ဘယ်ချိန်ကြည့်ကြည့်တက်ကြွလန်းဆန်းနေတဲ့သူတွေရဲ့ လျို့ဝှက်ချက်ကဘာလဲ။ သင်ရော နေ့စဉ် တက်ကြွလန်းဆန်းနေသူတစ်ယောက်ဖြစ်ချင်ပါသလား။ ဒါဆိုရင်တော့ အချိန်တိုင်းတက်ကြွလန်းဆန်းနေသူတို့ရဲ့လျို့ဝှက်ချက်ကိုပြောပြပေးပါမယ်။
(၁) ရယ်မောတယ်

Source : Cleveland Clinic Health Essentials
ရယ်မောခြင်းကလည်း လူတစ်ယောက်ကိုလန်းဆန်းတက်ကြွစေတဲ့ အလေ့အကျင့်ကောင်းဖြစ်ပါတယ်။ ဘဝကိုရယ်မောခြင်းတွေဖြစ်စေတဲ့ အရာတွေများများလုပ်ပြီး ပျော်ပျော်ပဲနေတဲ့အခါ စိတ်ဖိစီးမှုနဲ့ မကောင်းတဲ့ခံစားချက်တွေလျော့ကျပြီး ကျန်းမာသန်စွမ်းနေစေတာဖြစ်ပါတယ်။ဒါကြောင့် လန်းဆန်းတက်ကြွပြီး ကျန်းမာနုပျိုစေဖို့ရာ များများရယ်မောပေးဖို့လည်းမဖြစ်မနေလိုအပ်ပါတယ်။
(၂) လေ့ကျင့်ခန်းပုံမှန်လုပ်တယ်

Source : Corporate Bytes
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းရဲ့အကျိုးဆက်က နေ့ရက်တိုင်းကို တက်ကြွလန်းဆန်းနေစေတာဖြစ်ပါတယ်။ ဟုတ်ပါတယ်လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေဟာ လေ့ကျင့်ခန်းမလုပ်သူတွေထက် စိတ်ပျိုကိုယ်နုခြင်းတွေပိုပြီး ပိုင်ဆိုင်ကြပါတယ်။ ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာမှာလည်း နုပျိုခြင်းတွေ ပိုင်ဆိုင်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုတိုးစေပြီး အချိန်တိုင်းလန်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။
(၃) အကောင်းမြင်စိတ်ထားတယ်

Source : Verywell Mind
အကောင်းမြင်စိတ်က လူတစ်ယောက်အပေါ်အများကြီးပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့်အကောင်းမြင်စိတ်ထားခြင်းကြောင်း စိတ်ဖိစီးမှုတွေတော်ရုံမခံစားရပဲ လန်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။ အကောင်းမြင်စိတ်က တကယ်ပဲ စိတ်ဖိစီးမှုနဲ့ မကောင်းတဲ့ခံစားချက်တွေကိုလျော့ကျစေပြီး တက်ကြွပျော်ရွှင်စေပါတယ်။
(၄) ကျန်းမာတဲ့အစားအစာတွေစားတယ်

Source : Eat This, Not That
အာဟာရပြည့်ဝကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားခြင်းက သင့်ခန္ဓာကိုယ်စွမ်းအင်ကိုတိုးတက်စေပြီး လန်းဆန်းတက်ကြွစေပါတယ်။ များသောအားဖြင့် အချိန်တိုင်းလန်းဆန်းတက်ကြွနေသူတွေဟာ အစာအစားကိုဖြစ်သလိုမစားကြပါဘူး။ မနက်စာ နေ့လည်စာ ညစာကိုအချိန်မှန်စားပြီး အချိုဓာတ် အငံဓာတ်များတဲ့အစားအစာတွေကိုလည်းလျော့စားကြပါတယ်။ အချိုရည်တွေ ကိုလက်စထရောများတဲ့ အစားအစာတွေ ကယ်လိုရီပါဝင်မှုများတဲ့ ဆီကြော်တွေကိုလည်းရှောင်ကြပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်များစွာပေးစွမ်းတဲ့ လက်ဆတ်တဲ့ ဟင်းသီးဟင်းရွှက် ကျန်းမာတဲ့အဆီဓာတ် ပရိုတင်းဓာတ်စတဲ့အာဟာရပြည့်တဲ့အစားအစာတွေကိုသာသေချာရွေးချယ်စားသုံးကြတာဖြစ်ပါတယ်။
