ယောကျာ်းလေးတစ်ယောက် အရွယ်ရလာပြီဆိုရင် ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းတစ်ခုခု အမြဲလုပ်တတ်ကြပါတယ်။ အဲ့ဒီလိုနဲ့ အချို့သော ယောက်ျားလေးတွေက ဗလတောင့်တောင့်နဲ့ ကွီးတွေဖြစ်လာပြီး မိန်းကလေးတွေ ကြွေလောက်စရာဖြစ်လာပါတယ်။

ဒါပေမယ့် ဗလတောင့်တာတစ်ခုထဲက မိန်းကလေးတွေကို ကြွေစေတာမဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကိုလည်း အကောင်းဆုံးပြသနိုင်အောင် ဝတ်စားဖို့လည်း လိုအပ်ပါသေးတယ်။ အဲ့ဒီအတွက် ကွီးတို့အတွက် အဝတ်အစားဘယ်လိုဝတ်ရမလဲဆိုတာကို ပြောပြလိုက်တယ်နော်။

လက်တို၊ လက်ရှည် တီရှပ်တွေ

Source: The Idle Man

ဗလကောင်းတဲ့ကွီးတွေအတွက်ကတော့ တီရှပ်တစ်ထည်ကောက်စွတ်လိုက်တာနဲ့တင် ခန့်ညားတဲ့ခန္ဓာကိုယ်ကို ပြသလိုက်သလိုပါပဲ။ ဒီနေရာမှာ လက်တိုရော လက်ရှည်တီရှပ်ရော အဆင်ပြေပြီးတော့ ဖြစ်နိုင်ရင် အရောင်ပြောင်နဲ့ တီရှပ်တွေကိုပဲ ဝတ်ဆင်ပါ။

ရှပ်အကျီအဖြူ

Source:The Idle Man

White Shirt ဆိုတာက ယောက်ျားလေးတိုင်းမှာ မဖြစ်မနေရှိနေသင့်တဲ့ အင်္ကျီတစ်ခုပါ။ အဲ့ဒီလိုမျိုးပဲ ဗလတောင့်တောင့်နဲ့ ယောက်ျားလေးတစ်ယောက်က White Shirt ကို ဝတ်ဆင်လိုက်မယ်ဆိုရင် ဒါက မိန်းကလေးတွေအကုန်လုံးကို ကြွေဆင်းသွားစေမှာပါ။ အင်္ကျီအပေါ်ဆုံးကြယ်သီးကို ဖြုတ်ထားရင် ပိုတောင် မိုက်သွားမှာနော်။

လေ့ကျင့်ခန်းဝတ်စုံ

Source: The Idle Man

တစ်ခါတလေမှာ ကိုယ်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာဝတ်တဲ့ တီရှပ်တစ်ထည်နဲ့ ဘောင်းဘီပွပွတစ်ထည်နဲ့ လျှောက်သွားတာကလည်း စတိုင်ကျနေစေပါတယ်။ အဖြူရောင် ရှူးဖိနပ်တစ်ခုနဲ့ဆိုရင် အရမ်းစတိုင်မိုက်သွားမှာပါ။

ကျကျနနအနောက်တိုင်းဝတ်စုံ

Source: AliExpress

အနောက်တိုင်းဝတ်စုံက ယောက်ျားလေးတော်တော်များများမှာ တစ်စုံတော့ရှိကြပါတယ်။ Event အခမ်းအနားတစ်ခုမှာ Body Fit အနောက်တိုင်း ဝတ်စုံတစ်ခုကို ကျကျနနဝတ်သွားလိုက်ရင်လည်း ဒါက ကြွေလောက်တဲ့ စတိုင်တစ်ခုဖြစ်ပါတယ်။

ကဲ… ဗလတောင့်တောင့်နဲ့ ကွီးတွေလည်း အခုလိုမျိုး စတိုင်အမိုက်စားတွေပဲ ဝတ်လိုက်ကြတော့နော်။