ဒေါသဟာ အပြင်းထန်ဆုံးနဲ့ နားလည်မှုအလွဲဆုံး စိတ်ခံစားမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ တစ်ခုရှိတာက ဒေါသကိုအထင်လွဲမှားမှုတွေရှိနေတဲ့အတွက် လွဲမှားတဲ့အပြုအမူတွေကို ဖြစ်ပေါ်စေတာပါ။ အခုပြောပြပေးမှာ စိတ်ဆိုးဒေါသထွက်တာနဲ့ ပတ်သတ်ပြီး မှားယွင်းထင်မြင်ယူဆချက်တွေ အကြောင်းနဲ့ ဒေါသကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ပြောပြပေးမှာဖြစ်ပါတယ်။

(၁) ဒေါသဟာ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုမဟုတ်ပါဘူး

Source : Shutterstock

တကယ်တော့ ဒေါသထွက်တာဟာ ပုံမှန်ကျန်းမာတဲ့စိတ်လှုပ်လျားမှုတစ်ခုဖြစ်ပါတယ်။ တခါတရံမှာ ဒေါသက ကောင်းတဲ့အရာတစ်ခုလုပ်ဖို့ တွန်းအားဖြစ်နိုင်ပြီးတော့ ဒေါသစိတ်ကနေအပြုသဘောပြောင်းလဲမှုတွေပါ ဖြစ်စေနိုင်ပါတယ်။ လူမှုဆက်ဆံရေးမမျှတမှုတွေက လူတွေကိုဒေါသဖြစ်စေနိုင်ပါတယ်။ ဒါကိုအခြေခံပြီး လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်ပြောင်းလဲဖို့ အကြောင်းတရားတွေဖြစ်လာစေခဲ့တာပေ့ါ။

(၂) ရန်လိုမှုက ဒေါသကိုမပြေစေဘူး

Source : Shutterstock

လူအများစုက ဒေါသစိတ်နဲ့ရန်လိုတဲ့အပြုအမူကို မသဲကွဲကြပါဘူး။ ဒေါသထွက်တာက ပုံမှန်စိတ်ခံစားမှုဖြစ် ပေမယ့် ရန်လိုစိတ်ကတော့ ပုံမှန်စိတ်ခံစားမှုတစ်ခုလို့ ပြောလို့မရပါဘူး။ ခေါင်းအုံးကိုလက်သီးနဲ့ထိုးတာ၊ အခန်းတံခါးကို ကန်ကျောက်လိုက်တာ၊ အသံကုန်အောင်ဟစ်တာ အစရှိတာတွေက သင့်ရဲ့ဒေါသကိုအမှန် တကယ်မပြေပျောက်စေနိုင်ပါဘူး။ အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာတွေမလုပ်ဘဲ ဒေါသကိုကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းများစွာရှိပါတယ်။

(၃) ဒေါသကို ထိန်းချုပ်တာထက် လျော့ချပါ

Source : Shutterstock

တကယ်တော့ ဒေါသကသင့်စိတ်ထဲမှာတင်ဖြစ်နေတာ မဟုတ်ပါဘူး။ နှလုံးခုန်မြန်လာတာ၊ မျက်နှာတင်းကျပ် လာတာ၊ လက်တွေခြေတွေတုန်လာတာတွေက ဒေါသက ဇီဝကမ္မဆိုင်ရာတုန့်ပြန်မှုတွေကိုပါ လှုံ့ဆော်ပေးတာ ကြောင့် ဖြစ်ပါတယ်။ ဒီတုန့်ပြန်မှုတွေက ရန်လိုတဲ့အတွေးတွေနဲ့ အပြုအမူတွေကို ပိုဖြစ်စေတာပါ။ ဒါ့ကြောင့် ဒေါသဖြစ်တဲ့အခါအရင်ဆုံး သင့်ရဲ့စိတ်နဲ့ခန္ဓာကို ဘယ်လိုလျော့ချရမလဲဆိုတာလေ့လာပါ။

(၄) ဒေါသကို လစ်လျူရှုလိုက်ရုံနဲ့ မပျောက်သွားပါဘူး

Source : Shutterstock

ဒေါသကို ချုပ်တည်းတာ၊ လစ်လျူရှုတာတွေက ကျန်းမာရေးနဲ့ မညီညွှတ်ပါဘူး။ သင့်ရဲ့ဒေါသကိုဖုံးကွယ်ဖို့ကြိုးစားတာ၊ ငြင်းပယ်တာ ဒါမှမဟုတ် စိတ်ငြိမ်အောင်ထိန်းဖို့ တခြားသူတယောက်သင့်ကို ဆိုးဆိုးရွားရွားဆက်ဆံတာကို ခေါင်းငုံ့ခံတဲ့အခါ ဒေါသကိုအတွင်းဘက်ပြန်လှည့်တာမျိုး ဖြစ်စေပါတယ်။ ဖိနှိပ်ထားတဲ့ဒေါသက သွေးတိုးရောဂါကနေ စိတ်ဓါတ်ကျတဲ့အထိ ရုပ်ပိုင်းစိတ်ပိုင်းနှစ်မျိုးစလုံးကို ထိခိုက်စေမှုနဲ့ဆက်စပ်နေပါတယ်။

(၅) ဒေါသနဲ့ ကောင်းမွန်တဲ့အပေးအယူလုပ်ပါ

Source : Shutterstock

ဒေါသကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတခုဖန်တီးတာ ဒါမှမဟုတ် ပြောင်းလဲတာက အကောင်းဆုံးနည်းလမ်းတခုပါ။ သင်ဒေါသထွက်တာကို မဖော်ပြခင် ကိုယ့်ကိုယ်ကိုဘာကြောင့် ဒေါသထွက်တာလဲဆိုတဲ့ အကြောင်းအရင်းကို သိသင့်ပါတယ်။ တခြားသူတွေရှေ့မှာ စိတ်မထိန်းနိုင်ဘဲပေါက်ကွဲ လောက်တဲ့အဆင့် ထိမရောက်ခင် သင့်စိတ်နဲ့ခန္ဓာကိုတည်ငြိမ်အောင် ပုံမှန်အသက်ရှူတာ၊ လမ်းထလျှောက် လိုက်တာစသဖြင့်လုပ်ပြီးမှ ပြဿနာကိုဖြေရှင်းသင့်ပါတယ်။