ဂီတချစ်သူတွေအတွက် ဒီတစ်ခေါက်မှာတော့ သုံးလို့အကောင်းဆုံး Music Streaming ပလက်ဖောင်း တွေကို မျှဝေပေးချင်ပါတယ်။ Music Streaming ပလက်ဖောင်း တွေဆိုတာဟာ အင်တာနက်ပေါ်မှာရှိတဲ့ သန်းနဲ့ချီတဲ့ တေးသီချင်းတွေကို အချိန်မရွေး ဝင်ရောက်နားဆင်နိုင်အောင် ဝန်ဆောင်မှု ပေးထားပါတယ်။ တစ်ခုစီမှာ မတူညီတဲ့ Features တွေ ပါဝင်ပြီး သုံးစွဲသူတွေအတွက် ထူးခြားတဲ့ တိုက်ရိုက်နားဆင်နိုင်မယ့် ဝန်ဆောင်မှု အမျိုးမျိုးကို စီစဉ်ပေးထားပါတယ်။ ကဲဒါဆို ဘယ် Music Streaming ပလက်ဖောင်းတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Apple Music

Photo : Apple Support

Apple Music ကတော့ Music ၊ Audio နဲ့ Video Streaming ဝန်ဆောင်မှုတွေထဲမှာ အသုံးအများဆုံး ပလက်ဖောင်းတွေထဲက တစ်ခုဖြစ်ပြီး Apple Inc ကနေ ဖန်တီးထားတာ ဖြစ်ပါတယ်။ Apple Music ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ကမ္ဘာတစ်ဝှမ်းမှာ သုံးစွဲသူပေါင်း ၉၈ သန်းခန့် ရှိပါတယ်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ၂၄ နာရီ တိုက်ရိုက်ထုတ်လွင့်မှု အစီအစဉ်တွေကို နားဆင်နိုင်မှာ ဖြစ်ပြီး Subscribers အသစ်တွေအတွက် တစ်လအခမဲ့ သို့မဟုတ် ခြောက်လအခမဲ့ စမ်းသပ်အသုံးပြုခွင့် ရှိမှာဖြစ်ပါတယ်။

(၂) Spotify

Photo : Spotify

Spotify ကတော့ လူသုံးအများဆုံး Music Streaming ပလက်ဖောင်း တွေထဲကတစ်ခု ဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ အထိ လစဉ်အသုံးပြုသူ ၄၅၆ သန်းကျော် ရှိပါတယ်။ Spotify ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ အထိ နိုင်ငံပေါင်း ၁၈၀ ကျော်မှာ အသုံးပြုနိုင်ပြီး လက်တလော ဟစ်ဖြစ်နေတဲ့ သီချင်းတွေအပါအဝင် မရေမတွက်နိုင်လောက်တဲ့ သီချင်းပေါင်းများစွာကို တစ်နေရာတည်းမှာ နားဆင်နိုင်မှာပဲ ဖြစ်ပါတယ်။

(၃) Amazon Music Unlimited

Photo : Billboard

Amazon Music ကတော့ Amazon ရဲ့ အကောင်းဆုံး Music Streaming ပလက်ဖောင်း တစ်ခုဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ကစပြီး Digital Rights Management (DRM) မပါဘဲ ဂီတရောင်းချတဲ့ ပထမဆုံး Music Store တစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအထိ စစ်တမ်းတွေအရတော့ Amazon Music မှာ Subscribers ပေါင်း ၅၅ သန်း ရှိပါတယ်။

(၄) YouTube Music

Photo : BBC

Google ရဲ့ လုပ်ငန်းခွဲ တစ်ခုဖြစ်တဲ့ YouTube Music ကတော့ YouTube ကနေ ဖန်တီးထားတဲ့ အကောင်းဆုံး Music Streaming ပလက်ဖောင်း ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ YouTube မှာရှိတဲ့ သီချင်းနဲ့ Music Videos တွေများစွာကို စိတ်ကြိုက် ရှာဖွေကြည့်ရှု့နိုင်မှာ ဖြစ်ပါတယ်။ ကြော်ငြာတွေ မပါခြင်း ၊ Audio သီးသန့် Background Playback ဖွင့်နိုင်ခြင်း ၊ သီချင်းတွေကို ဒေါင်းလုပ်ခ်ချပြီး Offline နားဆင်နိုင်ခြင်း စတဲ့ Features တွေ အသုံးပြုနိုင်မယ့် Premium Service တွေကိုလည်း ဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

(၅) Tidal

Photo : Tidal

Tidal ကတော့ နော်ဝေ-အမေရိကန် အခြေစိုက် Music ၊ Podcast နဲ့ Video Streaming ဝန်ဆောင်မှုတွေပေးနေတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ Tidal မှာ Tidal HiFi နဲ့ Tidal HiFi Plus ဆိုပြီး ဝန်ဆောင်မှုအဆင့်နှစ်ခု ရွေးချယ်စရာရှိပါတယ်။ ၂၀၂၁ ခုနှစ် မတ်လအထိ နိုင်ငံပေါင်း ၆၁ နိုင်ငံမှာ အသုံးပြုနိုင်ပြီး Subscribers ၃ သန်းကျော် ရှိပါတယ်။

Featured Photo : Business Insider