လည်ချောင်းနာတဲ့ ဝေဒနာက ခံစားရခက်ပါတယ်။ အစာလည်း မျိုချလို့မရသလို တစ်ခါတစ်လေ တံတွေးမျိုချရင်တောင် နာကျင်မှုဝေဒနာကို ခံစားရတက်ပါတယ်။ ဒီနေ့တော့ လည်ချောင်းနာ ဝေဒနာကို သက်သာစေမယ့် သဘာဝနည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

ပျားရည်

Source: Times of India

ပျားရည်ကို ဒီအတိုင်းသောက်ပေးတာ (သို့) လက်ဖက်ရည်ကြမ်းထဲထည့်သောက်ခြင်းက လည်ချောင်းနာတာကို သက်သာအောင် ပြုလုပ်နိုင်တဲ့ အိမ်တွင်းနည်းလေးတစ်ခုပါ။ ပျားရည်က ညဘက်ချောင်းဆိုးတဲ့ ဝေဒနာကိုလည်း သက်သာစေတယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြထားပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုကတော့ ပျားရည်ဟာ ရောင်ရမ်းခြင်းကို သက်သာစေတာကြောင့် လည်ချောင်းနာခြင်းကို လျင်လျင်မြန်မြန်သက်သာစေနိုင်တယ်လို့ ဆိုထားပါတယ်။

ဆားရည်

Source: Health Magazine

ဆားရည်ကို ရေနွေးလေးနဲ့ဖျော်ပြီးသောက်ပေးပါက လည်ချောင်းနာတာအပြင် သွားနဲ့ခံတွင်းကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို အထိရောက်ဆုံးနှိမ်နှင်းပေးနိုင်ပါတယ်။ ရေနွေးတစ်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ဖျော်ပေးပါ။ လည်ချောင်းအတွင်း သားတွေရောင်ရမ်းတာကို သက်သာစေနိုင်သလို လည်ချောင်းထဲက သလိပ်တွေကိုလည်း ရှင်းထုတ်ပေးနိုင်ပါတယ်။ (၃) နာရီခြားတစ်ခါ ဆားရည်ပလုတ်ကျင်းပေးပါ။

ပန်းသီးရှာလကာရည်

Source: News Chant

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် လည်ချောင်းနာတာအတွက် အသုံးပြုပေးလို့ရပါတယ်။ လည်ချောင်းထဲက ချွဲသလိပ်တွေကင်းစေဖို့နဲ့ လည်ချောင်းနာကျင်ရောင်ရမ်းမှုတွေကိုပါ သက်သာစေဖို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ရေတစ်ခွက်စာနဲ့ရောလို့ အာလုတ်ကျင်းပေးပါ။

ကြက်သွန်ဖြူ

Source: Bold Outline

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ မီးဖိုချောင်ဆေးတစ်လက်ပါ။ ကြက်သွန်ဖြူမှာပါတဲ့ allicin ဒြပ်ပေါင်းက ကူးစက်ရောဂါတွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်ပါတယ်။ ဟင်းခါးချက်သောက်လို့ရသလို တို့စားလို့လည်းရပါတယ်။