လူတွေဟာ ကိုယ့်ခန္ဓာကိုယ်ကို စိတ်ဝင်စားဆုံး သတ္တဝါတစ်မျိုးပါ။ ဒါကြောင့်ပဲ ခန္ဓာကိုယ်ရဲ့ အပြောင်းအလဲနဲ့ ထူးခြားမှုတွေအကြောင်းကို လူတွေဟာ အစဉ်အဆက် သက်ကြီးစကား သက်ငယ်ကြားဆိုပြီး လက်ဆင့်ကမ်း ပြောခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုလက်ဆင့်ကမ်း ပြောတဲ့စကားတွေဟာ အကုန်လုံး မှန်တာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ယောကျာင်္းတွေအချင်းချင်း တိုးတိုးတိတ်တိတ် ပြောဖြစ်ကြတဲ့ ကျားအင်္ဂါအကြောင်းမှာဆို လွဲမှားနေတဲ့ အချက်တွေ များပါတယ်။

(၁) ကွေးနေရင် ပုံမှန်မဟုတ်ဘူး

Source: pexels

ကျားလိင်တံဟာ အရွယ်အစားနဲ့ ပုံစံ အမျိုးမျိုး ရှိပေမယ့် လိင်အင်္ဂါတောင့်တင်းချိန်မှာ လိင်တံ ကွေးညွတ်နေရင် ပုံမှန်မဟုတ်ဘူးလို့ ယုံကြည်ကြပါတယ်။ ဒီအချက်က အမှန်တော့ မဟုတ်ပါဘူး။ တစ်ခုရှိတာက ပုံမှန်ကွေးတဲ့ လိင်တံက လိင်ဆက်ဆံရာမှာ ပိုပြီး ထိတယ်လို့ ဆိုပေမယ့် ခပ်ကြမ်းကြမ်းသမားတွေမှာ ပြဿနာ ရှိနိုင်ပါတယ်။

(၂) ဖိနပ်အရွယ်အစားက လိင်တံ အတိုအရှည် ပြောနိုင်သလား

Source: pexels

ဒီအချက်ကလည်း ယုံတမ်းစကားထဲမှာပဲ ရှိနေပါတယ်။ လူတစ်ယောက်ရဲ့ လိင်တံ အရွယ်အစားကို သူ့ဖိနပ်ဆိုဒ် ကြည့်ပြီး ခန့်မှန်းလို့ရတယ် မရဘူးဆိုတာ သိပ္ပံနည်းကျ အချက်အလက်မရှိပါဘူး။

(၃) ကွန်ဒုံးသုံးချိန်မှာ လိင်ဆက်ဆံတာ သိပ်မကောင်းဘူး

Source: pexels

ဒီအချက်က ငြင်းလို့မရပါဘူး။ လိင်တံပေါ် ရော်ဘာပြားတစ်ခု စွပ်ထားချိန်မှာ အာရုံခံစားမှုပိုင်း နည်းသွားတယ်ဆိုပေမယ့် ကွန်ဒုံးကြောင့်ပဲ လိင်ဆက်ဆံမှုမှာ ပိုပြီး ကောင်းတဲ့ အချက်တွေ ရှိလာပါတယ်။ ကွန်ဒုံးဟာ လိင်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးရာ ရောက်သလို လိင်ဆက်ဆံရာမှာလည်း ပိုပြီး အချိန်ဆွဲဆန့်နိုင်ပါတယ်။

(၄) နေ့တိုင်း အာသာဖြေရင် သုတ်ထွက်နှုန်း ထိခိုက်မယ်

Source: pexels

Masturbation လုပ်တာပဲ ဖြစ်ဖြစ် နေ့တိုင်းပဲ လိင်ဆက်ဆံ ဖြစ်တာဖြစ်ဖြစ် သုတ်ပိုးအရေအတွက် နည်းစေတယ်ဆိုပေမယ့် ဒါက ယာယီကိစ္စဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အာသာဖြေမှုများလို့ သုတ်ပိုးအရေအတွက် နည်းတယ်ဆိုပေမယ့် သုတ်ပိုးရဲ့ မျိုးအောင်နိုင်စွမ်းက မြင့်လာတယ်လို့ဆိုပါတယ်။

(၅) လိင်တံထိပ်ပိုင်း အရေပြားဖြတ်တာ လိင်စိတ်နည်းသလား

Source: pexels

ဒါက မမှန်ပေမယ့် လိင်တံ ထိပ်ဖူး အရေပြား ဖယ်ရှားထားသူဟာ ပုံမှန်လူတွေထက် လိင်ပိုင်း အာရုံခံမှုနှုန်း နည်းနည်း လျော့တယ်လို့၂၀၁၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီသုတေသနဟာ ဘက်လိုက်မှုရှိတဲ့ နမူနာအချက်အလက်တွေ သုံးပြီး လေ့လာခဲ့တာဖြစ်တယ်လို့ ဆေးသုတေသနနယ်ပယ်မှာ ဝေဖန်ခံခဲ့ရပါတယ်။