နိမ့်တစ်လှည့် မြင့်တစ်လှည့်ဖြင့် အကောင်းအဆိုး ဒွန်တွဲနေခြင်းကို ဘဝလို့ အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။ စိတ်ညစ်နေချိန်၊ စိတ်အပြောင်းအလဲအတက်အကျများနေချိန်မှာ ဘယ်အရာကိုမှ မဆုံးဖြတ်တာအကောင်းဆုံးပါပဲ။

လေ့လာတွေ့ရှိချက်များအရ စိတ်ဓာတ်ကျနေချိန်မှာ မှန်ကန်တဲ့သီချင်းအမျိုးအစားများကို နားထောင်ပေးခြင်းသည် စိတ်ဓာတ်ကို တစ်ဖန်ပြန်လည်မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ သီချင်းကုထုံးသည် စိတ်ဓာတ်ကျနေသူအတွက် အကောင်းဆုံးဆေးဝါးတစ်လက်ပဲဖြစ်ပါတယ်။

man depressed

သီချင်းကုထုံးကိုလည်း Active ကုထုံးနှင့် Receptive ကုထုံးဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Active ကုထုံးကတော့ စိတ်ညစ်နေချိန်မှာ ကိုယ်တိုင်ကိုယ်ကျ သီချင်းဆိုကာ စိတ်ဓာတ်မြှင့်တင်ရတဲ့နည်းဖြစ်ပြီး Receptive ကုထုံးကတော့ သူများဆိုထားတဲ့သီချင်းကို ပြန်လည်နားဆင်ခြင်းပဲဖြစ်ပါတယ်။

ဒီဆောင်းပါးလေးကတော့ Recepive ကုထုံးဖြင့် ကုသချင်သူများအတွက် စိတ်ဓာတ်ခွန်အားပြန်လည်မြှင့်တင်ပေးနိုင်မယ့် သီချင်းလေးတွေကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

(1) Dancing Queen – Abba

(2) Three Little Birds – Bob Marley

(3) I’m A Believer – The Monkees

(4) Don’t Stop Me Now – Queen

(5) Last Hope – Paramore

(6) Alive – Sia

(7) Still Breathing – Green Day

(8) Fight Song – Rachel Platten

(9) Scars To Your Beautiful – Alessia Cara

(10) Jason Mraz – I Won’t Give Up

Source: Calmsage.com