လူတစ်ယောက်ရဲ့ စိတ်နေသဘောထားဆိုတာ သွေးစစ်ကြည့်လို့ သိတဲ့အရာမျိုး မဟုတ်ပါဘူး။ ပေါင်းရင်းသင်းရင်းနဲ့မှ ဒီလူက ဒီလိုစိတ်ရှိပါလားဆိုပြီး သိရတာမျိုး ဖြစ်ပါတယ်။ လူရဲ့ ရှုပ်ထွေးများပြားလှတဲ့ စရိုက်သဘာဝထဲမှာ Narcissism စရိုက်ကလည်း တစ်ခုအပါအဝင်ပါပဲ။

Narcissism ဆိုတာ အလွယ်ပြောရရင် ကိုယ့်ဘေးနားက လူတွေကို လုံးဝဂရုမစိုက်ဘဲ ကိုယ့်အတ္တနဲ့ကိုယ် နေထိုင်ပြီး ဘဝင်မြင်တဲ့ စရိုက်ရှိတာကို ပြောတာပါ။ တခြားသူ ခံစားချက်ကို ထည့်မစဉ်းစားတတ်တဲ့ ဒီလိုစရိုက်ပိုင်ရှင်တွေကို Narcissistic Personality Disorder (NPD) တွေလို့ သတ်မှတ်လေ့ရှိပါတယ်။ ကိုယ်ပေါင်းနေတဲ့ လူတွေထဲမှာ NPD သမားတွေ ရှိသလားဆိုတာကို အခုပြောမယ့် အချက်လေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လို့ ရပါတယ်။

(၁) တခြားသူတွေထက် သာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တယ်

Conversation

Unsplash

Narcissist တစ်ယောက်မှာ အများဆုံးတွေ့ရတဲ့အချက်က ကိုယ့်ကိုယ်ကိုယ် ဆရာကြီးလို့ အထင်ရောက်မှုပါပဲ။ ဒါက ပင်ကိုယ်ယုံကြည်စိတ် Self-Confidence နဲ့ မတူပါဘူး။ Narcissistတွေက ကိုယ်လုပ်တာမှ အမှန် ၊ ကိုယ့်မှာ ရှိတဲ့ဟာကမှ အကောင်းဆုံးလို့ ယူဆတဲ့သူမျိုး ဖြစ်ပါတယ်။ တစ်ခါတလေမှာ မဟုတ်တာ လုပ်တာတောင် ဘယ်သူပြောပြော ဂရုမစိုက်တတ်ကြပါဘူး။

(၂) တခြားသူဆီက အာရုံစိုက်ခံချင်တယ်

two businessmen having a meeting in the park

Photo: Unsplash

နောက်ထပ် တွေ့ရတတ်တဲ့အချက်တစ်ခုက Narcissistတွေဟာ အမြဲတမ်း သူတို့ကို တစ်ခုမဟုတ် တစ်ခု အာရုံစိုက်တာ လိုချင်နေကြတာပဲ ဖြစ်ပါတယ်။ အများအကြားမှာ ကိုယ့်ကို အရင်ဆုံး မြင်စေချင်တဲ့ပုံစံမျိုး တစ်နည်းနည်းနဲ့ ပြုမူနေတတ်ပါတယ်။ လူတွေဆီက ချီးကျူးမှုနဲ့ ထောက်ခံမှုရဖို့လည်း ကြိုးစားနေတတ်ပါတယ်။

(၃) တခြားသူတွေကို ထိန်းချုပ်ချင်တယ်

Two Young Men

Photo: Unsplash

လူတွေကို လိုက်ထိန်းချုပ်ချင်တာ Narcissistတွေရဲ့ သဘာဝလို့တောင် ပြောရမလိုပါပဲ။ Narcissistတွေဟာ လူတွေကို သူတို့သဘောအတိုင်း ခြယ်လှယ်ရတာမျိုးကို ကျေနပ်တတ်ပါတယ်။ ဒါကြောင့်ပဲ အများစုထိုင်ကြတဲ့ စကားဝိုင်းတွေမှာ သူတို့အမြင်ကို လူတွေ လက်မခံချင်ချင် လက်ခံလာအောင် ဇွတ်ဖိအားပေးတတ်တာ ဖြစ်ပါတယ်။

(၄) တာဝန်ယူမှု မရှိဘူး

Work

Photo: Unsplash

တာဝန်ယူမှု မရှိတာကလည်း Narcissistတွေရဲ့ လက္ခဏာတစ်ခုပါ။ ပြဿနာတစ်ခုခုကြုံလာရင် ဘယ်သူ့ကြောင့်ဆိုပြီး လက်ညှိုးတန်းထိုးတတ်သူတွေကို ကြည့်ပါ။ အဲ့ဒီလို လူတွေဟာ Narcissism ဝင်နေသူတွေ ဖြစ်တတ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို Narcissist တွေက တခြားသူတွေကို ထိန်းချုပ်ချင်ပေမယ့် ရလဒ်တွေအပေါ်တော့ တာဝန်ယူတာမျိုး မရှိတတ်ပါဘူး။

တာဝန်ယူမှုမရှိခြင်းဟာ စာနာစိတ်နည်းခြင်းရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်နည်းပြီး ကိုယ့်အတွက်ကို ကြည့်လွန်းတာတွေကြောင့် Narcissist တွေကို အကြောင်းသိတွေက မပေါင်းချင်ဘဲ ငြင်းဆန်တတ်ချင်ကြပါတယ်။ ကွီးတို့ မိတ်ဆွေတွေထဲမှာရော အခုပြောတဲ့ လက္ခဏာတွေနဲ့ အပေါင်းအသင်းတွေ ရှိနေပြီလား ကြည့်လိုက်ပါဦး။

Featured Photo: The Undetected Narcissist