အင်တာနက်သုံးသူတိုင်း Google ပိုင် Video Sharing ပလက်ဖောင်းတစ်ခုဖြစ်တဲ့ YouTube ကို သိကြသလို မကြာခဏလည်း သုံးဖြစ်ကြမှာပါ။ YouTube ပလက်ဖောင်းကို ဝင်ကြည့်မယ်ဆိုရင် YouTube TV ၊ YouTube Music ၊ YouTube Kids ၊ YouTube For Artists ဆိုပြီး ကဏ္ဍလေးတွေ ခွဲထားတာ တွေ့ရမှာပါ။

အစောပိုင်းက YouTube ဟာ လူမှုကွန်ရက်ပေါ် လူပြောများတဲ့ Viral Videos တွေ ၊ သင်ခန်းစာ Tutorials တွေ ကြည့်နိုင်တဲ့ ပလက်ဖောင်းအဖြစ် ထင်ရှားခဲ့ရာကနေ Music Video ပလက်ဖောင်းဘက်ကို အားစိုက်လာနေပါတယ်။ YouTube ပေါ်က လူကြည့်အများဆုံး Videos တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း Viral Videos တွေကနေ Music Videos တွေဘက် ရောက်လာနေပါတယ်။

၂၀၀၅ ခုနှစ်က စတင်တည်ထောင်လာခဲ့တဲ့ YouTube ဟာ သူ့ရဲ့ မိခင်ကုမ္ပဏီ Google ပြီးရင် အင်တာနက် သုံးသူတွေ ဝင်ရောက်လည်ပတ်မှု အများဆုံး ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က YouTube ပေါ် ရောက်လာတဲ့ Lady Gaga ရဲ့ Bad Romance သီချင်းက စပြီး YouTube ပလက်ဖောင်းပေါ်က လူကြည့်အများဆုံး Videos တွေဟာ Music Videos တွေ ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ YouTube ရဲ့ ၁၇ နှစ်တာ သက်တမ်းအတွင်း လူကြည့်အများဆုံး Music Videos တွေနဲ့ မိတ်ဆက်ပေးသွားမှာပါ။

(၁) Baby Shark Dance – ကြည့်ရှုမှုပေါင်း ၁၀.၄၂ ဘီလျံ

 

Baby Shark Dance သီချင်းကို YouTube မှာ ကြည့်ရှုမှုပမာဏဟာ ကမ္ဘာ့လက်ရှိ လူဦးရေရဲ့ တစ်ဆခွဲလောက် ပိုများပါတယ်။ “Baby Shark Do Do , Do – Do – Do – Do ” ဆိုတဲ့ သီစဉ်ဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ကလေးသီချင်း ဖြစ်လာခဲ့ပါတယ်။ ဒီသီချင်းကို တောင်ကိုရီးယား ဖျော်ဖြေရေးကုမ္ပဏီ SmartStudy ရဲ့ ဌာနတစ်ခု ဖြစ်တဲ့ Pinkfong ကနေ ထုတ်လုပ်တာ ဖြစ်ပြီး Original Release ဖြန့်ပြီး ၄ နှစ်အကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ဒီသီချင်းဟာ ကြည့်ရှုမှု ၁၀ ဘီလျံကျော်တဲ့ ပထမဆုံး YouTube ဗွီဒီယို ဖြစ်ပါတယ်။

(၂) Despacito – ကြည့်ရှုမှုပေါင်း ၇.၈ ဘီလျံ

ဂီတလောကမှာ လူကြည့်အများဆုံး YouTube ဗွီဒီယိုတစ်ခုက အမေရိကန်အဆိုတော် Luis Fonsi နဲ့ Featuring ရက်ပါ Daddy Yankee ဝင်ဆိုပေးထားတဲ့ Despacito သီချင်းပါပဲ။ Despacito ဆိုတာ စပိန်စကား ဖြစ်ပြီး ဖြည်းဖြည်းလေး နဲ့ ငြိမ့်ငြိမ့်လေး လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ ၂၀၁၇ ဇန်နဝါရီလမှာ ဖြန့်ချိခဲ့ပြီး လက်တင် ဂရမ်မီ ၄ ဆု ၊ Billboard Latin Music Awards ၇ ဆု ၊ Billboard Music Awards ၅ ဆု နဲ့ Grammy Nomination ဆန်ကာတင် ၃ ဆု စာရင်းဝင်သွားတဲ့ သီချင်း ဖြစ်ပါတယ်။ Billboard Hot 100 မှာ အဲ့ဒီအချိန်က ၁၆ ပတ် ဆက်တိုက် နံပါတ် ၁ စွဲခဲ့သလို Hot Latin Songs Chart မှာဆို နံပါတ် ၁ နေရာကို ၅၆ ပတ်အထိ ရခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

(၃) “Johny Johny Yes Papa” – ကြည့်ရှုမှုပေါင်း ၆.၂၆ ဘီလျံ

YouTube Music လောကမှာ ကလေးသီချင်းတွေက စံချိန်တင်လောက်အောင် ကြည့်ရှုမှုအကြိမ်ရေ များပါတယ်။ Johny Johy Yes Papa သီချင်းက နာမည်ကျော်ကလေးသီချင်း Twinkle , Twinkle , Little Star နဲ့ သံစဉ်ချင်းဆင်ပါတယ်။ LooLoo Kids က တင်ဆက်ထားတဲ့ သီချင်းဖြစ်ပြီး ၂၀၁၆ အောက်တိုဘာလက YouTube ပေါ် ရောက်ခဲ့တာပါ။

(၄) Shape Of You – ကြည့်ရှုမှုပေါင်း ၅.၆ ဘီလျံ

အက်ဒ်ရှီယန်ရဲ့ ၂၀၁၇ ခုနှစ်က ထွက်တဲ့ အယ်လ်ဘမ် Divide ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Shape Of You ဟာ သူ့ရဲ့ YouTube ထိပ်တန်း လူကြည့်အများဆုံး ဗွီဒီယို ၃၀ စာရင်းထဲက Thinking Out Loud (အဆင့် ၁၈) နဲ့ Perfect (အဆင့် ၂၈) တို့ထက်ကို လူကြည့်များပါတယ်။

(၅) See You Again – ကြည့်ရှုမှုပေါင်း ၅.၃ ဘီလျံ

Wiz Kalifa သီဆိုထားပြီး Charlie Puth ရဲ့ Feat နဲ့ ထွက်ရှိလာတဲ့ See You Again ကို Fast And Furious Fan တိုင်း သိကြမှာပါ။ Fast And Furious မင်းသား ပေါဝေါလ်ကာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်စမှာ charlie Puth ရဲ့ ခံစားမှုအပြည့်နဲ့ ပီယာနိုတီးခတ်ပြီး သီဆိုမှု ၊ Wiz ရဲ့ Rapping တို့ရဲ့ စီးရီးတလျှောက် ဖြစ်ရပ် ထင်ဟပ်မှုတွေက ဒီသီချင်းကို YouTube Music Videos ထဲမှာ လူသန်းပေါင်း ၅ ထောင်ကျော် ကြည့်လောက်အောင် ‘ပေါက်’ သွားစေခဲ့တာပါ။

Featured Photo : augustman