကတော့ Mullet Hairstyles တွေထဲမှာ ခပ်တိုတိုနဲ့ ရိုးရိုးရှင်းရှင်း အထာကျတဲ့ Classic ဆံပင်စတိုင် တစ်ခုပါ။ Guppy Mullet ရဲ့ပုံစံက ဘေးနဲ့နောက် ဆံပင်တွေဟာ အပေါ်ပိုင်းဆံပင်ထက် အနည်းငယ်လေး ပိုရှည်နေရမှာဖြစ်ပြီး ဘေးဘက်တွေကို ခပ်ပြောင်ပြောင် ရိတ်ထားတာ မကြိုက်တဲ့သူတွေ ရွေးချယ်လို့ အဆင်ပြေပါတယ်။ လူငယ်ပိုင်းတွေ ၊ ဖက်ရှင်ကျကျ ဝတ်စားနေထိုင်တက်တဲ့ လူလတ်ပိုင်းတွေအထိ ညှပ်လို့အဆင်ပြေပြီး Oval နဲ့ Oblong Shapes မျက်နှာကျရှိတဲ့ ကွီးတို့ ရွေးချယ်ညှပ်သင့်ပါတယ်။
(၄) Mohawk Mullet

Photo : Man Of Many
Mohawk ဆံပင်စတိုင် ကတော့ ဒီဘက်ခေတ် လူငယ်တွေကြားမှာ ရေပန်းစားပြီးသား Hairstyles တွေထဲက တစ်ခု ဖြစ်ပါတယ်။ Mohawk ဆံပင်စတိုင်က ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်စေတဲ့အတွက် ဒီဘက်ခေတ် လူငယ်တွေကြားမှာ အညှပ်များတဲ့ Haircut တစ်ခုဖြစ်နေတာပါ။ Mohawk နဲ့ Mullet ပေါင်းစပ်ထားတဲ့ ဖန်တီးမှုကတော့ အရမ်းကြီးလည်း Mohawk မဆန် အရမ်းလည်း Mullet မဆန်ပဲ အရှေ့နဲ့ အနောက် ဆံပင်တွေကို ခပ်တိုတိုနဲ့ ပုံသွင်းလို့ကောင်းတဲ့ အနေအထားပဲ ညှပ်ထားပြီး ဘေးဘက်ကိုတော့ မဆိုသလောက်လေး ပါးထားတာ ဖြစ်ပါတယ်။ Square ၊ Round နဲ့ Triangular Shapes မျက်နှာကျရှိတဲ့ ကွီးတို့ ညှပ်လို့ အဆင်ပြေပါတယ်။
(၅) Wolfcut

Photo : Man Of Many
Wolfcut ကတော့ TikTok မှာတော်တော်လေး ရေပန်းစားနေတဲ့ နောက်ဆုံးပေါ် ခေတ်သစ်ဆံပင်စတိုင်တစ်ခုပါပဲ။ မျက်နှာကို ပိုထင်ပေါ်စေတယ် ၊ လူငယ်ဆန်ပြီး ဆွဲဆောင်မှု ပိုရှိတယ်လို့ ပြောရမှာပါ။ Wolfcut ဆံပင်စတိုင် က 80s Mullet နဲ့ Shag Haircut ကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပြီး Kpopper တွေကြားမှာ ပိုပြီး အညှပ်များလာတဲ့ ဆံပင်စတိုင်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ Round ၊ Square နဲ့ Oval Shapes မျက်နှာကျရှိတဲ့ လူငယ်ပိုင်း ကွီးတို့ လုံးဝလိုက်ဖက်မှု ရှိပါတယ်။
Source : Man Of Many
Featured Photo : GQ Australia
