ယောကျာ်းများအနေနဲ့လည်း အလှအပရေးရာကိစ္စတွေကို မေ့လျော့ထားလို့တော့မရပါဘူး။ မျက်နှာလေးကြည်လင်ပြီး အသားအရေလှပနေခြင်းကလည်း ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ ငွေကြေးအကုန်အကျသက်သာပြီး မျက်နှာအသားအရေအတွက် အသုံးတည့်စေမယ့် သဘာဝပစ္စည်းလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ခရမ်းချဉ်သီး

Source : Freepik
မျက်နှာပေါ်က ကြည့်ရဆိုးတဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေရပြီလား။ခရမ်းချဉ်သီးဟာ မျက်နှာပေါ်ကဝက်ခြံတွေကိုအကောင်းဆုံး ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ သဘာဝပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။အသုံးပြုနည်းကတော့ ခရမ်းချဉ်သီးကို ကျေညှက်အောင်ကြိတ်ပြီး သံပရာသီးအနည်းငယ် ပျားရည်အနည်းငယ်တို့နဲ့ ရောမွေကာ မျက်နှာပေါ်မှာလိမ်းပေးရမှာဖြစ်ပါတယ်။(၁၅) မိနစ်ခန့်ကြာရင်တော့ မျက်နှာသစ်လို့ရပါပြီ။
(၂) အာလူး

Source : Freepik
မျက်နှာအသားအရေအတွက် အသုံးဝင်ဆုံးသဘာဝပစ္စည်းလေးတစ်ခုက အာ လူးပါ။အားလူဟာမျက်နှာပေါ်က အမဲစက်တွေ အသားအရေမညီမညာဖြစ်ခြင်းတွေကို အထိရောက်ဆုံးကုသပေးနိုင်စွမ်းရှိပြီး ကုန်ကျစရိတ်လည်းအများကြီးမရှိပါဘူး။အသုံးပြုနည်းကတော့ အာလူးကိုခပ်ပါးပါးလှီးပြီး မျက်နှာပေါ်မှာကပ်ပေးနိုင်ပါတယ်။မျက်နှာပေါ်မှာနာရီဝက်ခန့် ကပ်ထားပြီးရင် ရေအေးနဲ့ ရေဆေးလိုက်ပါ။
(၃) ရှားစောင်းလက်ပတ်

Source : Freepik
ရှားစောင်းလက်ပတ်မှာ အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင်ဓာတ်များစွာလည်းစုံစုံလင်လင်ပါဝင်ပါတယ်။ဒါကြောင့် မျက်နှာပေါ်က ဝက်ခြံတွေ ရောင်ရမ်းမှုတွေ နေလောင်ဒဏ်တွေကိုလည်း အချိန်တိုအတွင်း သက်သာစေမှာဖြစ်ပါတယ်။အသုံးပြုနည်းကတော့ ရှားစောင်းလက်ပတ်အနှစ်ကို ဇွန်းနဲ့ခြစ်ယူပြီး မျက်နှာအနှံလိမ်းပေးပါ။ မိနစ်(၂၀) ခန့်အကြာမှာတော့ ရေအေးနဲ့ မျက်နှာသစ်ပေးနိုင်ပါတယ်။
(၄) နနွင်းနဲ့ ဒိန်ချဉ်

Source : Freepik
နနွင်းဟာဆိုရင် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးလည်းဖြစ်သလို အသားအရေအတွက်လည်း လွန်စွာအသုံးဝင်တဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတစ်ခုပါ။နနွင်းကိုအသုံးပြုပြီး ကြည်လင်ဝင်းလက်တဲ့ မျက်နှာအသားအရေလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။အသုံးပြုနည်းကတော့ နနွင်းစားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို ဒိန်ချဉ်အနည်းငယ်နဲ့ ရောစပ်ပြီး သမအောင်မွေပေးပါ။အရမ်းလည်းမပြစ်အရမ်းလည်းမကျဲပါစေနဲ့။အဆိုပါ နနွင်းနဲ့ ဒိန်ချဉ် အရေကို မျက်နှာပေါ်အနှံ့လိမ်းပြီး နာရီဝက်ခန့်အကြာမှာ မျက်နှာသစ်လိုက်ပါ။
