သင်နားထောင်တဲ့ သီချင်းအမျိုးအစားပေါ်မူတည်ပြီး သင့်ရဲ့စိတ်နေစိတ်ထားပင်ကိုယ်စရိုက်ကို အကဲခတ်လို့ရတယ် ဆိုတာသိပါသလား။ ဂီတဟာ လူတယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သတ်ပြီး ထင်ဟပ်စေတယ်ဆိုတာ သိသာစေမယ့် လေ့လာစမ်းသပ်ချက်တွေ ရှိပါတယ်။ အကြမ်းအားဖြင့် သင်နားထောင်တဲ့ သီချင်းအမျိုးအစားပေါ်မူတည်ပြီး သင်က Introvert လား ဒါမှမဟုတ် Extrovert လားဆိုတာ ခန့်မှန်းနိုင်သလို သနားတတ်တာ၊ ဂရုစိုက် တတ်တာစတဲ့စိတ်နေစိတ်ထားပိုင်းကိုလဲ သိနိုင်ပါတယ်တဲ့။ ကဲဒါဆို သင်ကြိုက်တဲ့သီချင်းအမျိုးအစားက ဘာတွေပြောမလဲဆိုတာ အောက်မှာဖတ်ကြည့်လိုက်ပါဦး။

(၁) Pop

Source : BackStage360

တကယ်လို့သင်က ပေါ့ပ်ဂီတပရိသတ်တစ်ဦးဆိုရင် သင့်ရဲ့ပင်ကိုယ်စရိုက်လက္ခဏာက တခြားသူတွေနဲ့ မတူပါဘူး။ သင်က အပေါင်းသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပွင့်ပွင့်လင်းလင်းနေတတ်ပေမယ့် တီထွင်ဖန်တီးမှုအပိုင်းမှာအား နည်းတတ်ပါတယ်။ စိတ်လှုပ်ရှားလွယ်သလို တခါတရံလည်းသွေးအေးတတ်ပါတယ်။ ဒါပေမယ့်လည်း ပေါ့ပ်ဂီတကြိုက်သူတစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကိုလေးစားမှုမြင့်မားပြီး တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အခက်အခဲမရှိလုပ်ဆောင်တတ်တယ်လို့ဆိုပါတယ်။

(၂) Rock

Source : Billboard

ရော့ခ်ဂီတာကို နားထောင်တတ်သူဆိုရင်တော့ သင်ဟာထိုးထွင်းသိမြင်တတ်သူတစ်ဦးပါ။ ဆိုလိုတာက သင်ကအာရုံသိသတင်းအချက်အလက်တွေကို ယုံကြည်တတ်ပြီး လိုက်ပါလုပ်ဆောင်တတ်ပါတယ်။ စိတ်ခေါ်မှုတွေနဲ့ကြုံလာတဲ့အခါ လိုက်လျောညီထွေဖြေရှင်းတတ်သလို ဝန်ထမ်းဆိုရင်လည်း လုပ်ဖော်ကိုင်ဖက်တွေက သင့်ကိုသဘောကျတတ်ပါတယ်။ တခါတရံအတိတ်ကို လွမ်းဆွေးနေသတတ်လို တခါတရံလည်း ပျင်းတတ်သူလေးတွေဖြစ်ပါသတဲ့။

(၃) Rap & Hip Hop

Source : Highsnobiety

သင်ကရက်ပ်နဲ့ ဟစ်ဟော့ပ်ကြိုက်သူတစ်ဦးဆိုရင် ပေါ့ပ်ကြိုက်တဲ့သင့်သူငယ်ချင်းတွေလိုပဲ ထူးခြားတတ်ပါတယ်။ သင်ကလုံ့လရှိသူဖြစ်ပြီး စိတ်ကိုတသတ်မှတ်ထဲထားတတ်သလို ကိုယ့်ကိုယ်ကိုလေးစားတတ်ပါတယ်။ ပွင့်ပွင့်လင်းလင်းနေတတ်သလို အာရုံသိထက်လက်တွေ့ကျတာကို ပိုကြိုက်ကြပါတယ်။ ခြုံပြောရရင်တော့ ဆုံးဖြတ်ချက်ချဖို့ အချက်အလက်တွေရှာဖွေတဲ့အခါ မြင်သာထင်သာပြီးခိုင်မာတဲ့သတင်းအချက် လက်ကို ပိုနှစ်သက်တတ်ကြပါတယ်။

(၄) Heavy Metal

Source : Glide Magazine

တကယ်လို့သင်က Metal လို ခပ်ပြင်းပြင်းဂီတမျိုးကိုကြိုက်တယ်ဆိုရင်တော့ ပေါ့ပ်ကြိုက်သူတွေနဲ့ဆန့်ကျင် ဘက်ဖြစ်မှာပါ။ သီးသီးသန့်သန့်နေရတာကြိုက်ပြီး တခုခုဆိုကြိုသိနေတတ်ပါတယ်။ ဆိုလိုတာက သင့်ရဲ့အတွေးတွေနဲ့ ရောင်ပြန်ဟပ်မှုတွေက သင့်ကမ္ဘာမှာအမှန်တကယ်ဖြစ်မလာသေးရင်တောင် သင်စိတ်ကလမ်းညွှန်တဲ့ အတိုင်းပဲ လုပ်တတ်ပါတယ်။ လေ့လာမှုတွေအရ Metal ဂီတတွေက ပြင်းထန်နက်ရှိုင်းတတ်ပေမယ့် Metal ဂီတကိုကြိုက်တဲ့သင်ကတော့ နူးညံ့သိမ်မွေ့နေတတ်သလို ဖန်တီးနိုင်စွမ်းလည်း မြင့်မားပါတယ်။

(၅) EDM

Source : Medium

EDM က ပုံစံအမျိုးမျိုးရှိတဲ့ ဂီတအမျိုးအစားပါ။ ဒီဂီတကိုကြိုက်တဲ့သူတွေကအနည်းငယ်ကွဲပြားတဲ့ စရိုက်ရှိပါတယ်။ EDM ပွဲတွေဟာ လူများစွာကိုဆွဲဆောင်နိုင်ပြီး ခေတ်သစ်ပေါ့ပ်ဂီတလို့တောင်ပြောလို့ရအောင် လူကြိုက်များလာပါတယ်။ အီလက်ထရောအကအခုန်ဂီတအမျိုးအစားနှစ်သက်သူတွေက ရင်းနှီးဖော်ရွေတတ်ပြီး ဆက်ဆံရေးကောင်းကြပါတယ်။ ဒါ့ကြောင့် festival ပွဲတော်တွေသွားပြီး ကခုန်ရတာကြိုက်တတ်ကြတဲ့သူတို့က ပေါ့ပ်ဂီတကြိုက်သူတွေလိုပဲ ပျော်ရွှင်ပွင့်လင်းစွာနေတတ်ကြပါတယ်။