အရွယ်ရောက်ပြီးသူတိုင်း Sex Education အကြောင်း သိဖို့ဆိုတာ ခက်ပါတယ်။ ရှေးကတည်းက လိင်မှုရေးရာမှာ မှားယွင်းတဲ့ အယူအဆတွေ ၊ ဗဟုသုတတွေကို အဆင့်ဆင့် လက်ဆင့်ကမ်းလာတာကြောင့် တစ်ချို့တွေမှာ လိင်မှုကိစ္စနဲ့တ်သက်ပြီး အကြီးအကျယ် နားလည်မှုလွဲနေတာတွေ ရှိပါတယ်။လိင်ပညာပေးသူတွေ ၊ လိင်မှုရေးရာ ကျွမ်းကျင်သူတွေဟာ Sex ကို လူတွေဘယ်လို မှားပြီး နားလည်ထားတယ်ဆိုတဲ့ အချက်နဲ့ တကယ့် အမှန်တစ်ချို့ကို အခုလို အကြံပေးဆွေးနွေးထားပါတယ်။

(၁) အာသာဖြေတာ မကောင်းတဲ့ အရာလား

Source: The Bator Blog

Masturbation လုပ်တာနဲ့ ပတ်သက်လို့ ပြောကြတာတစ်ခုက ကိုယ့်ကောင်မလေးက လိင်ဆွဲဆောင်မှု မရှိလို့ လုပ်တာဆိုတဲ့ အချက်ပါ။ နောက်တစ်ခုက ဒါဟာ ကျန်းမာရေးအရလည်း ဆိုးကျိုး ရှိတဲ့ အကျင့်လို့ ပြောကြတာ ဖြစ်ပါတယ်။ အမှန်တော့ သင့်တင့်တဲ့ တကိုယ်ရည်အာသာဖြေမှုဟာ လိင်ဆက်ဆံမှုအတွက် အရေးပါတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပြီး ကျန်းမာရေးအရလည်း လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
တစ်ချို့စုံတွဲတွေမှာ ကိုယ့်ရဲ့ ချစ်သူက Masturbate လုပ်နေတယ်ဆိုရင် ကိုယ်ကပဲ သူစိတ်ပါအောင် မဆွဲဆောင်နိုင်တာကြောင့်လို့ ထင်တတ်ပြီး ချစ်မှုရေးရာမှာ စိတ်မချတာတဲ့ ကိုယ့်ကိုယ်ကို သံသယဖြစ်လာတာတို့လို စိတ်ပိုင်းအဆင်မပြေမှုတွေ ဖြစ်လာကြပါတယ်။ Masturbation ဟာ ပုံမှန်ခန္ဓာဗေဒ တောင့်တမှု ပုံစံဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။

(၂) အသက်ငယ်သူတွေပဲ လိင်ဆွဲဆောင်မှု ရှိသလား

Source: Reader’s Digest

လိင်မှုကိစ္စမှာ လူငယ်တွေပဲ စိတ်ထက်သန်မှု ရှိတယ်လို့ အများက လက်ခံထားကြပါတယ်။ Modern Maturity မဂ္ဂဇင်းကနေ ၁၉၉၉ ခုနှစ်က လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ အသက် ၄၅ နှစ်နဲ့ အထက် လူကြီးပိုင်းတွေဟာ လိင်မှုရေးရာမှာ ဆွဲဆောင်မှုရှိကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ လိင်နဲ့ ပတ်သက်လို့ လူကြီးတွေ စွမ်းနိုင်တဲ့အကြောင်းကို နွားပျိုသန်လှ နွားအိုပေါင်ကျိုး လို့တောင် ဆိုစမှတ်ပြုကြတာပါ။

(၃) အသက်ကြီးသူတွေ လိင်ဆက်ဆံတာ မကောင်းဘူး

Source: theconversation.com

များသောအားဖြင့် အရွယ်ကြီးလာတဲ့ စုံတွဲတွေဟာ လိင်ဆက်ဆံတာကို ရှက်စရာလို့ လက်ခံထားကြပါတယ်။ အသက်ကြီးသူတွေမှာ မျှတတဲ့ လိင်မှုကိစ္စလုပ်ခြင်းဟာ ကျန်းမာရေးအရလည်း လျော်ညီသလို စိတ်ပိုင်းရုပ်ပိုင်းလည်း ပိုပြီး နုပျိုကြပါတယ်။ နောက်တစ်ခုက အသက်ကြီးလာလေလေ လိင်ကိစ္စလုပ်တာဟာ ပျင်းစရာ ကောင်းတယ်လို့ ယူဆမှုကလည်း အခါတိုင်း မှန်တာတော့ မဟုတ်ပါဘူး။

(၄) လိင်ကိစ္စမှာ အသက်အကန့်အသတ် ရှိတယ်

Source: tipsclear.com

အသက် ၅၀ ကျော်ရင် ယောကျာ်း ၊ မိန်းမ ဘယ်သူမဆို လိင်ဆက်ဆံရခက်လာတယ်လို့ ယုံကြည်ကြတာ ရှိပါတယ်။ ဥပမာ- အသက် ၅၀ ကျော်လာတဲ့ အမျိုးသမီးတွေဟာ မအင်္ဂါ ခြောက်သွေ့ပြီး လိင်ဆက်ဆံရာမှာ ခက်ခဲလာတယ်လို့ ထင်မြင်နေတာပါ။ တကယ်တမ်းမှာတော့ အသက်အရွယ်ကြောင့် လိင်မှုရေးရာမှာ စိတ်ကျေနပ်မှုက အဓိဖြစ်ပါတယ်။

(၅) လိင်အင်္ဂါကြီးလေ ပိုကောင်းလေလား

Source: kaa-yaa.com

အမျိုးသားထုကြီးထဲမှာ ယောကျာ်းအင်္ဂါအကြီးအသေးဟာ အဆင့်အတန်းတစ်ခုလို ဖြစ်နေပါတယ်။ တကယ်တော့ ကျားလိင်တံအကြီးအသေးဟာ စိတ်ချမ်းမြေ့စရာ လိင်ကိစ္စတစ်ခုရဲ့ အဖြေမဟုတ်ပါဘူး။ တကယ့်ပြဿနာက လိင်တံသေးတဲ့ ယောကျာ်းတွေဟာ ကိုယ့်ကိုယ်ကို မစွမ်းနိုင်ဘူးလို့ ထင်တာ ၊ ကိုယ့်လိင်ဆက်ဆံဖော်ကို ပျော်အောင် မထားနိုင်ဖူးလို့ မှားယွင်းယုံကြည်နေတာပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသမီးအများစု လက်ခံထားတာက ပိုမှန်ပါတယ်။
အမျိုးသမီးတွေက သူတို့ ချစ်သူရဲ့ လိင်အင်္ဂါ အရွယ်အစားထက် သဘောထားကြီးပြီး ချစ်သူအပေါ် အလေးထားစောင့်ရှောက်တဲ့ အမျိုးသားအဖြစ်ပဲ မျှော်လင့်တာပါ။ ဒီတော့ ယောကျာ်းတစ်ယောက်အတွက် အိပ်ယာပေါ်မှာထက် ချစ်သူနဲ့ အတူသွားမယ့် ဘဝလမ်းပေါ် ပိုပြီး အာရုံစိုက်တာကလည်း ပျော်စရာ စိတ်ချမ်းသာစရာ ဘဝကို တည်ဆောက်နေတာလို့ ယုံကြည်ထားဖို့ လိုပါတယ်။
လိင်ကိစ္စဟာ ရှက်စရာမဟုတ်ပေမယ့် Sex ကနေ အထက် မတက်လာဘူးဆိုရင်တော့ ရှက်စရာကောင်းပါတယ်။